ရေသောက်ခြင်းနှင့် အသည်းထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားခြင်း

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 31, 2018

အသက်ရှင်နေထိုင်ဖို့အတွက် ရေက အရေးကြီးဆုံးဖြစ်သလို ခန္ဓာကိုယ်ထဲမှာ ရေပါဝင်မှုက အများဆုံးဖြစ်ပါတယ်။ အသည်းထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ရာ ရေသောက်သုံးသင့်ပါတယ်။ ရေသောက်ပေးမယ်ဆိုရင် အသည်းက အဆိပ်အတောက်တွေဖြေနေတုန်းမှာ ကျောက်ကပ်ကိုလည်း ကူညီပေးပါသေးတယ်။

ဒါမှ အသည်းက သူ့လုပ်ငန်းကို အာရုံစိုက်ပြီး အလုပ်လုပ်နိုင်မှာမို့လို့ပါ။ ရေထဲကို သံပုယိုသီးထည့်ပေးခြင်းကလည်း အဆိပ်ဖြေတဲ့ဖြစ်စဉ်ကို ကူညီပေးနိုင်သလို၊ အဆိပ်အတောက်ဖယ်ရှားပေးတဲ့ သည်းခြေရည်ကိုလည်း လှုံ့ဆော်ပြီးသားဖြစ်ပါတယ်။

အသည်းတစ်သျှူးများကို သန့်စင်ပေးတယ်

ရေသောက်ခြင်းရဲ့ အဓိကကောင်းကျိုးကတော့ အသည်းတစ်သျှူးများကို သန့်စင်ပေးခြင်းပဲဖြစ်ပါတယ်။ အသည်းနဲ့ ကျောက်ကပ်ကတစ်ခုနဲ့တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အမှီသဟဲပြုနေပါတယ်။ ရေဓာတ်လုံလောက်စွာ ရရှိခြင်းကြောင့် ကျောက်ကပ်ကလည်း အညစ်အကြေးဖယ်ရှားတဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်ပြီး အသည်းကလည်း သူ့ကိုယ်ပိုင်အညစ်အကြေးကို ဖယ်ရှားနိုင်မှာပါ။ ကျောက်ကပ်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ တစ်နေ့ကို ရေ ၈ ခွက်နဲ့အထက် သောက်သုံးသင့်ပါတယ်။

ရေထဲကို သံပုယိုသီးထည့်ခြင်း

မနက်ခင်းသောက်တဲ့ ရေတစ်ခွက်ထဲကို သံပုယိုသီးထည့်ပေးခြင်းက အသည်းအဆိပ်အတောက်ဖြေခြင်း လုပ်ငန်းစဉ်ကို ကူညီပေးပါတယ်။ ဒါ့အပြင် သံပုယိုသီးရဲ့ ဗီတာမင် စီ ဓာတ်နဲ့ အခြား Antioxidants တွေက သည်းခြေအိတ်ကျုံ့သွားအောင်လည်း လုပ်ဆောင်ပေးပါတယ်။ သည်းခြေအိတ်ကျုံ့သွားခြင်းကြောင့် အသည်းထဲမှာ တစ်ညလုံးစုပုံနေတဲ့ အဆိပ်အတောက်တွေကို အရင်ဆုံးအူသိမ်အူပိုင်းကိုပို့ဆောင်ပေးဖို့ သည်းခြေအိတ်ကို ကျုံ့ပေးခြင်းဖြင့် သည်းခြေရည်ကို လှုံ့ဆော်လိုက်ပါတယ်။ အဆိပ်အတောက်များက အူသိမ်အူဦးပိုင်းမှတစ်ဆင့် အူထဲသို့ရောက်ပြီး ထိုမှတစ်ဖန် ခန္ဓာကိုယ်ပြင်ပသို့ ရောက်ရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေသောက်ခြင်းကြောင့် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

အသည်းရောဂါမှ ကာကွယ်ပေးပြီး အသည်းကျန်းမာနေစေဖို့ ဘယ်လိုလုပ်ရမလဲ

အရက်အလွန်အကျွံသောက်ခြင်းက အသည်းဆဲလ်တွေကို ပျက်စီးစေခြင်းကြောင့် အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

အရက်သေစာသောက်သုံးခြင်းကြောင့်ပဲ အသည်းထိခိုက်နိုင်တာမဟုတ်ပါဘူး၊ အစားအသောက်မဆင်ခြင်ဘဲ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေ စားခြင်းကလည်း အသည်းအဆီဖုံးခြင်း၊ အဝလွန်ခြင်း စတဲ့ရောဂါတွေ ဖြစ်နိုင်တာမို့လို့ မိမိကိုယ်အလေးချိန်ကို ထိန်းသိမ်းကာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာကိုပဲ စားသုံးပါ။

အမြဲတမ်းရေဓာတ်ပြည့်ဝစွာနေထိုင်ဖို့ကတော့ အရမ်းအရေးကြီးပါတယ်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ရရှိနိုင်မှာအမှန်ပါပဲ။

    Cart