မနက်အိပ်ရာနိုးတာနဲ့ ရေတစ်ခွက် သောက်သုံးပေးမယ်ဆိုရင် တစ်လကြာပြီးနောက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်လာနိုင်မလဲ

in ကျန်းမာရေးအကြံပြုချက် February 27, 2018

ဂျပန်အမျိုးသမီးတွေဟာ ဘာကြောင့် သေးသွယ်ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ စိုပြေလှပတဲ့အသားအရေကို ပိုင်ဆိုင်ထားကြတာပါလဲ။ အကြောင်းအရင်းကတော့ ဂျပန်လူမျိုးတွေဟာ မနက်မိုးလင်း အိပ်ရာမှနိုးထသည့်အချိန်တိုင်း ဗိုက်ထဲမှာအစာမရှိသေးချိန်မှာ ရေတစ်ခွက်ကို မှန်မှန်သောက်သုံးတတ်ကြပါတယ်။

ဒီလိုမျိုးကောင်းမွန်တဲ့ အလေ့အကျင့်ကို ပြုမူခြင်းက ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ မနက်မိုးလင်း ဗိုက်ထဲအစာမရှိချိန် ရေတစ်ခွက်မှန်မှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဒီလိုမျိုး အကျိုးရလဒ်တွေကို ခံစားလာရမှာပါ။

ပိုပြီးတက်တက်ကြွကြွရှိလာခြင်း

 

မနက်မိုးလင်းချိန်တိုင်း ရေတစ်ခွက်ကို မှန်မှန်သောက်သုံးပေးမယ်ဆိုပါက ရက်အနည်းငယ်ကြာသည့်အခါ ခန္ဓာကိုယ်က ပိုမိုပေါ့ပါးလန်းဆန်းလာပြီး အဆိပ်အတောက်တွေကို ပိုမိုလွယ်ကူစွာ ဖယ်ရှားနိုင်တာကို ခံစားမိလာမှာပါ။

ဇီဝဖြစ်စဉ်တိုးတက်လာခြင်း

ဒီလိုမျိုး ရေကိုသောက်သုံးပေးခြင်းက နာရီတိုင်းလိုလို အစာစားချင်စိတ်ဖြစ်ပေါ်ခြင်း၊ သရေစာများ စားသုံးခြင်းတို့ကို ဟန့်တားပေးမှာဖြစ်တာကြောင့် အားအင်တွေပိုမိုပြည့်ဝလာမှာပါ။

ကိုယ်အလေးချိန်လျော့ကျစေခြင်း

မကြာခဏဆာလောင်မှုဖြစ်ပေါ်ခြင်းကို ဟန့်တားပေးရုံသာမက အစာခြေဖျက်မှုကိုလည်း နှေးကွေးလေးလံစေပါတယ်။ သည့်အပြင် အားအင်တွေ ပိုမိုပြည့်ဝလာတာကြောင့် လေ့ကျင့်ခန်းပိုလုပ်ဖို့ကိုလည်း တွန်းအားဖြစ်စေနိုင်ပါတယ်။

ရင်ပူသက်သာစေခြင်း

အစာမကြေခြင်း၊ အက်စစ်ပြန်စီးခြင်းတို့ကို မကြာခဏခံစားတတ်သူများအနေဖြင့် မနက်ခင်းတိုင်း ရေတစ်ခွက်မှန်မှန်သောက်သုံးပေးမယ်ဆိုပါက ထိုပြဿနာများပျောက်ကင်းစေကာ အစာစားပြီးတိုင်း သက်သောင့်သက်သာရှိစေမှာပါ။

အသားအရေပိုမိုလှပလာခြင်း

ဒီလိုမျိုး ရေကုထုံးကို ဂရုတစိုက်နဲ့ လုပ်ဆောင်ပေးမယ်ဆိုလျှင် မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပျောက်ကင်းသက်သာကာ ပိုမိုကျန်းမာပြီး စိုပြေ၀င်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ပါတယ်။

ဆံကေသာအသွင်အပြင်ပြောင်းလဲလာခြင်း

နဂိုက ဆံပင်သားတွေ ကြွပ်ဆတ်ပြီး ခြောက်သွေ့သူများအတွက်တော့ သတင်းကောင်းလို့တောင်ဆိုနိုင်ပါတယ်။ အိပ်ရာနိုးတိုင်း ရေသောက်ပေးခြင်းက ကျန်းမာသန်စွမ်းပြီး ထူထဲတောက်ပတဲ့ ဆံကေသာကို ပြန်လည်ရရှိလာစေမှာဖြစ်ပါတယ်။

မနက်အိပ်ရာနိုးတိုင်း ရေသောက်ပေးမယ်ဆိုရင် ဒီလိုမျိုးကောင်းကျိုးတွေကို ဖြစ်စေနိုင်တာသိပြီးပြီဆိုတော့ အခုကနေစပြီး သောက်သုံးဖို့လိုလာပြီပေါ့။ သောက်တဲ့အခါမှာလည်း သန့်ရှင်းစင်ကြယ်တဲ့ ရေသန့်ကောင်းကောင်းကိုသာ သောက်သုံးသင့်ပါတယ်။

    Cart