ဘာ့ကြောင့် ရေများများသောက်သုံးသင့်သလဲ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ April 19, 2019

ရေမှန်မှန်သောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် ကောင်းမွန်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရေဓာတ်ပြည့်ဝခြင်းက ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကိုတော့  လူနည်းစုလောက်ကသာ ဂရုစိုက်အလေးထားကြတာပါ။ လက်တွေ့မှာတော့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအကုန်လုံးက ရေဓာတ်ပေါ်မှာ မှီတည်နေရတာပါ။ အရွယ်ရောက်ပြီးသားလူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရေဓာတ် သုံးပုံနှစ်ပုံနဲ့ ဖွဲ့စည်းထားတာပါ။ သင့်ခန္ဓာကိုယ်တစ်သျှူးများနဲ့ အင်္ဂါအစိတ်အပိုင်းများက ရေဘယ်လောက်ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားသလဲဆိုတာ သင်သိပါသလား။ ဦးနှောက်က ရေ ၈၀ ရာခိုင်နှုန်း၊ နှလုံးကြွက်သားအပါအဝင် အခြားကြွက်သားများက ၇၅ ရာခိုင်နှုန်း၊ သွေးကတော့ ၈၃ ရာခိုင်နှုန်း၊ အဆုတ်က ၉၀ ရာခိုင်နှုန်း၊ အသားအရေက ၆၄ ရာခိုင်နှုန်းနဲ့ အရိုးတွေကတော့ ရေ ၃၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ လုံလောက်တဲ့ရေဓာတ်ရရှိခြင်းက သင့်ခန္ဓာကိုယ်အတွက် မည်သည့်ကောင်းကျိုးများ ဆောင်ကျဉ်းပေးနိုင်ပါသလဲ။ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းကျိုးပေးစွမ်းနိုင်ခြင်း သင့်ဦးနှောက်က ရေဓာတ်နဲ့ […]

ရေသောက်ခြင်းနှင့် အသည်းထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားခြင်း

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 31, 2018

အသက်ရှင်နေထိုင်ဖို့အတွက် ရေက အရေးကြီးဆုံးဖြစ်သလို ခန္ဓာကိုယ်ထဲမှာ ရေပါဝင်မှုက အများဆုံးဖြစ်ပါတယ်။ အသည်းထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ရာ ရေသောက်သုံးသင့်ပါတယ်။ ရေသောက်ပေးမယ်ဆိုရင် အသည်းက အဆိပ်အတောက်တွေဖြေနေတုန်းမှာ ကျောက်ကပ်ကိုလည်း ကူညီပေးပါသေးတယ်။ ဒါမှ အသည်းက သူ့လုပ်ငန်းကို အာရုံစိုက်ပြီး အလုပ်လုပ်နိုင်မှာမို့လို့ပါ။ ရေထဲကို သံပုယိုသီးထည့်ပေးခြင်းကလည်း အဆိပ်ဖြေတဲ့ဖြစ်စဉ်ကို ကူညီပေးနိုင်သလို၊ အဆိပ်အတောက်ဖယ်ရှားပေးတဲ့ သည်းခြေရည်ကိုလည်း လှုံ့ဆော်ပြီးသားဖြစ်ပါတယ်။ အသည်းတစ်သျှူးများကို သန့်စင်ပေးတယ် ရေသောက်ခြင်းရဲ့ အဓိကကောင်းကျိုးကတော့ အသည်းတစ်သျှူးများကို သန့်စင်ပေးခြင်းပဲဖြစ်ပါတယ်။ အသည်းနဲ့ ကျောက်ကပ်ကတစ်ခုနဲ့တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အမှီသဟဲပြုနေပါတယ်။ ရေဓာတ်လုံလောက်စွာ ရရှိခြင်းကြောင့် ကျောက်ကပ်ကလည်း အညစ်အကြေးဖယ်ရှားတဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်ပြီး အသည်းကလည်း သူ့ကိုယ်ပိုင်အညစ်အကြေးကို ဖယ်ရှားနိုင်မှာပါ။ ကျောက်ကပ်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ တစ်နေ့ကို ရေ ၈ ခွက်နဲ့အထက် သောက်သုံးသင့်ပါတယ်။ ရေထဲကို သံပုယိုသီးထည့်ခြင်း မနက်ခင်းသောက်တဲ့ […]

တစ်နေ့တာလုံးအတွက် ရေသောက်သုံးဖို့ အကောင်းဆုံးအချိန်များ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 30, 2018

တစ်နေ့တာလုံးမှာ ခန္ဓာကိုယ်ကောင်းစွာ လှုပ်ရှားသွားလာနိုင်ပြီး လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ ရေ ၈ ခွက် သောက်သုံးရမယ်ဆိုတာကို သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ရေသောက်သုံးခြင်းက အကောင်းဆုံးလဲဆိုတာကိုရော သင် သိပါသလား။ ၁။ အိပ်ရာနိုးပြီးနောက် အိပ်ရာနိုးနိုးချင်း ရေတစ်ခွက် သောက်သုံးခြင်းက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို လှုံ့ဆော်အသက်သွင်းပေးလိုက်တာပါပဲ။ ဘာမှမစားရသေးခင် သောက်လိုက်တဲ့ ပထမဆုံးရေတစ်ခွက်က အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။ ၂။ အစားမစားခင် အစာမစားခင် မိနစ် ၃၀ ခန့်မှာ ရေသောက်ပေးခြင်းက အစာချေစနစ်ကို ကူညီပေးပါတယ်။ အစာစားပြီး တစ်နာရီကြာတဲ့နောက်မှာ အာဟာရဓာတ်တွေကို စုပ်ယူရာမှာ ကူညီပေးဖို့ ရေတစ်ခွက်သောက်ပေးပါ။ သတ်မှတ်ချိန်ထက် နောက်ကျမှသောက်ခြင်း၊ စောသောက်ခြင်းက အစာချေရည်တွေနဲ့အတူ ရေတွေက ရောသွားပြီး အကျိုးအာနိသင်ပြယ်သွားပါတယ်။ ၃။ ရေမချိုးခင် ရေမချိုးခင် ရေတစ်ခွက်သောက်ပေးခြင်းက သွေးပေါင်ထိန်းညှိပေးဖို့ […]

ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းလာအောင် ရေနဲ့အဆိပ်ဖြေတဲ့အခါမှာ သိထားသင့်တဲ့အရာများ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက် August 30, 2018

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့အဆိပ်တွေကို ဖယ်ရှားပေးဖို့အတွက် ရေနဲ့အဆိပ်ဖြေခြင်းနည်းက ခေတ်စားခဲ့တာပါ။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရောမ၊ ဂရိမှာ ရေနဲ့အဆိပ်ဖြေတဲ့ ယဉ်ကျေးမှုစတင်ထွန်းကားခဲ့ပါတယ်။ ပြုလုပ်တဲ့နည်းလမ်းကတော့ အမျိုးမျိုးရှိကြပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်ထဲမှ မကောင်းတဲ့အရာများနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ပဲဖြစ်ပါတယ်။ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ကလည်း သူတို့ရဲ့ရည်ရွယ်ချက်ပဲဖြစ်တယ်။ ယနေ့ခေတ်မှာဆိုရင် ဆေးဆိုင်တိုင်းမှာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့အတွက် ဆေးဝါးထုတ်ကုန်တွေကလည်း ပေါများနေပြီဖြစ်တဲ့အတွက် ပိုပြီး လွယ်ကူသွားပါတယ်။  ဒါပေမယ့် အကောင်းဆုံးနဲ့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးအဆိပ်အတောက်ဖြေနည်းကတော့ ရေပဲဖြစ်ပါတယ်။ ရေနဲ့အဆိပ်ဖြေခြင်း ရေက လူသားတိုင်း အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်သလို ကျန်းမာရေးကောင်းမွန်အောင်လည်း ပြုလုပ်ပေးပါတယ်။ ရေကို နေ့စဉ်မှန်မှန်သောက်သုံးခြင်းက ကျန်းမာစွာနေထိုင်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပြီး ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ရေမှာ အခြားကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ အရာတွေလည်း ပါဝင်ပါသေးတယ်။ […]

သင်သိထားသင့်သော အရသာအရှိဆုံးသစ်သီးရေအကြောင်း ဆောင်ရန် ရှောင်ရန်များ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 27, 2018

သန့်စင်တဲ့ရေက အရောင် အနံ့ အရသာမရှိတဲ့အတွက်ကြောင့် ရိုးရိုးရေမသောက်ချင်သူများအတွက် အသစ်အဆန်းလေးဖြစ်သွားအောင် သစ်သီးရေလည်းပြောင်းသောက်ကြည့်ရအောင်။ သစ်သီးစိမ်ထားတဲ့ရေကို သောက်သုံးခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးပါတယ်။ ပထမဆုံးကောင်းကျိုးကတော့ ရေများများသောက်ခြင်းကြောင့် သင့်ကိုတစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေမှာပါ။ အစာချေစနစ်ကိုကူညီပေးပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ ဒါ့အပြင် သစ်သီးစိမ်ထားတဲ့ရေမှာ သစ်သီးရဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants တွေ ပါရှိပြီးသားဖြစ်တဲ့အတွက် အသားအရေကို နဂိုထက်စိုပြေဝင်းမွတ်စေမှာ အမှန်ပါပဲ။ သစ်သီးရေကို မသောက်သုံးခင်မှာ ဘယ်နှစ်နာရီလောက်စိမ်ထားသင့်သလဲ သင်ကြိုက်နှစ်သက်တဲ့ သစ်သီးတွေကို လှီးဖြတ်ပြီး ရေကရားထဲထည့်ပြီးနောက်မှာ တစ်နာရီကနေ နှစ်နာရီအထိ စိမ်ထားသင့်ပါတယ်။ အကယ်၍သစ်သီးရေကို ရေခဲသေတ္တာထဲထည့်မယ်ဆိုရင်တော့ သုံးနာရီကနေ လေးနာရီအထိ ထားပြီး သောက်သုံးနိုင်ပါပြီ။ သစ်သီးရေက ဘယ်နှရက်ခံလဲ သစ်သီးရေကို ပြုလုပ်တဲ့နေ့မှာပဲ ကုန်အောင်သောက်သုံးခြင်းက အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင်တော့ သုံးရက်ကြာခံပါတယ်။ ရေခဲသေတ္တာထဲထည့်ဖို့မေ့သွားတယ်ဆိုရင်တော့ သင်အိမ်ရာမဝင်ခင်မှာ ကုန်အောင်သောက်သင့်ပါတယ်။ […]

သစ်သီးစိမ်ထားသောရေသောက်ခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 27, 2018

ယနေ့ခေတ်မှာ လူတော်တော်များများက ရိုးရိုးရေသောက်သုံးမယ့်အစား ရေဘူးထဲကို သစ်သီးဝလံနဲ့ ဆေးဖက်ဝင်အပင်ထည့်ပြီး ရေသောက်ခြင်းက ခေတ်စားလာပါတယ်။ သစ်သီးရေသောက်သုံးခြင်းကြောင့် ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်သလဲ၊ သင်ရော ဘာကြောင့်သစ်သီးရေသောက်သုံးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ရေဓာတ်ဖြည့်ပေးတယ် သစ်သီးရေကို တစ်ရက်၊ နှစ်ရက်လောက်သောက်သုံးရုံနဲ့တော့ အကျိုးအာနိသင်ရှိမှာ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ သစ်သီးရေသောက်သုံးခြင်းက ကိုယ်ရောစိတ်ပါ နုပျိုလန်းဆန်းစေပါတယ်။ အကောင်းဆုံးအကျိုးကျေးဇူးကတော့ သင့်ကိုရေဓာတ်အမြဲတမ်း ပြည့်နေစေမှာဖြစ်ပါတယ်။ လူတော်တော်များများက မိမိတို့ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေကြတာကို မသိကြပါဘူး။ ရေထဲမှာ သစ်သီးတွေထည့်ထားခြင်းအားဖြင့် သင့်ကိုရေသောက်ဖို့ မမေ့အောင် အမြဲတမ်းသတိပေးနေမှာပါ။ ၂။ အသားအရေ ဝင်းမွတ်စိုပြေစေတယ်။ ရေနဲ့ သစ်သီးတွေရဲ့ပေါင်းစပ်အာနိသင်တွေကြောင့် အသားအရေက ပိုမိုချောမွတ်စိုပြေလာပြီး ပိုပြီးတော့လည်း ငယ်ရွယ်နုပျိုနေစေမှာပါ။ အောက်ဆီဂျင်နဲ့ အာဟာရတွေကို သယ်ယူပို့ဆောင်ပေးတဲ့အခါမှာလည်း ပိုပြီးလွယ်ကူလာစေပါတယ်။ ခန္ဓာကိုယ်ကိုရေဓာတ်ခြောက်သွေ့စေတဲ့ အရက်သေစာနဲ့ ကော်ဖီသောက်သုံးခြင်းမှလည်း ရှောင်ကြဉ်စေပါတယ်။ ၃။ […]

ရေကိုအသုံးပြုပြီး အဆိပ်ဖြေကာ ကိုယ်အလေးချိန်ချနည်း (၂) မျိုး

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက် August 27, 2018

ရေများများသောက်သုံးခြင်းက ကိုယ်အလေးချိန်ထိန်းညှိပေးဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပိုမြန်ဆန်ထိရောက်တဲ့နည်းလမ်းကို သုံးချင်တယ်ဆိုရင်တော့ ရေနဲ့အဆိပ်ဖြေခြင်းပဲဖြစ်ပါတယ်။ ရေနဲ့အဆိပ်ဖြေခြင်းနည်းလမ်း (၂) မျိုးကို ဖတ်ပြီးတဲ့နောက်မှာ ဝမ်းဗိုက်ချပ်ချပ်လေးရအောင် လိုက်လုပ်ကြည့်ရအောင်နော်။ ၁။ သခွား သံပုယိုရည် ပါဝင်ပစ္စည်းများ သခွားသီး နှစ်လုံး၊ သံပုယိုသီးတစ်လုံး၊ ပင်စိမ်းရွက်အနည်းငယ်၊ ရေ တစ်ကရား ပြုလုပ်နည်း သခွားသီး၊ သံပုယိုသီးနဲ့ ပင်စိမ်းရွက်များကို ရေစင်အောင်ဆေးပါ။ သခွားသီးနဲ့ သံပုယိုသီးကို ပါးပါးလှီးပြီး ရေကရားထဲထည့်ပါ။ ပင်စိမ်းရွက်လည်းထည့်လိုက်ပါ။ ရေခဲသေတ္တာထဲတွင် တစ်ညထည့်ထားပြီး နောက်တစ်နေ့မနက်ကစပြီး သောက်သုံးနိုင်ပါပြီ။ အကျိုးအာနိသင်များ သံပုယိုသီးက အစာချေစနစ်ကိုကူညီပေးပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ဗီတာမင်စီက အသားအရေကို ကြည်လင်တောက်ပလာအောင် ပြုလုပ်ပေးပါလိမ့်မယ်။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ဝမ်းဗိုက်ချပ်ချပ်လေးကို ရရှိစေမှာပါ။ ၂။ စတော်ဘယ်ရီ သံပုယိုရည် ပါဝင်ပစ္စည်းများ သန့်ရှင်းလတ်ဆတ်သော […]

အရသာရှိတဲ့ရေကို ဖန်တီးသောက်သုံးနည်း (၄) ချက်

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 27, 2018

ပူပြင်းခြောက်သွေ့တဲ့နေ့တွေမှာ ရေသောက်ခြင်းက သင့်ကို လန်းဆန်းတက်ကြွပေါ့ပါးစေတဲ့အတွက်ကြောင့် ရေသောက်ခြင်းလောက် ကောင်းမွန်တာမရှိပါဘူး။ သန့်စင်တဲ့ရေက အရောင် အနံ့ အရသာမရှိတဲ့အတွက်ကြောင့် တစ်ခါတစ်ရံမှာ သင်ကအခြားအရသာကောင်းမွန်တဲ့အချိုရည်တွေကို သောက်သုံးချင်မှာပါပဲ။ ဒါပေမယ့်လည်း အချိုဓာတ်လွန်ကဲတဲ့ အချိုရည်တွေက သင့်ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပြီး၊ သင့်ရဲ့တက်ကြွလန်းဆန်းတဲ့လူနေမှုဘဝကို နှောင့်ယှက်နိုင်တာမို့လို့ သဘာဝအတိုင်းရေကို အရသာရှိရှိဘယ်လိုသောက်သုံးမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ လတ်ဆတ်တဲ့သစ်သီးလေးတွေ စိမ်သောက်မယ် သင့်ရေကို သဘာဝအတိုင်းအရသာရှိစေမယ့် ပထမဆုံးနည်းလမ်းလေးကတော့ လတ်ဆတ်တဲ့သစ်သီးစိမ်သောက်ခြင်းပဲဖြစ်ပါတယ်။ ပထမဦးဆုံး ရေကရားကြီးတစ်ခုထဲ ရေအေးထည့်ပါ။ ရေကရားပိုကြီးလေ ပိုကောင်းလေပါပဲ။ ဒါမှ ခဏခဏထပ်ဖျော်စရာမလိုမှာပါ။ ပြီးရင် မိမိကြိုက်နှစ်သက်ရာ သစ်သီးကို ပါးပါးလှီးထည့်ပါ။ ပြီးရင် ရေခဲတုံးလေးတွေထည့်ပါ။ ဆန္ဒရှိတယ်ဆိုရင် သဘာဝဆေးဖက်ဝင်အပင်လေးတွေပါ ထပ်ထည့်နိုင်ပါတယ်။ သစ်သီးရေခဲထည့်မယ် သစ်သီးရေခဲပြုလုပ်ဖို့အတွက် အရင်ဆုံး မိမိကြိုက်နှစ်သက်တဲ့အသီးကို သစ်သီးဖျော်စက်ထဲထည့်ပြီး သစ်သီးအနှစ်လေးရအောင်ပြုလုပ်ပါ။ ရလာတဲ့သစ်သီးအနှစ်လေးတွေကို ရေခဲတုံးလင်ဗန်းထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံလိုက်ပါ။ […]

    Cart