ေရေသာက္ျခင္းေၾကာင့္ အသားအေရအလွအပအတြက္ ေကာင္းက်ိဳး ၅ ခ်က္

in အသားအေရ, ေရဓာတ္ခမ္းေျခာက္ျခင္း January 5, 2020

[Zawgyi]

ငယ္ရြယ္ႏုပ်ိဳေနျခင္းရဲ႕ အတုမ႐ွိတဲ့လွ်ိဳ႕ဝွက္ခ်က္တစ္ခုကေတာ့ ေရမ်ားမ်ားေသာက္သံုးျခင္းပဲျဖစ္တယ္လို႔ အမ်ိဳးသမီးအမ်ားစုက ဝန္ခံေျပာၾကားထားၾကပါတယ္။ အလွအပပညာ႐ွင္ေတြကလည္း ေရမ်ားမ်ားေသာက္သံုးျခင္းက အသားအေရအတြက္ ေကာင္းက်ိဳးအေျမာက္အျမားေပးစြမ္းႏိုင္တဲ့အျပင္ အသားအေရၾကည္လင္ေတာက္ပေနေအာင္ ျပဳလုပ္ေပးတယ္လို႔ အခိုင္အမာေျပာၾကားၾကပါတယ္။ ဒါ့အျပင္ ေရဓာတ္က အသားအေရသိပ္သည္းက်စ္လ်စ္ေနေအာင္ ကူညီပံ့ပိုးေပးႏိုင္ပါတယ္။

ေရေသာက္သံုးျခင္းေၾကာင့္ အသားအေရအတြက္ ရ႐ွိႏိုင္မယ့္ ေကာင္းက်ိဳး ၅ ခ်က္ကို အတူတူဆက္ဖတ္ၾကည့္လိုက္ရေအာင္။

၁။ အစား မစားခင္ ေရေသာက္သံုးျခင္းက အူမႀကီးက သန္႔စင္ေပးၿပီး မိမိစားသံုးလိုက္မယ့္ အစားအစာေတြထဲက အာဟာရဓာတ္ကို ေကာင္းမြန္စြာ စုပ္ယူႏိုင္ေအာင္ ကူညီေပးပါတယ္။ ထိုမွတဆင့္ အေရျပားက က်န္းမာေရးနဲ႔ ညီညႊတ္တဲ့အာဟာရဓာတ္ကို လံုလံုေလာက္ေလာက္ရ႐ွိသြားမွာ ျဖစ္ပါတယ္။

၂။ ဒုတိယေကာင္းက်ိဳးအေနနဲ႔ကေတာ့ ေရေသာက္သံုးျခင္းက ေသြးအသစ္မ်ားျဖစ္ေပၚမႈနဲ႔ ၾကြက္သားဆဲလ္မ်ား က်န္းမာက်စ္လ်စ္ေနဖို႔ ကူညီေပးတာေၾကာင့္ အေရျပားက တြဲက်ေနမွာ မဟုတ္ေတာ့ဘဲ က်န္းမာလွပက်စ္လ်စ္ေနေအာင္ ကူညီေပးပါတယ္။

၃။ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ခ်င္သူမ်ားအေနနဲ႔ အေရးႀကီးဆံုးျပဳလုပ္ရမယ့္အရာကေတာ့ ေရေသာက္သံုးျခင္းပဲျဖစ္ပါတယ္။ မနက္အိပ္ရာႏိုးႏိုးခ်င္းမွာ ေရေအးတစ္ခြက္ အဝေသာက္ေပးျခင္းက သင့္ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ကို တိုးျမွင့္ေပးပါေသးတယ္။

၄။ ေသြးထဲမွာ ႐ွိတဲ့အဆိပ္အေတာက္ အညစ္အေၾကးမ်ားကို ေရက ဖယ္႐ွားေပးျခင္းျဖင့္ အသားအေရၾကည္လင္ေတာက္ပလာေအာင္၊ ႏူးညံ့ေခ်ာမြတ္လာေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။

၅။ ေနာက္ဆံုး အက်ိဳးေက်းဇူးကေတာ့ ခႏၶာကိုယ္ထဲ႐ွိေရဓာတ္မ်ားက ေသြးျဖဴဥအဖြဲ႔အစည္းမ်ား ညီညႊတ္မွ်တမႈ႐ွိေအာင္ ထိန္းညွိေပးၿပီး ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကို ေကာင္းေကာင္းမြန္မြန္ေဆာင္ရြက္ႏိုင္ေအာင္ ကူညီေပးပါတယ္။ ဒါ့အျပင္ ျပင္ပမွ ေရာဂါဘယမ်ား ခႏၶာကိုယ္ထဲသို႔ ဝင္ေရာက္မလာေအာင္ တားဆီးေပးၿပီး အမဲစက္နဲ႔ဝက္ၿခံမ်ားမေပါက္ေအာင္၊ ယားနာနဲ႔ ႏွင္းခူေရာဂါကဲ့သို႔ အေရျပားေရာဂါမ်ား မခံစားရေအာင္ ေရမ်ားမ်ားေသာက္သံုးသင့္ပါတယ္။

ႏိုင္ငံတကာ အလွအပဆိုင္ရာဂ်ာနယ္မွ ျပဳလုပ္တဲ့ ေလ့လာစမ္းသပ္ခ်က္အရ တစ္ေန႔ကို ေရ ၉ ခြက္ခြဲေသာက္သံုးျခင္းက အံမခန္းျခားနားခ်က္ကို ေပးစြမ္းႏိုင္တယ္လို႔ အေျဖရလဒ္ထြက္႐ွိခဲ့ပါတယ္။ တစ္ေန႔ကို ေရ ၉  ခြက္ခြဲ မွန္မွန္ေသာက္တဲ့အခါ ရက္သတၱပတ္ ၄ ပတ္ၾကာတာနဲ႔အမွ် အသားအေရက်စ္က်စ္လ်စ္လ်စ္ေလးျဖစ္သြားျခင္းကို မ်က္ဝါးထင္ထင္ေတြ႔ျမင္ရပါတယ္။ အေရျပားအထူးကုပညာ႐ွင္မ်ားကလည္း ေရနည္းနည္းပဲေသာက္မယ္၊ ေရဓာတ္ခမ္းေျခာက္မယ္ဆိုရင္ေတာ့ အသားအေရက ညွိညစ္ညစ္နဲ႔ ၾကည့္ရဆိုးလာမယ္၊ အေရးအေၾကာင္းနဲ႔ အိုမင္းရင့္ေရာ္ျခင္းကို ေစာေစာစီးစီးခံစားရႏိုင္တယ္လို႔ ေျပာၾကားၾကပါတယ္။ ဒါ့ေၾကာင့္ က်န္းမာလွပစိုေျပတဲ့အသားအေရကို ပိုင္ဆိုင္ခ်င္သူမ်ားအေနနဲ႔ ေရမ်ားမ်ားေသာက္သံုးသင့္ပါတယ္။

[Unicode]

ငယ်ရွယ်နုပျိုနေခြင်းရဲ့ အတုမရှိတဲ့လျှို့ဝှက်ချက်တစ်ခုကတော့ ရေများများသောက်သုံးခြင်းပဲဖြစ်တယ်လို့ အမျိုးသမီးအများစုက ဝန်ခံပြောကြားထားကြပါတယ်။ အလှအပပညာရှင်တွေကလည်း ရေများများသောက်သုံးခြင်းက အသားအရေအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တဲ့အပြင် အသားအရေကြည်လင်တောက်ပနေအောင် ပြုလုပ်ပေးတယ်လို့ အခိုင်အမာပြောကြားကြပါတယ်။ ဒါ့အပြင် ရေဓာတ်က အသားအရေသိပ်သည်းကျစ်လျစ်နေအောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။

ရေသောက်သုံးခြင်းကြောင့် အသားအရေအတွက် ရရှိနိုင်မယ့် ကောင်းကျိုး ၅ ချက်ကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

၁။ အစား မစားခင် ရေသောက်သုံးခြင်းက အူမကြီးက သန့်စင်ပေးပြီး မိမိစားသုံးလိုက်မယ့် အစားအစာတွေထဲက အာဟာရဓာတ်ကို ကောင်းမွန်စွာ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ထိုမှတဆင့် အရေပြားက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အာဟာရဓာတ်ကို လုံလုံလောက်လောက်ရရှိသွားမှာ ဖြစ်ပါတယ်။

၂။ ဒုတိယကောင်းကျိုးအနေနဲ့ကတော့ ရေသောက်သုံးခြင်းက သွေးအသစ်များဖြစ်ပေါ်မှုနဲ့ ကြွက်သားဆဲလ်များ ကျန်းမာကျစ်လျစ်နေဖို့ ကူညီပေးတာကြောင့် အရေပြားက တွဲကျနေမှာ မဟုတ်တော့ဘဲ ကျန်းမာလှပကျစ်လျစ်နေအောင် ကူညီပေးပါတယ်။

၃။ ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့ အရေးကြီးဆုံးပြုလုပ်ရမယ့်အရာကတော့ ရေသောက်သုံးခြင်းပဲဖြစ်ပါတယ်။ မနက်အိပ်ရာနိုးနိုးချင်းမှာ ရေအေးတစ်ခွက် အဝသောက်ပေးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပါသေးတယ်။

၄။ သွေးထဲမှာ ရှိတဲ့အဆိပ်အတောက် အညစ်အကြေးများကို ရေက ဖယ်ရှားပေးခြင်းဖြင့် အသားအရေကြည်လင်တောက်ပလာအောင်၊ နူးညံ့ချောမွတ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

၅။ နောက်ဆုံး အကျိုးကျေးဇူးကတော့ ခန္ဓာကိုယ်ထဲရှိရေဓာတ်များက သွေးဖြူဥအဖွဲ့အစည်းများ ညီညွှတ်မျှတမှုရှိအောင် ထိန်းညှိပေးပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ပြင်ပမှ ရောဂါဘယများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် တားဆီးပေးပြီး အမဲစက်နဲ့ဝက်ခြံများမပေါက်အောင်၊ ယားနာနဲ့ နှင်းခူရောဂါကဲ့သို့ အရေပြားရောဂါများ မခံစားရအောင် ရေများများသောက်သုံးသင့်ပါတယ်။

နိုင်ငံတကာ အလှအပဆိုင်ရာဂျာနယ်မှ ပြုလုပ်တဲ့ လေ့လာစမ်းသပ်ချက်အရ တစ်နေ့ကို ရေ ၉ ခွက်ခွဲသောက်သုံးခြင်းက အံမခန်းခြားနားချက်ကို ပေးစွမ်းနိုင်တယ်လို့ အဖြေရလဒ်ထွက်ရှိခဲ့ပါတယ်။ တစ်နေ့ကို ရေ ၉  ခွက်ခွဲ မှန်မှန်သောက်တဲ့အခါ ရက်သတ္တပတ် ၄ ပတ်ကြာတာနဲ့အမျှ အသားအရေကျစ်ကျစ်လျစ်လျစ်လေးဖြစ်သွားခြင်းကို မျက်ဝါးထင်ထင်တွေ့မြင်ရပါတယ်။ အရေပြားအထူးကုပညာရှင်များကလည်း ရေနည်းနည်းပဲသောက်မယ်၊ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင်တော့ အသားအရေက ညှိညစ်ညစ်နဲ့ ကြည့်ရဆိုးလာမယ်၊ အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းကို စောစောစီးစီးခံစားရနိုင်တယ်လို့ ပြောကြားကြပါတယ်။ ဒါ့ကြောင့် ကျန်းမာလှပစိုပြေတဲ့အသားအရေကို ပိုင်ဆိုင်ချင်သူများအနေနဲ့ ရေများများသောက်သုံးသင့်ပါတယ်။

    Cart