သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ရေသောက်သုံးသင့်တဲ့ အကြောင်းပြချက် ၃ ချက်

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ June 26, 2019

ရေသောက်သုံးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးတစ်ခုလုံးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သည်သာမကပဲ သွားနှင့်ခံတွင်း သန့်ရှင်းကျန်းမာနေဖို့ ထိန်းသိမ်းထားနိုင်ပါတယ်။ ရေဆာနေတဲ့အချိန်မှာ ဆိုဒါအချိုရည်များ၊ ဆေးသကြားပါသော အချိုရည်များသောက်သုံးမယ့်အစား ရေတစ်ခွက်အဝသောက်လိုက်တာက အကောင်းဆုံးပဲဖြစ်ပါတယ်။ ရေသောက်သုံးခြင်းက သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဘာ့ကြောင့်အရေးပါသလဲဆိုတဲ့ အကြောင်းအရင်း ၃ ချက် ၁။ သွားပိုးပေါက်ဖြစ်ခြင်းနဲ့ သွားများညစ်ထေးခြင်းမှ ကာကွယ်ပေးခြင်း ဆိုဒါနဲ့ သကြားဓာတ်လွန်ကဲတဲ့အချိုရည်သောက်သုံးမယ်ဆိုရင် သကြားဓာတ်က သင့်သွားထဲမှာရှိတဲ့ဘက်တီးရီးယားတွေနဲ့ ပူးပေါင်းလိုက်တဲ့အခါ အက်စစ်ဓာတ်ဖြစ်သွားပါလိမ့်မယ်။ ထိုအက်စစ်ဓာတ်က သင့်သွားကြွေလွှာများကို ပျက်စီးစေပါတယ်။ နေ့စဉ် ရေမှန်မှန်သောက်သုံးပေးခြင်းက သွားအခေါင်းပေါက်နဲ့ သွားများကို ညစ်ထေးစေတဲ့ အချိုဓာတ်နဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးပါတယ်။ အစား စားပြီးတိုင်း သွားတိုက်ခြင်းကလည်း သွားများကို ပျက်စီးစေတဲ့အတွက်ကြောင့် အစား စားပြီးတိုင်း ပလုတ်ကျင်းပြီး ရေသောက်ပေးရပါမယ်။ ၂။ ခံတွင်းအနံ့ဆိုးမှ ကာကွယ်ပေးခြင်း   ဘက်တီးရီးယားအချို့က […]

မနက်အိပ်ရာနိုးနိုးချင်း ဝမ်းဗိုက်ထဲအစာမရှိချိန်မှာ ရေသောက်သုံးခြင်းရဲ့ ကောင်းကျိုး ၄ ချက်

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ May 21, 2019

ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိက ရေဓာတ်နဲ့ဖွဲ့စည်းထားခြင်းကြောင့်  ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်ဖို့ရန်အတွက် ရေက မရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ရေက အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ၊ တစ်သျှူးများကို ကာကွယ်ပေးထားပြီး အာဟာရနဲ့ အောက်စီဂျင်ကို ဆဲလ်များဆီသို့ ပို့ဆောင်ပေးပါတယ်။ အာဟာရနဲ့ သတ္တုဓာတ်များ ပျော်ဝင်အောင်လုပ်ဆောင်ပေးပြီး ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ သင် အိပ်ရာနိုးနိုးချင်းမှာ သင့်ခန္ဓာကိုယ်က ရေဓာတ်ကို တောင့်တနေတာဖြစ်တဲ့အတွက် အိပ်ရာထတာနဲ့ ရေ ၂ ခွက်၊ ၃ ခွက် ခန့် သောက်သုံးပေးပါ။ ဒီလိုသောက်သုံးပေးခြင်းက သင်ထင်ထားတာထက်ကို ကျန်းမာရေးကောင်းကျိုးအမြောက်အမြားရရှိနိုင်ပါတယ်။ ဝမ်းဗိုက်ထဲအစာမရှိချိန် အိပ်ရာနိုးနိုးချင်းမှာ ရေသောက်သုံးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများကတော့- ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း ဝမ်းဗိုက်ထဲအစာမရှိချိန်ရေသောက်သုံးခြင်းက အူမကြီးကို သန့်စင်ပေးပါတယ်။ အူမကြီးက သန့်စင်နေတဲ့အတွက်ကြောင့် အာဟာရများများစုပ်ယူနိုင်ဖို့အတွက် အူလမ်းကြောင်းရဲ့ […]

ကျန်းမာရေးအတွက်သိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာရပ်များ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း April 19, 2019

ရေငတ်ခြင်း၊ ဆီးသွားတဲ့အခါ အရောင်ရင့်ရင့်အရည်များသွားခြင်းက သင်ရေများများသောက်ဖို့ လိုအပ်နေကြောင်း သတိပေးနေတဲ့ လက္ခဏာတွေပါပဲ။ ခံတွင်းအနံ့အသက်မကောင်းခြင်း၊ စိတ်ဆိုးဒေါသထွက်လွယ်နေခြင်း၊ စိတ်ပင်ပန်းခြင်း၊ ချိုသော အစားအစာများ စားသုံးချင်စိတ်ဖြစ်ပေါ်ခြင်းကလည်း ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ အခြားသော စိုးရိမ်သင့်တဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။ ရုတ်တရက်မတ်တပ်ရပ်လိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်း ထိုင်နေရာက ရုတ်တရက်မတ်တပ်ရပ်လိုက်မယ် (သို့) လှဲလျောင်းနေရာက ချက်ချင်းမတ်တပ်ရပ်လိုက်တဲ့အခါ ခေါင်းမူးသွားသလိုခံစားရခြင်းက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေတဲ့အတွက်ကြောင့် သွေးပေါင်ချိန်နဲ့ သွေးဖိအားကျနေလို့ပဲဖြစ်ပါတယ်။ အသားအရေတင်းရင်းမှု မရှိဘဲ လျော့တိလျော့ရဲဖြစ်ခြင်း အရေပြားကို စက္ကန့်အနည်းငယ်ကြာ ဆွဲဆိတ်ထားပြီး ပြန်လွှတ်ချလိုက်ပါ။ သူ့မူလအသားအရေအတိုင်း လျင်လျင်မြန်မြန် ပြန်လည်ရောက်ရှိသွားမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ဒီလိုမှမဟုတ်ပဲ နဂိုမူလအသားရေကို ပြန်လည်ရောက်ရှိဖို့ အချိန်တော်တော်ကြာနေမယ်ဆိုရင်တော့ သင် ရေဓာတ်ခမ်းခြောက်နေပါတယ်။ ရေဓာတ်ခမ်းခြောက်တိုင်းမှာ အသားအရေတင်းရင်းမှုက ၅ ရာခိုင်နှုန်းစီ […]

ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါခံစားရရင် သဘာဝအတိုင်းမြန်မြန်ဆန်ဆန် ဘယ်လိုကုသမလဲ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ September 2, 2018

ဆီးနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရပြီဆိုရင် အကောင်းဆုံးကုသနည်းကတော့ ရေများများသောက်ခြင်းပါပဲ။ ရေများများသောက်လိုက်တဲ့အတွက်ကြောင့် ဘက်တီးရီးယားတွေက ဆီးကတစ်ဆင့်ထွက်သွားပြီး ဝေဒနာခံစားရမှုကို သက်သာစေမှာပါ။ ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ စုပုံနေပြီဆိုရင် ဆီးလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေကို ခံစားရနိုင်ပါတယ်။ ခုခံအားနည်းရင် ဒီဝေဒနာကို ခံစားရနိုင်သလို၊ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ရိုက်ထိတွေ့တဲ့အခါမှာလည်း ဝေဒနာခံစားရနိုင်ပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေဟာ ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးအိမ်နဲ့ ကျောက်ကပ်တွေဆီကို အထိန်းအကွပ်မဲ့ရောက်ရှိသွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါခံစားရတဲ့သူတွေမှာ သိသာထင်ရှားတဲ့လက္ခဏာပြတာ မဟုတ်တဲ့အတွက်ကြောင့် ဝေဒနာခံစားနေရသူက မိမိကိုယ်တိုင်ခံစားနေရတာကိုတောင် ရိပ်မိမှာမဟုတ်ပါဘူး။ ဘယ်လိုလက္ခဏာတွေ ပြမလဲဆိုရင် ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ဆီးသွားတဲ့အခါမှာလည်း အနည်းငယ်ပဲသွားပြီး အနံ့အသက်အလွန်ပြင်းခြင်း၊ ဆီးသွားပါက သွေးပါခြင်း၊ ဝမ်းဗိုက်အောက်နား အောင့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားအနည်းငယ်ရှိခြင်းနဲ့ ချမ်းတုန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အထက်ဖော်ပြပါလက္ခဏာတွေ ခံစားရပြီဆိုရင် သဘာဝအတိုင်းလျင်လျင်မြန်မြန် […]

အသားအရေကျန်းမာလှပနေခြင်းနဲ့ ရေက ဘယ်လိုဆက်စပ်မှုရှိသလဲ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ September 2, 2018

အသားအရေ ဂရုစိုက်တတ်တဲ့ ပျိုမေလေးတွေ အနေနဲ့ ရေသောက်ပြီး အမြဲတမ်းရေဓာတ်ဖြည့်နေဖို့ကို မမေ့လျော့သင့်ပါဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အခြားသောအင်္ဂါအစိတ်အပိုင်းလေးတွေလိုပဲ အရေပြားကလည်း ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ အရေပြားဆဲလ်လေးတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ရေလိုအပ်ပါတယ်။ ရေက အသားအရေ ကျန်းမာလှပနေစေဖို့ ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာကို ဆက်လက် ဖတ်ရှုကြည့်ရအောင်နော်။ အသားအရေအစိုဓာတ်ကို ထိန်းသိမ်းပေးဖို့အတွက် တကူးတကကြီး Skincare တွေ Moisturizer Gel တွေ မလိမ်းချင်ဘူးဆိုရင်တော့ ရေပုံမှန်သောက်ပေးပါနော်။ ရေက သဘာဝ Moisturizer ပါပဲ။ အရေပြားဆဲလ်လေးတွေဆီ အာဟာရတွေရောက်ရှိအောင်လို့ ရေကပဲ အဓိကသယ်ယူပို့ဆောင်ပေးတာပါ။ အရေပြားတစ်သျှူးလေးတွေ အသစ်ပြန်လည်ဖြစ်လာအောင်၊ အရေပြားတင်းရင်းလာအောင် ရေကပဲ အဓိကပြုလုပ်ပေးတာပါ။ အရေးအကြောင်းဖြစ်ခြင်း၊ ပါးရေတွန့်ခြင်းတွေက အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာတွေပါပဲ။ ရေဓာတ်ခမ်းခြောက်ခြင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ ဘယ်မိန်းကလေးကမှ အသက်အရွယ်ထက် […]

ရေသောက်ခြင်းနှင့် အသည်းထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားခြင်း

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 31, 2018

အသက်ရှင်နေထိုင်ဖို့အတွက် ရေက အရေးကြီးဆုံးဖြစ်သလို ခန္ဓာကိုယ်ထဲမှာ ရေပါဝင်မှုက အများဆုံးဖြစ်ပါတယ်။ အသည်းထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ရာ ရေသောက်သုံးသင့်ပါတယ်။ ရေသောက်ပေးမယ်ဆိုရင် အသည်းက အဆိပ်အတောက်တွေဖြေနေတုန်းမှာ ကျောက်ကပ်ကိုလည်း ကူညီပေးပါသေးတယ်။ ဒါမှ အသည်းက သူ့လုပ်ငန်းကို အာရုံစိုက်ပြီး အလုပ်လုပ်နိုင်မှာမို့လို့ပါ။ ရေထဲကို သံပုယိုသီးထည့်ပေးခြင်းကလည်း အဆိပ်ဖြေတဲ့ဖြစ်စဉ်ကို ကူညီပေးနိုင်သလို၊ အဆိပ်အတောက်ဖယ်ရှားပေးတဲ့ သည်းခြေရည်ကိုလည်း လှုံ့ဆော်ပြီးသားဖြစ်ပါတယ်။ အသည်းတစ်သျှူးများကို သန့်စင်ပေးတယ် ရေသောက်ခြင်းရဲ့ အဓိကကောင်းကျိုးကတော့ အသည်းတစ်သျှူးများကို သန့်စင်ပေးခြင်းပဲဖြစ်ပါတယ်။ အသည်းနဲ့ ကျောက်ကပ်ကတစ်ခုနဲ့တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အမှီသဟဲပြုနေပါတယ်။ ရေဓာတ်လုံလောက်စွာ ရရှိခြင်းကြောင့် ကျောက်ကပ်ကလည်း အညစ်အကြေးဖယ်ရှားတဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်ပြီး အသည်းကလည်း သူ့ကိုယ်ပိုင်အညစ်အကြေးကို ဖယ်ရှားနိုင်မှာပါ။ ကျောက်ကပ်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ တစ်နေ့ကို ရေ ၈ ခွက်နဲ့အထက် သောက်သုံးသင့်ပါတယ်။ ရေထဲကို သံပုယိုသီးထည့်ခြင်း မနက်ခင်းသောက်တဲ့ […]

အရွယ်တင်နုပျိုစေသောနည်းလမ်းများနှင့် ရေသောက်ခြင်း

in ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 31, 2018

တခါတရံမှာ သင်သောက်သုံးတဲ့ရေထဲမှာ သင့်ရှိယင်းစွဲအသက်ထက် အိုစာသွားအောင် ပြုလုပ်တဲ့ ညစ်ညမ်းစေတဲ့အရာတွေ ပါဝင်ပါတယ်။ ဘုံဘိုင်ခေါင်းကရေကို စစ်သောက်တယ်ဆိုရင်တောင် ရေထဲမှာ ဘယ်လိုဓာတုဓာတ်တွေ၊ ဘယ်လိုဘက်တီးရီးယားတွေ၊ ဘယ်လိုသတ္တုဓာတ်တွေ ပါသလဲဆိုတာကို သိထားသင့်ပါတယ်။ မြို့တွင်းရေပေးဝေတဲ့စနစ်က ရရှိတဲ့ရေကိုလည်း စိတ်ချရတယ်လို့ တစ်ထစ်ချမယုံကြည်ပါနဲ့။ ချိုးရေနဲ့ သောက်သုံးရေထဲမှာ အနည်အနစ်တွေများပြီး ညစ်ညမ်းမှုတွေများတဲ့အခါ သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ခန္ဓာကိုယ်က သန့်စင်တဲ့ရေဓာတ်ကိုမရတဲ့အခါ သင့်စွမ်းအင်နဲ့အလှအပကို ထိခိုက်နိုင်သလို အသက်လည်းတိုစေနိုင်ပါတယ်။ ရေထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေက အစာအိမ်ကိုဒုက္ခပေးနိုင်ပြီး၊ ခေါင်းကိုက်ခြင်း၊ အပြင်းအထန်ဖျားနာခြင်းနဲ့ အူနဲ့ပတ်သက်တဲ့ရောဂါဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။ ရေဒီယိုနျူကလိုင်းဓာတ်က ကင်ဆာရောဂါနဲ့ အရေပြားရင့်ရော်ခြင်း၊ အမဲစက်ဖြစ်ပေါ်အောင်ပြုလုပ်ပါတယ်။ အာဆင်းနစ်၊ ဘန်ဇင်း၊ စတိုင်ရင်း၊ ဖလိုရိုက်၊ ကြေးနီနဲ့ ခဲ ဓာတ်များက အရေပြားကို ထိခိုက်စေပြီး၊ ကင်ဆာရောဂါနဲ့ သွေးလှည့်ပတ်စနစ်ကို ပျက်စီးစေရုံမက သွားကျန်းမာရေးနဲ့ […]

ဆီးချိုရောဂါနှင့် ရေအကြောင်း

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 31, 2018

ရေမှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒြိုက် မပါဝင်တာကြောင့် ဆီးချိုသမားများအတွက် သောက်သုံးဖို့အသင့်တော်ဆုံးပါပဲ။ လေ့လာချက်အရ ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ သကြားဓာတ်ကိုထိန်းချုပ်ပေးပါတယ်။ သွေးထဲမှ သကြားဓာတ်ကို ထိန်းချုပ်ခြင်း ဆီးချိုရောဂါခံစားနေရသူများက သွေးထဲမှာ သကြားဓာတ်များနေတဲ့အခါ ခန္ဓာကိုယ်က ရေများများလိုအပ်ပါတယ်။ ရေများများသောက်ပေးမှ သွေးထဲပိုလျှံနေတဲ့သကြားဓာတ်ကို ဆီးမှတစ်ဆင့်စွန့်ထုတ်ပေးအောင် ကျောက်ကပ်ကလုပ်ဆောင်ပေးပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆီးချိုရောဂါ သွေးထဲမှာ သကြားဓာတ်မြင့်မားခြင်းက ရေဓာတ်ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။ ခန္ဓာကိုယ်က ပိုလျှံနေတဲ့ သကြားဓာတ်ကို ဆီးမှတစ်ဆင့် ဖယ်ရှားဖို့ကြိုးစားနေတဲ့အခါ ရေသောက်ပြီး ရေဓာတ်ဖြည့်ပေးခြင်းဖြင့် တစ်ဖက်တစ်လှမ်းက ကူညီပေးပါ။ အဲ့လိုမှမဟုတ်ရင် လိုအပ်တဲ့ရေဓာတ်ကို တံတွေးနဲ့ မျက်ရည်တွေကနေ အစားယူရပါလိမ့်မယ်။ ရေဓာတ်လုံလောက်စွာမရဘူးဆိုရင် သကြားဓာတ်ကဆီးကနေ တစ်ဆင့်မထွက်သွားနိုင်ဘဲ ခန္ဓာကိုယ်ထဲမှာပဲ ပိတ်လှောင်နေပြီး ရေဓာတ်ခမ်းခြောက်ခြင်းသံသရာက လွတ်မြောက်မှာ မဟုတ်တော့ပါဘူး။ တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲ အမျိုးသမီးများအနေနဲ့ တစ်နေ့ကို ရေ […]

အစာရှောင်ပြီး ရေသောက်သုံးခြင်း၏ ကောင်းကျိုးနှင့် ဆိုးပြစ်များ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 30, 2018

ဘာကြောင့် အစာရှောင်ကြတာလဲ။ လူတော်တော်များများ အစာရှောင်ရခြင်းက ဘာသာရေးနဲ့သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းများကို လိုက်နာရခြင်း၊ ကိုယ်အလေးချိန်ကျလိုခြင်း၊ အဆိပ်ဖြေခြင်းနဲ့ ခွဲစိတ်ကုသမှုခံယူခါနီးလူနာများ အစာရှောင်ကာ ရေပဲသောက်သုံးကြပါတယ်။ လူအများစု အစာမစားဘဲ ရေသောက်သုံးခြင်းက ကိုယ်တွင်းအဆိပ်ဖြေပြီး ကျန်းမာရေးကောင်းချင်ကြလို့ပါ။ ရေသောက်ပြီး အစာရှောင်တာက ဘယ်လိုလုပ်ရတာလဲ အစာရှောင်ပြီး ရေဘယ်လိုသောက်ရမလဲဆိုတာကို သိပ္ပံနည်းကျလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေတော့ မရှိပါဘူး။ ဒီနည်းလမ်းကို ဆရာဝန်ရဲ့ထောက်ခံချက်မရရှိပဲနဲ့ မပြုလုပ်သင့်ပါဘူး။ ဒူလာရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းသူများ၊ အစာပုံမှန်မစားသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ ကလေးသူငယ်များက အစာရှောင်ပြီး ရေချည်းပဲ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အချိန်ဘယ်လောက်ကြာကြာပြုလုပ်ရမလဲ ဒီနည်းလမ်းကို ပြုလုပ်ချင်သူများက အစာလုံးဝမစားဘဲ ရေပဲသောက်သုံးရမှာပါ။ သောက်ရမယ့် ရေပမဏကတော့ တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာအထိသောက်ရမှာပါ။ ကြာမြင့်ချိန်ကလည်း ၂၄ နာရီကနေ […]

သင့်ဘဝကို ပြောင်းလဲပေးမယ့် ရေသောက်ခြင်းအကြောင်းအရင်းများ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 30, 2018

ဒီနေ့တစ်နေ့လုံး ရေငတ်တာကို ခံစားမိသေးလား။ ခံစားမိတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က ရေဓာတ်ပြန်ဖြည့်ပေးဖို့ တောင်းဆိုနေတာပါ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေအကုန်လုံးက ရေဓာတ်မရရှိရင် ကောင်းစွာအလုပ်မလုပ်နိုင်ပါဘူး။ ရေမရှိရင် အသက်မရှင်နိုင်ပါဘူး။ အစားမစားဘဲနဲ့ အသက်ရှင်နိုင်ပေမယ့် ရေမသောက်ရင်တော့ အများဆုံးတစ်ပတ်ပဲ ခံနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ရေကို အဓိကဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။ ကင်ဆာရောဂါကာကွယ်ပေးတယ် လေ့လာချက်တွေအရ ရေဓာတ်ပြည့်ဝနေခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ချေကို ၄၅ ရာခိုင်နှုန်းခန့်နဲ့ ဆီးအိမ်ကင်ဆာကို ၅၀ ရာခိုင်နှုန်းလျော့ချပေးပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။ စိတ်ရှုပ်ထွေးမှုကို လျော့နည်းစေတယ် ရေသောက်ခြင်းက စိတ်တိုခြင်း၊ တွေဝေရှုပ်ထွေးမှုလျော့နည်းအောင် ပြုလုပ်ပေးတယ်လို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေချင်ပြီးတော့ အတွေးအခေါ်အကြံဥာဏ်ကောင်းတွေ ရရှိအောင်လို့ ရေများများသောက်ပါ။ ကိုယ်အလေးချိန်ကျစေတယ် ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့ ရေဓာတ်ပြည့်ဝစွာနေခြင်းက အစား စားချင်စိတ်ကို ဟန့်တားပေးပါတယ်။ အစား စားတဲ့အခါမှာလည်း အလွန်အကျွံမစားမိအောင် […]

    Cart