ရေဓာတ်ခမ်းခြောက်ခြင်းမှကာကွယ်ရန် သိထားသင့်သောအချက်များ

in ကျန်းမာရေးအကြံပြုချက်, ရေဓာတ်ခမ်းခြောက်ခြင်း August 25, 2018

လူသားတွေရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာ မရရှိဘူးဆိုရင် သင့်ကိုရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးဖို့ အလိုအလျောက်အသိပေးတဲ့စနစ် ပါရှိပြီးသားဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က အချက်ပြလာပြီဆိုရင်တော့ သင်ရေဓာတ်ပြန်ဖြည့်ပေးဖို့လိုပါတယ်။

ဘာ့ကြောင့် ရေငတ်ရသလဲ

ရေငတ်တယ်ဆိုတာ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ချွေးထွက်ခြင်း၊ အသက်ရှူခြင်းနဲ့ ဆီးသွားခြင်းတွေကြောင့် ရေဓာတ်အနည်းဆုံး ၂ လီတာခွဲ ဆုံးရှုံးပါတယ်။  ရေသောက်ခြင်းနဲ့ အစားအစာတွေပြန်လည်စားသုံးပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရပါတယ်။

ခန္ဓာကိုယ်ထဲကို ရေဓာတ်ပြန်မဖြည့်ပေးဘူးဆိုရင် သွေးလွှတ်ကြောမကြီးနဲ့ နှလုံးအခန်းမှာ ဖိအားပေးတဲ့ စနစ်လေးရှိပါတယ်။ သူတို့ကဦးနှောက်ကိုအသိပေးပြီး ဆီးမှတစ်ဆင့် ဆီးမရွှင်စေတဲ့ဟော်မုန်းကို စုပ်ယူစေပြီး ရေဓာတ်ပြန်ဖြည့်ပေးပါတယ်။ ဒါ့ကြောင့် ရေဓာတ်နည်းတဲ့အခါမှာ ဆီးမရွှင်တော့ဘဲ ဆီးသွားတဲ့အခါ ဆီးအရောင်ရင့်ရင့်တွေသွားပါတယ်။

လူတိုင်းမှာ အချက်ပေးစနစ်က ကောင်းကောင်းအလုပ်လုပ်ရဲ့လား

အသက်အရွယ်ကြီးရင့်တဲ့ အဘိုးအဘွားတွေမှာဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အလိုအလျောက်အချက်ပေးတဲ့စနစ်က အလုပ်လုပ်တာနှေးကွေးသွားပြီး ရေဓာတ်ကုန်ခမ်းတာကျော်လွန်သွားမှ ရေဆာတဲ့လက္ခဏာပြပါတယ်။

ငါတို့ကရေဆာတာ၊ ရေငတ်တာခပ်ရှားရှားရယ်လို့ ပြောတဲ့လူငယ်တွေကလည်း အမှန်တကယ်တမ်းတော့ သူတို့ခန္ဓာကိုယ်ရဲ့အချက်ပေးစနစ်ကို လျစ်လျူရှုနေကြတာပါ။ ခန္ဓာကိုယ်မှာရေဓာတ်လုံလောက်စွာ ရရှိဖို့မထိုက်တန်တဲ့ လူတွေပဲဖြစ်ပါတယ်။

လူတိုင်းအတွက် အသုံးဝင်မယ့် အကြံပေးပါဆိုရင်တော့

တစ်နေ့ကို ရေနှစ်လီတာ (ရေ ၇ ခွက်ကနေ ၈ ခွက်အထိ) သောက်ပေးရပါတယ်။ ပူပြင်းခြောက်သွေ့တဲ့နေ့တွေ၊ အားကစားပြင်းပြင်းထန်ထန်လုပ်တဲ့နေ့တွေဆိုရင်တော့ ဒီထက်ပိုပြီး ရေသောက်ပေးရပါမယ်။ မနက်နိုးလာတာနဲ့ ရေသောက်ခြင်းနဲ့အစပြုမယ်၊ တစ်နေ့တာလုံးလည်း ရေမှန်မှန်သောက်ပေးမယ်။ အစာမစားခင်၊ အစာစားနေစဉ်နဲ့ စားပြီးနောက်မှာလည်း ရေပုံမှန်သောက်ပေးရမယ်နော်။

    Cart