အဆိုတော်တွေ အဆိုဝါသနာရှင်လေးတွေ ကြည်လင်ပြတ်သားတဲ့အသံလေးကို ဘယ်လိုထိန်းသိမ်းကြမလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, အထွေထွေဗဟုသုတ August 27, 2018

သင်ကအဆိုတော်တစ်ယောက်၊ အဆိုဝါသနာပါတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်အသံက လူတွေနဲ့ပြောဆိုဆက်ဆံဖို့အတွက် ကူညီပေးတဲ့ကြားခံနယ်တစ်ခုဆိုတာထက် ပိုပါတယ်။ သင့်အသံက သင့်ဘဝ၊ သင့်အတွက်တူရိယာတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုတော်တွေ၊ အဆိုပြိုင်ပွဲဝင်သူ အဆိုဝါသနာရှင်လေးတွေက အသံမပျက်စီးအောင်၊ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် အစားအသောက်အနေအထိုင် အမြဲဆင်ခြင်နေရပါတယ်။ ကောင်းမွန်တဲ့အသံကို အမြဲတမ်းထိန်းသိမ်းထားနိုင်ဖို့အတွက် ကူညီပေးတာကတော့ ရေပဲဖြစ်ပါတယ်။ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက်၊ အမောအပန်းခံနိုင်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ရေဓာတ် လိုအပ်ပါတယ်။ အသံသိပ္ပံပညာရှင် ဒေါက်တာ Ronald C. Scherer ရဲ့ ပြောကြားချက်အရ လူတစ်ယောက်က အထူးသဖြင့် အဆိုတော်တွေ၊ အဆိုဝါသနာရှင်တွေက သူတို့အသံအိုးကိုထိန်းသိမ်းစောင့်ရှောက်ဖို့ရန်အတွက် တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးပေးရပါတယ်။ ရေလုံလောက်စွာ မသောက်ရင် ဘာတွေဖြစ်နိုင်သလဲ အသံထွက်ဖို့အတွက် အသံအိုးနဲ့အသံကြိုးကို ဖိအားပေးရပါတယ်။ သီချင်းဆိုခြင်းက အသံအိုးကို လိုတာထက်ပိုပြီးဖိအားပေးရပါတယ်။ မကြာမကြာ ဖိအားပေးခံရတဲ့အခါ အသံကြိုးနာလာပြီး ကောင်းစွာမသီဆိုနိုင်ဖြစ်လာပါလိမ့်မယ်။ […]

ကာယလေ့ကျင့်ခန်းပြုလုပ်သည့်အချိန်၌ ဘာ့ကြောင့်ရေကိုသာ ရွေးချယ်သောက်သုံးသင့်သလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, လေ့ကျင့်ခန်းများ August 25, 2018

အမြဲတမ်းရွှင်လန်းတက်ကြွနေချင်တယ်ဆိုရင် ရေဓာတ်လုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ ရေဓာတ်လုံလောက်စွာမရရင် မှတ်ဥာဏ်ထိခိုက်နိုင်ပြီး အာရုံစိုက်နိုင်စွမ်းလျော့ကျလာမယ်၊ အားကစားစွမ်းဆောင်ရည်လည်း လျော့ကျလာပါလိမ့်မယ်။ ချွေးထွက်သွားလို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည့်ဖြည့်တင်းပေးဖို့ဆိုရင် ရေကိုရွေးချယ်သောက်သုံးပေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ရေပမာဏဘယ်လောက်ထိသောက်ပြီး ရေဓာတ်ပြန်ဖြည့်ရမလဲဆိုတာကတော့ သင်အားကစားကို ဘယ်လောက်ပြင်းပြင်းထန်ထန်ဆော့ထားသလဲ၊ သင်ချွေးဘယ်လောက်ထွက်ထားလဲ၊ ပြင်ပရာသီဥတုက အပူချိန်ဘယ်လောက်ရှိလဲဆိုတဲ့ အရာတွေအပေါ်မှာ မူတည်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေပြောကြားချက်အရ အားကစားမပြုလုပ်ခင် ရေတစ်ခွက်၊ ဒါမှမဟုတ် နှစ်ခွက်သောက်ပေးရပါမယ်။ အားကစားလုပ်နေစဉ်မှာလည်း (၁၅) မိနစ်၊ ဒါမှမဟုတ် မိနစ် (၂၀) ခြားတစ်ခါ ရေတစ်ခွက်သောက်ပေးရပါမယ်။ အားကစားလုပ်ပြီးတဲ့အခါမှာလည်း ရေသောက်ပေးပြီးတော့ တစ်နေ့တာလုံးမှာလည်း ရေမှန်မှန်သောက်ပေးရပါမယ်။ အကယ်၍ သင်ကပြိုင်ပွဲဝင်ရမယ့် အားကစားသမား၊ အားကစား ပြင်းပြင်းထန်ထန်ဆော့ရမယ်ဆိုရင်တော့ သင့်ဆရာဝန်၊ အားကစားနည်းပြနဲ့ သင့်ထရိန်နာကို သေချာမေးမြန်းပြီးတော့ သောက်သုံးရပါမယ်။ ရေဆာတဲ့အချိန်မှ ရေသောက်တာမျိုးမလုပ်ရပါဘူး။ သင့်ခန္ဓာကိုယ်က ရေဓာတ်လုံလောက်စွာမရရှိတဲ့အတွက် အရမ်းအန္တရာယ်များပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ […]

ကလေးများ၏ကျန်းမာရေးနှင့် ရေ၏အရေးကြီးသောအခန်းကဏ္ဍ

in ကျန်းမာရေးအကြံပြုချက်, ရင်သွေးငယ်များ, လူနေမှုဘဝ August 25, 2018

သင့်ကလေးက ရေဓာတ်လုံလောက်စွာ ရရှိပါသလား။ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းတဲ့ ကလေးလေးတစ်ယောက်ဖြစ်ဖို့အတွက် အရေးကြီးဆုံးက ရေဓာတ်လုံလောက်စွာ ရရှိဖို့ပဲဖြစ်ပါတယ်။ ကလေးလေးတွေ ကစားပြီးချွေးထွက်တဲ့အခါမှာ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ရေတိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ အရောင်စုံလှပနေတဲ့ အချိုရည်ဘူးလေးတွေက ဈေးဆိုင်တွေ၊ စူပါမားကတ်နေရာစုံမှာ ရရှိနေပြီး ကလေးတွေကို ဆွဲဆောင်နေပါတယ်။ ရောင်စုံအချိုရည်ဘူးလေးတွေကြောင့် ကလေးတွေကို ရေတိုက်ရတာခက်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်လေးကို ကျင့်သုံးကြည့်ပါနော်။ သွားလေရာနေရာတိုင်းကို ရေဘူးဆောင်သွားပါ သင့်ကလေးကျောင်းတက်တဲ့ရက်တွေမှာ နေ့လည့်စာထမင်းဘူးထည့်ပေးရင် ရေဘူးလေးပါ တစ်ပါတည်းထည့်ပေးဖို့မမေ့ပါနဲ့။ သူ့ရဲ့ရေဘူးကို သူကြိုက်နှစ်သက်တဲ့ ကာတွန်းရုပ်လေးတွေပါတဲ့ ရေဘူးမျိုးဝယ်ပေးပါ။ ဒါမှလည်း ရေသောက်ဖို့မမေ့မှာပါ။ သင့်ကလေးက ရေမသောက်ချင်ဘူးလို့ ကျီကျရင် ရေထဲကို သံပုရာသီးအစိတ်လေး၊ လိမ္မော်သီးစိတ်လေးဖြစ်ဖြစ်၊ စတော်ဘယ်ရီသီးစိတ်လေးဖြစ်ဖြစ် သူကြိုက်နှစ်သက်တဲ့ အသီးအနှံတစ်မျိုးမျိုးထည့်ပေးပါ။ ကလေးသဘာဝ အသစ်အဆန်းလေးတွေကို သဘောကျတဲ့အတွက်ကြောင့် အဲ့ဒီလိုပြုလုပ်ပေးခြင်းက သူ့ကိုရေသောက်ချင်လာအောင် ဆွဲဆောင်ပေးပါလိမ့်မယ်။ […]

ရေသောက်ခြင်းက စိတ်ဖိစီးမှုကို ဘယ်လိုလျော့ချပေးလဲ

in ကျန်းမာရေးအကြံပြုချက်, စိတ်ဖိစီးမှု, လူနေမှုဘဝ August 25, 2018

ယနေ့ခေတ်လူနေမှုဘဝမှာ လူသားတိုင်းက မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ စိတ်ဖိစီးကြရပါတယ်။ တချို့ကလည်း စိတ်ဖိစီးမှုပြေပျောက်အောင်လို့ ဆေးဝါးမှီဝဲကြတယ်။ ကာယလေ့ကျင့်ခန်းပြုလုပ်ကြတယ်၊ Yoga လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကို တတ်နိုင်သလောက်ဖြေဖျောက်ကြတယ်။ အဲ့ဒီအရာတွေထက် စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ ရေသောက်ခြင်းပဲဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အာဟာရဓာတ် ညီညွှတ်မျှတနေမှသာလျှင် ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းပြီး စိတ်ဖိစီးမှုကင်းဝေးမှာပါ။ လူသားတွေအသက်ရှင်နေထိုင်ဖို့ရန်အတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကရေဓာတ်ခမ်းခြောက်တဲ့အခါမှာ ကော်တီဆုန်းလို့ခေါ်တဲ့ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းထွက်ပါတယ်။ အဲ့ဒီဟော်မုန်းထွက်တဲ့အခါမှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မယ်၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ နှလုံးခုန်မြန်ခြင်းစတဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတာလား၊ စိတ်ဖိစီးမှုက ရေဓာတ်ကိုခမ်းခြောက်သွားစေတာလားဆိုတာကိုတော့ ဆုံးဖြတ်ရခက်ပါတယ်။ ဒါ့ကြောင့် ဒီသံသရာစက်ကွင်းထဲက လွတ်မြောက်ဖို့ဆိုရင်တော့ ရေများများသောက်ပြီး ရေဓာတ်ပြန်ဖြည့်ပေးခြင်းကသာ အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တချို့လူတွေအတွက်ကတော့ ရေသောက်ခြင်းတစ်ခုတည်းနဲ့ မလုံလောက်တဲ့အတွက်ကြောင့် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်ကျင့်သုံးကြည့်ပါ။ စိတ်ဖိစီးမှုကို […]

အမည်းစက်ကင်းစင်ပြီး ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်ဖို့ ရေသောက်ကြပါစို့

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, အသားအရေ August 25, 2018

အရေပြားက သင့်ခန္ဓာကိုယ်ရဲ့အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး သင့်ကိုယ်အလေးချိန်ရဲ့ (၁၆) ရာခိုင်နှုန်းခန့်ကို အရေပြားကနေရာယူထားပါတယ်။ တခြားအင်္ဂါအစိတ်အပိုင်းများနဲ့မတူဘဲ သင့်အရေပြားက လေထု၊ ဖုန်အညစ်အကြေးတွေနဲ့ ထိတွေ့နေရတာပါ။ ရေဓာတ်လုံလောက်စွာမရှိပါက အသားအရေ တင်းရင်းမှုမရှိတော့ဘဲ အသားအရေခြောက်သွေ့လာပါမယ်။ ဒါ့အပြင် ညစ်ညမ်းတဲ့အရာတွေ၊ ဘက်တီးရီးယားပိုးမွှားတွေက အရေပြားပေါ်ကို အလွယ်တကူ ကပ်ငြိလာနိုင်ပါတယ်။ ရေဓာတ်လုံလောက်စွာမရှိတဲ့အတွက် အရေပြားရဲ့လုပ်ဆောင်နိုင်စွမ်းလျော့ကျလာပါမယ်။ ဒါပေမယ့် ရေများများသောက်ပေးပြီး ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင်တော့ အသားအရေ အစိုဓာတ်ရရှိမယ်၊ ကျယ်နေတဲ့ချွေးပေါက်လေးတွေကို ကျဉ်းသွားအောင်လုပ်ပေးခြင်းဖြင့် အသားအရေ ကျန်းမာလာမှာဖြစ်ပါတယ်။ လိုအပ်တဲ့ရေပမာဏ အမျိုသမီးတစ်ယောက်က တစ်နေ့ကို ရေ (၉၁) အောင်စခန့်သောက်သုံးပေးဖို့လိုအပ်ပြီး၊ အမျိုးသားများအနေနဲ့ကတော့ တစ်နေ့ကို (၁၂၅) အောင်စသောက်သုံးပေးဖို့လိုပါတယ်။ ရေသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ရေဓာတ်ကို ရာနှုန်းပြည့်မဖြည့်စွက်ပေးနိုင်ပဲ (၈၀) ရာခိုင်နှုန်းခန့်သာ ဖြည့်စွက်ပေးနိုင်ပြီး၊ ကျန် (၂၀) ရာခိုင်နှုန်းခန့်ကိုတော့ သင်နေ့စဉ်စားသုံးတဲ့ အရည်ရွှမ်းတဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်များမှ […]

ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသုံးပြီး ဘယ်လိုအရည်တွေကိုသောက်သုံးပေးမလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ August 25, 2018

အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသုံးခြင်း၊ ကာယလေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ကိုဂရုစိုက်ရပါမယ်။ ကျန်းမာလှပစွာ ဘယ်လိုနေထိုင်စားသုံးရမလဲဆိုတော့ ၁။ အားကစားပြုလုပ်ပါ တစ်နာရီခန့် အားကစားပြုလုပ်ပေးမယ်ဆိုရင် ကယ်လိုရီ ၂၀၀ ကနေ ၃၀၀ အထိလောင်ကျွမ်းပါတယ်။ ကိတ်မုန့်တစ်လုံးစားလိုက်လို့ ရရှိမယ့် ကယ်လိုရီပမာဏနဲ့ ညီမျှပါတယ်။ အားကစားမှန်မှန်ပြုလုပ်လေ ကယ်လိုရီများများလောင်ကျွမ်းလေဖြစ်ပြီး ကိုယ်နှစ်သက်တဲ့အစာကို စိုးရိမ်စိတ်ကင်းစွာ စားသုံးနိုင်မှာဖြစ်ပါတယ်။ ၂။ အစားအသောက်ဆင်ခြင်ပါ အကယ်၍ သင်ကလေ့ကျင့်ခန်းမပြုလုပ်ဘူးဆိုရင် ကိုယ်အလေးချိန်မတက်ဖို့အတွက် သကြားဓာတ်လွန်ကဲတဲ့အစာ၊ အဆီဓာတ်များတဲ့ အစာတွေကို ရှောင်ကြဉ်ရပါမယ်။ ကယ်လိုရီများတဲ့အစာတွေဖြစ်တဲ့ ထောပတ်၊ ခရင်မ်၊ မုန့်ပဲသရေစာ၊ ကွတ်ကီး နဲ့ အခြားသောအသင့်စား အစားအစာတွေကို ရှောင်ကြဉ်ပါ။ ၃။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများစားပါ၊ ပဲအမျိုးမျိုးစားသုံးပါ မနက်စာစားရင် လတ်ဆတ်တဲ့အသီးအနှံစားသုံးမယ်၊ နေ့လည်စာနဲ့ ညနေစာစားရင်လည်း အရောင်စုံတဲ့ဟင်းသီးဟင်းရွက် (ခရမ်းချဉ်သီး၊ […]

    Cart