အရွယ်တင်နုပျိုစေသောနည်းလမ်းများနှင့် ရေသောက်ခြင်း

in ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 31, 2018

တခါတရံမှာ သင်သောက်သုံးတဲ့ရေထဲမှာ သင့်ရှိယင်းစွဲအသက်ထက် အိုစာသွားအောင် ပြုလုပ်တဲ့ ညစ်ညမ်းစေတဲ့အရာတွေ ပါဝင်ပါတယ်။ ဘုံဘိုင်ခေါင်းကရေကို စစ်သောက်တယ်ဆိုရင်တောင် ရေထဲမှာ ဘယ်လိုဓာတုဓာတ်တွေ၊ ဘယ်လိုဘက်တီးရီးယားတွေ၊ ဘယ်လိုသတ္တုဓာတ်တွေ ပါသလဲဆိုတာကို သိထားသင့်ပါတယ်။

မြို့တွင်းရေပေးဝေတဲ့စနစ်က ရရှိတဲ့ရေကိုလည်း စိတ်ချရတယ်လို့ တစ်ထစ်ချမယုံကြည်ပါနဲ့။ ချိုးရေနဲ့ သောက်သုံးရေထဲမှာ အနည်အနစ်တွေများပြီး ညစ်ညမ်းမှုတွေများတဲ့အခါ သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ခန္ဓာကိုယ်က သန့်စင်တဲ့ရေဓာတ်ကိုမရတဲ့အခါ သင့်စွမ်းအင်နဲ့အလှအပကို ထိခိုက်နိုင်သလို အသက်လည်းတိုစေနိုင်ပါတယ်။

ရေထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေက အစာအိမ်ကိုဒုက္ခပေးနိုင်ပြီး၊ ခေါင်းကိုက်ခြင်း၊ အပြင်းအထန်ဖျားနာခြင်းနဲ့ အူနဲ့ပတ်သက်တဲ့ရောဂါဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။ ရေဒီယိုနျူကလိုင်းဓာတ်က ကင်ဆာရောဂါနဲ့ အရေပြားရင့်ရော်ခြင်း၊ အမဲစက်ဖြစ်ပေါ်အောင်ပြုလုပ်ပါတယ်။ အာဆင်းနစ်၊ ဘန်ဇင်း၊ စတိုင်ရင်း၊ ဖလိုရိုက်၊ ကြေးနီနဲ့ ခဲ ဓာတ်များက အရေပြားကို ထိခိုက်စေပြီး၊ ကင်ဆာရောဂါနဲ့ သွေးလှည့်ပတ်စနစ်ကို ပျက်စီးစေရုံမက သွားကျန်းမာရေးနဲ့ ကိုယ်ဝန်ဆောင်မိခင်များဆိုရင် သန္ဓေသားကို ထိခိုက်နိုင်ပါတယ်။

ဒါ့ကြောင့် ရေသန့်ကုမ္ပဏီများက Vitamin E နဲ့ ဖက်တီးအက်ဆစ်များကို ဖယ်ရှားပေးနိုင်ပြီး အသားအရည်ကျန်းမာအောင် ထိန်းသိမ်းပေးမယ့် ကလိုရင်း၊ ကလိုရာမင်း၊ ကလိုရင်းဒိုင်အောက်ဆိုဒ် စတဲ့ ပိုးသတ်ဆေးများကို ရေသန့်ထုတ်တဲ့နည်းလမ်းထဲမှာ ပါဝင်အောင်ထည့်ထားပါတယ်။

ကောင်းတဲ့အရာတစ်ခု ဘုံဘိုင်ခေါင်းမှ ရေက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ မပါသလောက်ကို နည်းပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေက ဘယ်အဆင့် ဘယ်ပမာဏလောက်ပါမှ အချက်ပြသလဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်အောင် ရေကို အသန့်စင်ဆုံးစစ်သောက်သင့်ပါတယ်။

သောက်ရေသန့်သောက်သုံးခြင်းက သင့်အသားအရည်အတွက်လည်း ကောင်းသလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတဲ့ လက္ခဏာများမှလည်း ကာကွယ်ပေးပါတယ်။ သင့်မိသားစုကိုလည်း ရောဂါဝေဒနာများမခံစားရအောင် ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် သင့်ကျန်းမာရေးရော သင့်မိသားစုကျန်းမာရေးကိုပါ ကာကွယ်နိုင်မယ့် အဆိပ်အတောက်များ ဖယ်ရှားထားတဲ့ သောက်ရေသန့်များကို ရွေးချယ်သောက်သုံးသင့်ပါတယ်။

ရေသန့်စက်ကို သင့်အိမ်မှာ တပ်ဆင်ထားခြင်းကလည်း ရေထဲက အဆိပ်အတောက်အညစ်အကြေးများကို ဖယ်ရှားပေးနိုင်တာကြောင့် မိမိကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုကာ အရွယ်တင်နုပျိုစေပြီး ကျန်းမာလှပတဲ့လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

    Cart