ရေသောက်သုံးခြင်းကို ဘယ်လိုအခြေအနေမျိုးမှာ ရှောင်ကြဉ်သင့်လဲ
ကာယလေ့ကျင့်ခန်း ပြုလုပ်တဲ့သူတွေ ပုံမှန်လူတွေထက် ရေများများ သောက်သုံးကြတာကို တွေ့ရမှာပါ။ သူတို့တွေက ကျန်းမာရေးလိုက်စားတဲ့သူတွေဖြစ်တဲ့အတိုင်း အစားမစားခင်မှာလည်း ရေသောက်ကြပါတယ်။ ဒါပေမယ့်လည်း ရေအလွန်အကျွံသောက်သုံးခြင်းက ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခြေအနေမျိုးမှာ ရေအလွန်အကျွံသောက်သုံးတာကို ရပ်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။ ၁။ အိပ်ရာမဝင်ခင် အိပ်ရာဝင်ခါနီး ရေအလွန်အကျွံသောက်သုံးခြင်းက သင့်ကို အိပ်ရေးပျက်စေမှာ အမှန်ပါပဲ။ ရေအလွန်အကျွံသောက်သုံးမိတာကြောင့် ဆီးသွားချင်မှာဖြစ်ပြီး ဆီးသွားပြီးတဲ့နောက်မှာ ပြန်အိပ်စက်အနားယူဖို့ခက်ခဲသွားပါလိမ့်မယ်။ ဒါ့အပြင် ကျောက်ကပ်က နေ့အချိန်မှာထက် ညအချိန်မှာ အလုပ်လုပ်တာ နှေးသွားပါတယ်။ ဒါ့ကြောင့် ရေ အလွန်အကျွံသောက်ပြီး အိပ်ရာနိုးလာတဲ့အခါ မျက်နှာနဲ့ လက်တွေ ဖောရောင်နေတာကို ခံစားရနိုင်ပါတယ်။ ၂။ အားကစားအပြင်းအထန်ပြုလုပ်နေချိန် အားကစားအပြင်းအထန်ပြုလုပ်နေချိန်မှာ ရေအလွန်အကျွံသောက်သုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်၍ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်နိုင်တာကြောင့် အာစွတ်ရုံပဲသောက်သုံးသင့်ပြီး အားကစားပြုလုပ်ပြီးမှသာ […]