ရေသောက်သုံးခြင်းက ကျန်းမာလှပသည့်အသားအရေ ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုအထောက်အကူပြုသလဲ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ February 27, 2018

အသားအရေဟာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြားကိုယ်အင်္ဂါများနှင့်မတူဘဲ လေနှင့်မကြာခဏထိတွေ့ရပါတယ်။ ရေလုံလုံလောက်လောက်မရှိဘူးဆိုရင်တော့ အသားအရေတွေဟာ ပျော့တွဲခြောက်သွေ့လာကာ ပိုးမွှားတွေကူးစက်ဖို့ အားနည်းချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝနေမယ်ဆိုရင်တော့ အသားအရေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး မျက်နှာပြင်ကို အစိုဓာတ်ရှိစေကာ ချွေးပေါက်များပိတ်ဆို့ခြင်းမှလည်း ကာကွယ်ဟန့်တားနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး အဖက်ဖက်က အရေးကြီးတဲ့ ရေကိုသင့်တင့်လုံလောက်မှုရှိအောင် မသောက်သုံးဘူးဆိုရင်တော့ အောက်ဖော်ပြပါ အသားအရေပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဝက်ခြံမဖြစ်အောင် တားဆီးခြင်း

အဆိပ်အတောက်များကို ချွေးထွက်ခြင်းဖြင့် ဖယ်ရှားပစ်တာဆိုပေမယ့်လည်း ရေဓာတ်ကုန်ခမ်းနေသည့်အခါမှာတော့ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေဖြစ်လာစေပါတယ်။ ဒါကြောင့် ရေများများသောက်ကာ ကိုယ်တွင်းအဆိပ်အတောက်များ၊ အညစ်အကြေးများကို ဖယ်ရှားခြင်းဖြင့် ကြည်လင်လှပတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာပါ။

အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးခြင်း

ရေဓာတ်ကုန်ခမ်းလာသည့်အခါ အသားအရေလည်းပျော့တွဲသွားပြီး တင်းရင်းမှုမရှိတော့ဘူးဆိုပါက အသားအရေဟာ ကျန်းမာနိုင်မှာမဟုတ်တော့ပါဘူး။ ပိုးမွှားတွေ၊ အညစ်အကြေးတွေ၊ ဘတ်တီးရီးယားတွေ ဝင်ရောက်မှုမရှိနိုင်အောင် ကာကွယ်ပေးဖို့အတွက် အပြင်ဖက်အလွှာဟာ စိုစွတ်မှုရှိနေဖို့ လိုအပ်ပါတယ်။

ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

ရေများများသောက်ပါ။ တနေ့လျှင် အနည်းဆုံးရှစ်ခွက် ရေသောက်ပေးခြင်းက ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို ဖယ်ရှားပစ်ဖို့ ကူညီပေးပါတယ်။ ရေများများသောက်ပေးမယ်ဆိုရင် အသားအရေဟာလည်း ကြည်လင်ဝင်းပလာကာ ဝက်ခြံပြဿနာမှလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။

ဒါကြောင့် အရည်အသွေး အမှန်တကယ် ယုံကြည်စိတ်ချရပြီး ကြည်လင်သန့်ရှင်းတဲ့ သောက်ရေသန့်ကောင်းကောင်းကို အခုချိန်ကစလို့ ဂရုတစိုက် သောက်သုံးလိုက်ကြရအောင်။

    Cart