Recycling

အသုံးမပြုတော့တဲ့ ရေသန့်ဘူးခွံများကို အလေအလွင့်မရှိအောင် ဘယ်လိုပြန်သုံးမလဲ

in ပြန်လည်အသုံးချခြင်း August 27, 2018

လူတွေက တစ်နေ့ကိုပလပ်စတစ်ဘူးခွံပေါင်း သန်းနဲ့ချီပြီး စွန့်ပစ်နေကြပါတယ်။ ပလပ်စတစ်အမှိုက်တွေက သဘာပတ်ဝန်းကျင်အတွက် ဆိုးကျိုးတွေဖြစ်စေသလို၊ ဂေဟစနစ်ကိုထိခိုက်နိုင်ပြီး ကမ္ဘာကြီးကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ကမ္ဘာကြီးကို ကယ်တင်ပေးတဲ့အနေနဲ့ မိမိတတ်စွမ်းသလောက်လေး ပလပ်တစ်ရေဘူးတွေကို ချစ်စရာကောင်းအောင် ဘယ်လိုပြန်အသုံးပြုလို့ ရသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ၁။ ချစ်စရာအိမ်တွင်း ပန်းအိုးသေးသေးလေး ဖန်တီးမယ် နှစ်လီတာ (သို့မဟုတ်) တစ်လီတာခွဲ ရေဘူးကြီးကို သုံးပုံတစ်ပုံခန့်လှီးဖြတ်လိုက်ပါ။ လှီးဖြတ်ပြီးသား ပလပ်စတစ်ဘူးရဲ့ အောက်ခြေကို မိမိကြိုက်နှစ်သက်ရာ ဆေးသုတ်လိုက်ပါ။ ကျန်ရေဘူးအစိတ်အပိုင်းများကို ကြောင်နားရွက်ပြုလုပ်ပေးဖို့အတွက် အရွယ်အစားခပ်သေးသေးလေးလှီးဖြတ်ပြီး တပ်ဆင်လိုက်ပါ။ ဆေးသုတ်ပြီးသားပလစ်စတစ်ဘူးပေါ်မှာ မျက်စိ၊ နှာခေါင်း၊ ပါးစပ်စသည်ဖြင့် ရေးဆွဲလိုက်ပါ။ ပြီးရင်တော့ မိမိကြိုက်နှစ်သက်တဲ့ အပင်နဲ့မြေဆီလွှာလေးတွေ ထည့်ပြီး အိမ်တွင်းအလှဆင်နိုင်ပါပြီ။ ၂။ မိမိခြံရဲ့ ဥယျာဉ်လေးအဖြစ် ဖန်တီးမယ် ဒီလိုလှပတဲ့ ဥယျာဉ်လေးအဖြစ်ဖန်တီးဖို့အတွက် ရေဘူးအများကြီးလိုအပ်မှာပါ။ အဝတ်လှန်းကြိုးတန်း၊ ဒါမှမဟုတ် […]

    Cart