ရေသောက်ခြင်းကြောင့် အသားအရေအလှအပအတွက် ကောင်းကျိုး ၅ ချက်

in အသားအရေ, ရေဓာတ်ခမ်းခြောက်ခြင်း January 5, 2020

[Zawgyi] ငယ်ရွယ်နုပျိုနေခြင်းရဲ့ အတုမရှိတဲ့လျှို့ဝှက်ချက်တစ်ခုကတော့ ရေများများသောက်သုံးခြင်းပဲဖြစ်တယ်လို့ အမျိုးသမီးအများစုက ဝန်ခံပြောကြားထားကြပါတယ်။ အလှအပပညာရှင်တွေကလည်း ရေများများသောက်သုံးခြင်းက အသားအရေအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တဲ့အပြင် အသားအရေကြည်လင်တောက်ပနေအောင် ပြုလုပ်ပေးတယ်လို့ အခိုင်အမာပြောကြားကြပါတယ်။ ဒါ့အပြင် ရေဓာတ်က အသားအရေသိပ်သည်းကျစ်လျစ်နေအောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ရေသောက်သုံးခြင်းကြောင့် အသားအရေအတွက် ရရှိနိုင်မယ့် ကောင်းကျိုး ၅ ချက်ကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။ ၁။ အစား မစားခင် ရေသောက်သုံးခြင်းက အူမကြီးက သန့်စင်ပေးပြီး မိမိစားသုံးလိုက်မယ့် အစားအစာတွေထဲက အာဟာရဓာတ်ကို ကောင်းမွန်စွာ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ထိုမှတဆင့် အရေပြားက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အာဟာရဓာတ်ကို လုံလုံလောက်လောက်ရရှိသွားမှာ ဖြစ်ပါတယ်။ ၂။ ဒုတိယကောင်းကျိုးအနေနဲ့ကတော့ ရေသောက်သုံးခြင်းက သွေးအသစ်များဖြစ်ပေါ်မှုနဲ့ ကြွက်သားဆဲလ်များ ကျန်းမာကျစ်လျစ်နေဖို့ ကူညီပေးတာကြောင့် အရေပြားက တွဲကျနေမှာ မဟုတ်တော့ဘဲ ကျန်းမာလှပကျစ်လျစ်နေအောင် ကူညီပေးပါတယ်။ ၃။ ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့ […]

အသက်အရွယ်အိုမင်းရင့်ရော်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်း

in အသားအရေ, ရေဓာတ်ခမ်းခြောက်ခြင်း November 4, 2019

[Zawgyi] သင့်ခန္ဓာကိုယ်မှာ အကြီးမားဆုံးအင်္ဂါအစိတ်အပိုင်းကတော့ အရေပြားပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မရှိတော့တဲ့အခါ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများရဲ့ လုပ်ဆောင်မှုကို ရပ်တန့်ပစ်လိုက်ပါတယ်။ ဒီလိုဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်းကလည်း အရေပြားရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဘယ်လောက်ထိဆိုးကျိုးဖြစ်စေနိုင်လဲဆိုတာကို သင် ခန့်မှန်းပြီးသားဖြစ်ပါလိမ့်မယ်။ သင့် အသားအရေက ရေဓာတ်ခမ်းခြောက်တဲ့အခါ အသားအရေရဲ့ တင်းရင်းမှုက လျော့ကျသွားပြီး အရေပြားအားနည်းသွားကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။ ကျန်းမာလှပတဲ့အသားအရေမှာ ရေဓာတ် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ တကယ်လို့ လုံလောက်တဲ့ရေဓာတ်မရရှိတော့တဲ့အခါ အသားအရေခြောက်ခြင်း၊ အရေပြားများ အလွှာလိုက်ကွာကျခြင်း၊ အသားအရေကြမ်းတမ်းခြင်းနဲ့ ယားယံခြင်း၊ အရေပြားပက်ကြားအက်ခြင်း စတဲ့ အလှအပဆိုင်ရာပြဿနာများ ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒါ့အပြင် သင့်အသားအရေက ရေဓာတ်ခမ်းခြောက်နေတဲ့အခါ ထိရောက်တဲ့အကာအကွယ်ကို မပေးစွမ်းနိုင်တော့ပါဘူး။ ပြင်ပက ရာသီဥတုအပူချိန်၊ လေအေးပေးစက်ရဲ့ အအေးဒဏ်၊ ဆေးဝါးများ သောက်သုံးရတဲ့အခါ […]

သက်ကြီးရွယ်အိုများနှင့် ရေဓာတ်ခမ်းခြောက်ခြင်းပြဿနာ

in ကျန်းမာရေးအကြံပြုချက်, ရေဓာတ်ခမ်းခြောက်ခြင်း September 19, 2019

ကျန်းမာတဲ့လူသားတစ်ဦးက တစ်နေ့ကို ရေ ၃၀ အောင်စမှ ၅၀ အောင်စအထိ လိုအပ်ပါတယ်။ ရေသောက်သုံးခြင်းက သက်ရှည်ကျန်းမာစွာနေထိုင်နိုင်မယ့် နည်းလမ်းတစ်ရပ်ဆိုလည်းမမှားပါဘူး။ ရေဓာတ်ပြည့်ဝမှ ဦးနှောက်၊ နှလုံးနဲ့ ကြွက်သားတွေအပြင် အခြားသော အင်္ဂါအစိတ်အပိုင်းတွေက ကောင်းစွာအလုပ်လုပ်နိုင်မှာပါ။ သင့်ခန္ဓာကိုယ်ထဲကဆဲလ်များ လုံလောက်တဲ့အာဟာရဓာတ်ရရှိဖို့ရန်အတွက် ရေက သယ်ယူပို့ဆောင်ပေးပြီး ဆီးအိမ်မှာ ဘက်တီးရီးယားများကို ဖယ်ရှားပေးကာ ဝမ်းချုပ်ခြင်းမှ ကင်းဝေးအောင် ကူညီပေးပါတယ်။ သက်ကြီးရွယ်အိုအဘိုးအဘွားအများစုကတော့ လုံလောက်တဲ့ရေဓာတ်ကို ကောင်းစွာမရရှိတဲ့အတွက်ကြောင့် ရေဓာတ်ခမ်းခြောက်မှုဝေဒနာကို ခံစားနေကြရပါတယ်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုမှာဆို ပိုမိုဆိုးရွားပါတယ်။ ကျောက်ကပ်အထူးကုဆရာဝန်တစ်ဦးလည်းဖြစ်သလို Harvard ဆေးတက္ကသိုလ်မှာ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါက်တာ Julian Seifter ရဲ့ ပြောကြားချက်အရ သက်ကြီးရွယ်အိုတွေက ရေဓာတ်ခမ်းခြောက်နေပေမယ့်လည်း ရေဆာတဲ့ခံစားချက်ကို မခံစားရကြပါဘူး။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် သူတို့ငယ်ရွယ်စဉ်တုန်းကလိုမျိုး ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများက ချက်ချင်းတုန့်ပြန်နိုင်စွမ်းမရှိတော့လို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် […]

ကျန်းမာရေးအတွက်သိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာရပ်များ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း April 19, 2019

ရေငတ်ခြင်း၊ ဆီးသွားတဲ့အခါ အရောင်ရင့်ရင့်အရည်များသွားခြင်းက သင်ရေများများသောက်ဖို့ လိုအပ်နေကြောင်း သတိပေးနေတဲ့ လက္ခဏာတွေပါပဲ။ ခံတွင်းအနံ့အသက်မကောင်းခြင်း၊ စိတ်ဆိုးဒေါသထွက်လွယ်နေခြင်း၊ စိတ်ပင်ပန်းခြင်း၊ ချိုသော အစားအစာများ စားသုံးချင်စိတ်ဖြစ်ပေါ်ခြင်းကလည်း ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ အခြားသော စိုးရိမ်သင့်တဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။ ရုတ်တရက်မတ်တပ်ရပ်လိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်း ထိုင်နေရာက ရုတ်တရက်မတ်တပ်ရပ်လိုက်မယ် (သို့) လှဲလျောင်းနေရာက ချက်ချင်းမတ်တပ်ရပ်လိုက်တဲ့အခါ ခေါင်းမူးသွားသလိုခံစားရခြင်းက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေတဲ့အတွက်ကြောင့် သွေးပေါင်ချိန်နဲ့ သွေးဖိအားကျနေလို့ပဲဖြစ်ပါတယ်။ အသားအရေတင်းရင်းမှု မရှိဘဲ လျော့တိလျော့ရဲဖြစ်ခြင်း အရေပြားကို စက္ကန့်အနည်းငယ်ကြာ ဆွဲဆိတ်ထားပြီး ပြန်လွှတ်ချလိုက်ပါ။ သူ့မူလအသားအရေအတိုင်း လျင်လျင်မြန်မြန် ပြန်လည်ရောက်ရှိသွားမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ဒီလိုမှမဟုတ်ပဲ နဂိုမူလအသားရေကို ပြန်လည်ရောက်ရှိဖို့ အချိန်တော်တော်ကြာနေမယ်ဆိုရင်တော့ သင် ရေဓာတ်ခမ်းခြောက်နေပါတယ်။ ရေဓာတ်ခမ်းခြောက်တိုင်းမှာ အသားအရေတင်းရင်းမှုက ၅ ရာခိုင်နှုန်းစီ […]

ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် အကောင်းဆုံးဖျော်ရည် ၃ မျိုး

in ရေဓာတ်ခမ်းခြောက်ခြင်း April 19, 2019

[Zawgyi] ရေဓာတ်ခမ်းခြောက်ခြင်းကို တိုက်ဖျက်ဖို့ရန်အတွက် အကောင်းဆုံးဖျော်ရည်များကို ရှာဖွေနေပါသလား။ ဖျော်ရည်အမျိုးအစားအမြောက်အမြားရှိသည့်အနက် သင့်ခန္ဓာကိုယ်မှ ဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့ လျှပ်လိုက်ပျော်ရည်များကို အမြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ဖျော်ရည် ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အားကစားပြုလုပ်ပြီးလို့ ပင်ပန်းနွမ်းနယ်နေတဲ့အခါ ပြန်လည်လန်းဆန်းဖို့ကူညီပေးပါလိမ့်မယ်။ နံပါတ် ၁ အကောင်းဆုံးအရည်ကတော့ ရေပဲဖြစ်ပါတယ်။ အားကစားပြုလုပ်နေစဉ် ရေသောက်သုံးခြင်းက ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ နေမကောင်းဖြစ်နေချိန်မှာလည်း ရေများများသောက်သုံးပေးဖို့လိုအပ်ပါတယ်။ ဘယ်နေရာမှာ ဘာပဲလုပ်လုပ် ရေသန့်ဘူးတစ်ဘူးကိုတော့ အလွယ်တကူရှာတွေ့နိုင်တာကတော့ အကောင်းမွန်ဆုံးအားသာချက်တစ်ခုပဲဖြစ်ပါတယ်။ ဖရဲသီး ဖရဲသီးထဲမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်နေတဲ့အတွက် ဖရဲသီးကို စားသုံးလို့လည်းရသလို ဖရဲသီးဖျော်ရည်သောက်သုံးပေးလို့လည်းရပါတယ်။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးမယ့်အပြင် ဗီတာမင် အေ၊ ဗီတာမင် စီနဲ့ လျှပ်လိုက်ရည်များကို သင့်ခန္ဓာကိုယ်က ရရှိပါလိမ့်မယ်။ အုန်းရည် အုန်းရည်ကတော့ သဘာဝစွမ်းအားဖြည့်အချိုရည်တစ်မျိုးပဲဖြစ်ပါတယ်။ သူ့မှ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လစီယမ်၊ […]

ရေနွေးပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း August 30, 2018

ရေနွေးသောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကုန်ဆုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ အစာချေစနစ်ကိုလည်း ကူညီပေးပြီး အစာအိမ်ထဲမှာ အစာတွေ ပြွတ်သိပ်မနေအောင်လည်း ပြုလုပ်ပေးပြီး စိတ်လက်ပေါ့ပါးလန်းဆန်းအောင် ပြုလုပ်ပေးပါတယ်။ ရေနွေးထဲကို သံပုရိုသီးညစ်ထည့်ပေးခြင်းကလည်း ဗီတာမင်စီ ဓာတ်ကို ရရှိစေမှာဖြစ်ပြီး ကျန်းမာရေးအတွက် ပိုပြီး ကောင်းမွန်ပါတယ်။ ရေနွေးသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတော့ ၁။ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးတယ် ရေနွေးပူသောက်ခြင်းကြောင့် အူကျုံ့သွားပြီး အူထဲမှာပိတ်နေတဲ့အညစ်အကြေးများ ခန္ဓာကိုယ်ထဲမှာ ထွက်သွားအောင် ကူညီပေးပါတယ်။ ၂။ ရေဓာတ်ပြည့်စေတယ် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးဖို့ဆိုရင် ရေနွေးပူပဲဖြစ်ဖြစ်၊ ရေအေးပဲဖြစ်ဖြစ် အကျိုးအာနိသင်ကတော့ အတူတူပါပဲ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ရေ ၈ ခွက် (၂ လီတာ သို့မဟုတ် ဂါလံဝက်) သောက်သုံးသင့်ပါတယ်။ ဒါပေမယ့် လူအများစုက ၈ ခွက် […]

ရေသောက်သုံးခြင်းကို ဘယ်လိုအခြေအနေမျိုးမှာ ရှောင်ကြဉ်သင့်လဲ

in ကျန်းမာရေးအကြံပြုချက်, ရေဓာတ်ခမ်းခြောက်ခြင်း August 30, 2018

ကာယလေ့ကျင့်ခန်း ပြုလုပ်တဲ့သူတွေ ပုံမှန်လူတွေထက် ရေများများ သောက်သုံးကြတာကို တွေ့ရမှာပါ။ သူတို့တွေက ကျန်းမာရေးလိုက်စားတဲ့သူတွေဖြစ်တဲ့အတိုင်း အစားမစားခင်မှာလည်း ရေသောက်ကြပါတယ်။ ဒါပေမယ့်လည်း ရေအလွန်အကျွံသောက်သုံးခြင်းက ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခြေအနေမျိုးမှာ ရေအလွန်အကျွံသောက်သုံးတာကို ရပ်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။ ၁။ အိပ်ရာမဝင်ခင် အိပ်ရာဝင်ခါနီး ရေအလွန်အကျွံသောက်သုံးခြင်းက သင့်ကို အိပ်ရေးပျက်စေမှာ အမှန်ပါပဲ။ ရေအလွန်အကျွံသောက်သုံးမိတာကြောင့် ဆီးသွားချင်မှာဖြစ်ပြီး ဆီးသွားပြီးတဲ့နောက်မှာ ပြန်အိပ်စက်အနားယူဖို့ခက်ခဲသွားပါလိမ့်မယ်။ ဒါ့အပြင် ကျောက်ကပ်က နေ့အချိန်မှာထက် ညအချိန်မှာ အလုပ်လုပ်တာ နှေးသွားပါတယ်။ ဒါ့ကြောင့် ရေ အလွန်အကျွံသောက်ပြီး အိပ်ရာနိုးလာတဲ့အခါ မျက်နှာနဲ့ လက်တွေ ဖောရောင်နေတာကို ခံစားရနိုင်ပါတယ်။ ၂။ အားကစားအပြင်းအထန်ပြုလုပ်နေချိန် အားကစားအပြင်းအထန်ပြုလုပ်နေချိန်မှာ ရေအလွန်အကျွံသောက်သုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်၍ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်နိုင်တာကြောင့် အာစွတ်ရုံပဲသောက်သုံးသင့်ပြီး အားကစားပြုလုပ်ပြီးမှသာ […]

အသက်အရွယ်ကြီးရင့်သော ဘိုးဘိုးဘွားဘွားများ ရေဓာတ်မခမ်းခြောက်အောင် ဘယ်လိုနေထိုင်သင့်သလဲ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း August 27, 2018

ရေသောက်ခြင်းက ကလေးလေးကအစ၊ လူငယ်လူရွယ် အလယ်၊ အသက်အရွယ်ရပြီးဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေအထိပါ အရေးကြီးပါတယ်။ ကလေးငယ်လေးတွေကိုတော့ မိဘတွေက စောင့်ရှောက်ကြရတာတောင်မှ ရေသောက်ဖို့ မနည်းတိုက်တွန်းနေရတာပါ။ ဘိုးဘိုးဘွားဘွားတွေကိုကျပြန်တော့ တစ်ခါတစ်ရံမှာ ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ဘိုးဘိုးဘွားဘွားတွေက အသက်အရွယ်အရ အားနည်းနေကြတာမို့လို့ မိသားစုဝင်တွေကပဲဖြစ်ဖြစ် သူတို့ကိုပြုစုစောင့်ရှောက်ပေးသင့်ပါတယ်။ ဘိုးဘိုးဘွားဘွားတွေက ရေဆာတယ်လို့မပြောတာနဲ့ပဲ၊ လူငယ်တွေလို တက်တက်ကြွကြွမရှိတာနဲ့ပဲ ရေဓာတ်မခမ်းခြောက်ဘူးလို့ မထင်ပါနဲ့။ ကျန်းမာသန်စွမ်းတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဟာ တစ်နေ့ကို ရေတစ်လီတာခွဲသောက်သုံးပေးဖို့လိုအပ်ပါတယ်။ အပူလှိုင်းဖြတ်တဲ့နေ့မျိုး၊ အပူလွန်ကဲတဲ့နေ့မျိုးမှာ ရေများများသောက်ဖို့လိုအပ်ပါတယ်။ ရေများများသောက်ဖို့တွန့်ဆုတ်မနေသင့်ပါဘူး။ ဘိုးဘိုးဘွားဘွားတွေက ရေတိုက်ရတာ ခက်ခဲတယ်ဆိုရင် ရေနွေးကြမ်း၊ စွပ်ပြုတ်၊ သဘာဝသစ်သီးစိမ်ရေ စသည်ဖြင့် သူတို့ကြိုက်နှစ်သက်တတ်တာမျိုးကို အစားထိုးသောက်သုံးပါစေ။ အရေးကြီးဆုံးကတော့ ရေလုံလုံလောက်လောက်သောက်ဖို့ပါပဲ။ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးတွေကိုလည်း အစားထိုးပြီး စားသုံးခိုင်ပါ။ ဒိန်ချဉ်မှာလည်း ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက်ကြောင့် လူကြီးတွေ ကြိုက်နှစ်သက်ပါလိမ့်မယ်။ […]

ရေဓာတ်ခမ်းခြောက်ခြင်းမှကာကွယ်ရန် သိထားသင့်သောအချက်များ

in ကျန်းမာရေးအကြံပြုချက်, ရေဓာတ်ခမ်းခြောက်ခြင်း August 25, 2018

လူသားတွေရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာ မရရှိဘူးဆိုရင် သင့်ကိုရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးဖို့ အလိုအလျောက်အသိပေးတဲ့စနစ် ပါရှိပြီးသားဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က အချက်ပြလာပြီဆိုရင်တော့ သင်ရေဓာတ်ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ဘာ့ကြောင့် ရေငတ်ရသလဲ ရေငတ်တယ်ဆိုတာ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ချွေးထွက်ခြင်း၊ အသက်ရှူခြင်းနဲ့ ဆီးသွားခြင်းတွေကြောင့် ရေဓာတ်အနည်းဆုံး ၂ လီတာခွဲ ဆုံးရှုံးပါတယ်။  ရေသောက်ခြင်းနဲ့ အစားအစာတွေပြန်လည်စားသုံးပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရပါတယ်။ ခန္ဓာကိုယ်ထဲကို ရေဓာတ်ပြန်မဖြည့်ပေးဘူးဆိုရင် သွေးလွှတ်ကြောမကြီးနဲ့ နှလုံးအခန်းမှာ ဖိအားပေးတဲ့ စနစ်လေးရှိပါတယ်။ သူတို့ကဦးနှောက်ကိုအသိပေးပြီး ဆီးမှတစ်ဆင့် ဆီးမရွှင်စေတဲ့ဟော်မုန်းကို စုပ်ယူစေပြီး ရေဓာတ်ပြန်ဖြည့်ပေးပါတယ်။ ဒါ့ကြောင့် ရေဓာတ်နည်းတဲ့အခါမှာ ဆီးမရွှင်တော့ဘဲ ဆီးသွားတဲ့အခါ ဆီးအရောင်ရင့်ရင့်တွေသွားပါတယ်။ လူတိုင်းမှာ အချက်ပေးစနစ်က ကောင်းကောင်းအလုပ်လုပ်ရဲ့လား အသက်အရွယ်ကြီးရင့်တဲ့ အဘိုးအဘွားတွေမှာဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အလိုအလျောက်အချက်ပေးတဲ့စနစ်က အလုပ်လုပ်တာနှေးကွေးသွားပြီး ရေဓာတ်ကုန်ခမ်းတာကျော်လွန်သွားမှ ရေဆာတဲ့လက္ခဏာပြပါတယ်။ ငါတို့ကရေဆာတာ၊ ရေငတ်တာခပ်ရှားရှားရယ်လို့ […]

    Cart