မနက်အိပ်ရာနိုးနိုးချင်း ဝမ်းဗိုက်ထဲအစာမရှိချိန်မှာ ရေသောက်သုံးခြင်းရဲ့ ကောင်းကျိုး ၄ ချက်

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ May 21, 2019

ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိက ရေဓာတ်နဲ့ဖွဲ့စည်းထားခြင်းကြောင့်  ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်ဖို့ရန်အတွက် ရေက မရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ရေက အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ၊ တစ်သျှူးများကို ကာကွယ်ပေးထားပြီး အာဟာရနဲ့ အောက်စီဂျင်ကို ဆဲလ်များဆီသို့ ပို့ဆောင်ပေးပါတယ်။ အာဟာရနဲ့ သတ္တုဓာတ်များ ပျော်ဝင်အောင်လုပ်ဆောင်ပေးပြီး ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။

သင် အိပ်ရာနိုးနိုးချင်းမှာ သင့်ခန္ဓာကိုယ်က ရေဓာတ်ကို တောင့်တနေတာဖြစ်တဲ့အတွက် အိပ်ရာထတာနဲ့ ရေ ၂ ခွက်၊ ၃ ခွက် ခန့် သောက်သုံးပေးပါ။ ဒီလိုသောက်သုံးပေးခြင်းက သင်ထင်ထားတာထက်ကို ကျန်းမာရေးကောင်းကျိုးအမြောက်အမြားရရှိနိုင်ပါတယ်။ ဝမ်းဗိုက်ထဲအစာမရှိချိန် အိပ်ရာနိုးနိုးချင်းမှာ ရေသောက်သုံးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများကတော့-

ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း

ဝမ်းဗိုက်ထဲအစာမရှိချိန်ရေသောက်သုံးခြင်းက အူမကြီးကို သန့်စင်ပေးပါတယ်။ အူမကြီးက သန့်စင်နေတဲ့အတွက်ကြောင့် အာဟာရများများစုပ်ယူနိုင်ဖို့အတွက် အူလမ်းကြောင်းရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲရှိအညစ်အကြေးနဲ့ အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပေးပါတယ်။

အူလမ်းကြောင်း ကျန်းမာနေဖို့ ကူညီပေးခြင်း

ဝမ်းချုပ်ခြင်း၊ အစာမကြေဖြစ်ခြင်းနဲ့ အခြားသော အူလမ်းကြောင်းနဲ့ အစာအိမ်ရောဂါများမဖြစ်ပွားအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် အူလမ်းကြောင်း ကျန်းမာနေဖို့အတွက် အိပ်ရာနိုးနိုးချင်းမှာ ရေသောက်သုံးပေးလိုက်ပါ။

ကိုယ်တွင်းအင်္ဂါများ ကျန်းမာကြံ့ခိုင်နေခြင်း

ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေမှသာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများက ကောင်းစွာအလုပ်လုပ်ဆောင်နိုင်မှာပါ။ ရေသောက်ခြင်းက သွေးကြောစနစ်များကို ကောင်းမွန်စေပြီး ထိုသွေးကြောစနစ်များက သင့်ကိုယ်တွင်းရှိအရည်များကို ညီညွှတ်မျှတအောင် ထိန်းညှိပေးပါတယ်။

ကိုယ်ခံစွမ်းအားမြင့်မားပြီး ပြင်ပမှရောဂါဘယများကို တိုက်ထုတ်ပေးခြင်း

ကူးစက်ရောဂါနဲ့ မကောင်းသောဆဲလ်များကို တိုက်ဖျက်ပေးဖို့အတွက် ခန္ဓာကိုယ်ထဲမှာ ခုခံစွမ်းအားဆိုတဲ့အရာက တစ်ပါတည်းပါရှိပြီးသားဖြစ်ပါတယ်။ အစာမရှိတဲ့အချိန် ရေသောက်ခြင်းက ထိုကူးစက်ရောဂါများ တိုက်ထုတ်နိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။

ဂျပန်ဆေးပညာအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ အိပ်ရာနိုးနိုးချင်း အစာမရှိတဲ့အချိန် ရေသောက်ခြင်းက ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ အဝလွန်ခြင်း၊ အဆစ်ရောင်ရောဂါ၊ ဝက်ရူးပြန်ရောဂါ၊ ပန်းနာရင်ကြပ်၊ တီဘီရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ မျက်လုံးနှင့် အမြင်အာရုံပိုင်းဆိုင်ရာရောဂါ၊ နား၊ နှာခေါင်းနဲ့ လည်ချောင်းကြောင့်ခံစားရတဲ့ဝေဒနာများ၊ ကင်ဆာရောဂါ စတဲ့ ရောဂါဘယများ မခံစားရအောင် ကူညီပေးပါတယ်။ ဒါ့အပြင် အမျိုးသမီးများ လစဉ်ဓမ္မတာမမှန်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။

    Cart