ရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းကအဆီပိုတွေကို ဖယ်ရှားပေးနိုင်ရဲ့လား

in ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ January 5, 2020

[Zawgyi] ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ခြင်းက နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ နာတာရှည်ရောဂါများ မခံစားရအောင် ကူညီပေးပြီး ကိုယ့်ခန္ဓာကိုယ်ကို ကျေနပ်သဘောကျပြီး လှပနေတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ စာဖတ်သူတို့လည်း ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင်တော့ အစားအသောက်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စားသောက်ပေးရမှာဖြစ်သလို လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့လည်း လိုပါတယ်။ ဒါမှမဟုတ် အဆီပိုတွေကို ဖယ်ရှားပစ်ချင်တာဆိုရင်တော့ ရေသောက်ခြင်းက ကူညီပေးနိုင်ပါတယ်။ ရေသောက်ခြင်းနဲ့ ကိုယ်အလေးချိန်လျော့ချခြင်း အစာ မစားခင်ရေသောက်ခြင်းက အစားအများကြီး စားချင်စိတ်ကို လျော့ချပေးပြီး ကယ်လိုရီနဲ့အဆီဓာတ်စားသုံးမှုကို လျော့ချပေးကာ ကိုယ်အလေးချိန်ကျစေပါတယ်။ အစား မစားခင် ရေ ၈ အောင်စခန့် သောက်သုံးပေးခြင်းက ရက်သတ္တပတ် ၁၂ ပတ်အတွင်း ကိုယ်အလေးချိန် ၅ ပေါင်ခန့်လျော့ချပေးတယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ ဒါ့အပြင် ရေသောက်ပြီး ဝိတ်လျော့တဲ့လူတွေက ရေမသောက်ပဲ အစားအသောက်လျော့ပြီး ဝိတ်ချတဲ့သူတွေထက် […]

ကိုယ်အလေးချိန်လျော့ချပြီး ခန္ဓာကိုယ်သွယ်လျလှပချင်သူတွေအတွက် ဂျပန်လူမျိုးတို့ရဲ့ ရေကုထုံး

in ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ December 3, 2019

[Zawgyi] ဂျပန်လူမျိုးတွေရဲ့ ရေကုထုံးဆိုတာ ဘယ်လိုမျိုးလဲ။ ဂျပန်လူမျိုးတို့ရဲ့ ရေကုထုံးက သင့်အစာအိမ်ကို သန့်စင်ပေးပြီး အစာချေစနစ်ကို မြှင့်တင်ပေးတဲ့နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးများအသုံးပြုတဲ့ ရိုးရာရေကုထုံးက မနက်မိုးလင်းလင်းချင်းအိပ်ယာနိုးတာနဲ့ ရေသောက်သုံးရမှာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မနက်စောစောကို ရွှေရောင်အချိန်အဖြစ်သတ်မှတ်လေ့ရှိပြီး ထိုအချိန်မှာ ရေသောက်ခြင်းက ခန္ဓာကိုယ်အလေးချိန်ကျအောင်ကူညီပေးကာ အစာချေစနစ်ကိုကောင်းမွန်စေတဲ့အပြင် အခြားသောကျန်းမာရေးပြဿနာများ မခံစားရအောင် ကူညီပေးပါတယ်။ ဂျပန်ရိုးရာရေကုထုံးကို အသုံးပြုတဲ့အခါ လိုက်နာရမယ့် အချက် ၅ ချက် ၁။ မနက်မိုးလင်းလင်းချင်း အိပ်ယာနိုးတာနဲ့ ဘာမှမစားဘဲ ရေ ၄ ခွက်ကနေ ၆ ခွက် (၁၆၀ မီလီလီတာမှ ၂၀၀ မီလီလီတာ) အထိ သောက်သုံးပေးပါ။ ရေအေးသောက်သုံးရမှာ မဟုတ်ဘဲ ကြက်သီးနွေးရေနွေး (သို့) အခန်းအပူချိန်နဲ့ ညီမျှတဲ့ရေကို သောက်သုံးပေးရမှာပါ။ ထိုရေထဲကို လတ်ဆတ်တဲ့ သံပုယိုရည်လေးညှစ်ထည့်ပေးလို့လည်းရပါတယ်။ […]

ငယ်ရွယ်နုပျိုသော အသားအရေ၊ နူးညံ့တောက်ပြောင်သော ဆံကေသာနဲ့ ကျန်းမာလှပသော  ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့

in ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက်, ဆံကေသာ, အသားအရေ September 19, 2019

အသက်အရွယ်ရလာပေမယ့်လည်း ငယ်ရွယ်နုပျိုလှပတဲ့ဆံကေသာအလှပိုင်ဆိုင်နိုင်ဖို့၊ ပိုးသားလေးလို နူးညံ့ပျော့ပျောင်းတဲ့ဆံကေသာပိုင်ဆိုင်နိုင်ဖို့နဲ့ စိတ်သွားကိုယ်ပါ ကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့၊ ထိုသုံးချက်စလုံးအတွက် လိုအပ်တဲ့ အဓိကအရာကတော့ ရေပဲ ဖြစ်ပါတယ်။ ရေပုံမှန်သောက်သုံးခြင်းကြောင့် ရရှိနိုင်မယ့် အလှအပနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားက ဘယ်လိုကောင်းကျိုးတွေလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။ အသားအရေကို အားဖြည့်ပေးခြင်း ရေသောက်သုံးခြင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကို ငယ်ရွယ်နုပျိုစေတဲ့ သဘာဝခရင်မ်ကတော့ ရေပဲဖြစ်ပါတယ်။ ရေသောက်သုံးခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အတွက် သင့်မျက်နှာအသားအရေကို သန့်စင်ကြည်လင်ပြီး တောက်ပနေစေမှာ အမှန်ပါပဲ။ စွမ်းအင်များကို တိုးမြှင့်ပေးခြင်း အင်မတန်ပင်ပန်းနွမ်းနယ်နေပြီး အားမရှိသလို ခံစားနေရပါသလား။ ရေသောက်သုံးလိုက်ပါ။ ရေဓာတ်ခမ်းခြောက်ခြင်းက သင့်ကို အလွယ်တကူပင်ပန်းနွမ်းနယ်စေပါတယ်။ ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ သွေးများကောင်းမွန်စွာစီးဆင်းနိုင်ဖို့အတွက် သွေးတွေကို […]

ဘာ့ကြောင့် ရေများများသောက်သုံးသင့်သလဲ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ April 19, 2019

ရေမှန်မှန်သောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် ကောင်းမွန်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရေဓာတ်ပြည့်ဝခြင်းက ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကိုတော့  လူနည်းစုလောက်ကသာ ဂရုစိုက်အလေးထားကြတာပါ။ လက်တွေ့မှာတော့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအကုန်လုံးက ရေဓာတ်ပေါ်မှာ မှီတည်နေရတာပါ။ အရွယ်ရောက်ပြီးသားလူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရေဓာတ် သုံးပုံနှစ်ပုံနဲ့ ဖွဲ့စည်းထားတာပါ။ သင့်ခန္ဓာကိုယ်တစ်သျှူးများနဲ့ အင်္ဂါအစိတ်အပိုင်းများက ရေဘယ်လောက်ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားသလဲဆိုတာ သင်သိပါသလား။ ဦးနှောက်က ရေ ၈၀ ရာခိုင်နှုန်း၊ နှလုံးကြွက်သားအပါအဝင် အခြားကြွက်သားများက ၇၅ ရာခိုင်နှုန်း၊ သွေးကတော့ ၈၃ ရာခိုင်နှုန်း၊ အဆုတ်က ၉၀ ရာခိုင်နှုန်း၊ အသားအရေက ၆၄ ရာခိုင်နှုန်းနဲ့ အရိုးတွေကတော့ ရေ ၃၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ လုံလောက်တဲ့ရေဓာတ်ရရှိခြင်းက သင့်ခန္ဓာကိုယ်အတွက် မည်သည့်ကောင်းကျိုးများ ဆောင်ကျဉ်းပေးနိုင်ပါသလဲ။ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းကျိုးပေးစွမ်းနိုင်ခြင်း သင့်ဦးနှောက်က ရေဓာတ်နဲ့ […]

တစ်နေ့တာလုံးအတွက် ရေသောက်သုံးဖို့ အကောင်းဆုံးအချိန်များ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 30, 2018

တစ်နေ့တာလုံးမှာ ခန္ဓာကိုယ်ကောင်းစွာ လှုပ်ရှားသွားလာနိုင်ပြီး လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ ရေ ၈ ခွက် သောက်သုံးရမယ်ဆိုတာကို သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ရေသောက်သုံးခြင်းက အကောင်းဆုံးလဲဆိုတာကိုရော သင် သိပါသလား။ ၁။ အိပ်ရာနိုးပြီးနောက် အိပ်ရာနိုးနိုးချင်း ရေတစ်ခွက် သောက်သုံးခြင်းက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို လှုံ့ဆော်အသက်သွင်းပေးလိုက်တာပါပဲ။ ဘာမှမစားရသေးခင် သောက်လိုက်တဲ့ ပထမဆုံးရေတစ်ခွက်က အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။ ၂။ အစားမစားခင် အစာမစားခင် မိနစ် ၃၀ ခန့်မှာ ရေသောက်ပေးခြင်းက အစာချေစနစ်ကို ကူညီပေးပါတယ်။ အစာစားပြီး တစ်နာရီကြာတဲ့နောက်မှာ အာဟာရဓာတ်တွေကို စုပ်ယူရာမှာ ကူညီပေးဖို့ ရေတစ်ခွက်သောက်ပေးပါ။ သတ်မှတ်ချိန်ထက် နောက်ကျမှသောက်ခြင်း၊ စောသောက်ခြင်းက အစာချေရည်တွေနဲ့အတူ ရေတွေက ရောသွားပြီး အကျိုးအာနိသင်ပြယ်သွားပါတယ်။ ၃။ ရေမချိုးခင် ရေမချိုးခင် ရေတစ်ခွက်သောက်ပေးခြင်းက သွေးပေါင်ထိန်းညှိပေးဖို့ […]

သင်သိထားသင့်သော အရသာအရှိဆုံးသစ်သီးရေအကြောင်း ဆောင်ရန် ရှောင်ရန်များ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 27, 2018

သန့်စင်တဲ့ရေက အရောင် အနံ့ အရသာမရှိတဲ့အတွက်ကြောင့် ရိုးရိုးရေမသောက်ချင်သူများအတွက် အသစ်အဆန်းလေးဖြစ်သွားအောင် သစ်သီးရေလည်းပြောင်းသောက်ကြည့်ရအောင်။ သစ်သီးစိမ်ထားတဲ့ရေကို သောက်သုံးခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးပါတယ်။ ပထမဆုံးကောင်းကျိုးကတော့ ရေများများသောက်ခြင်းကြောင့် သင့်ကိုတစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေမှာပါ။ အစာချေစနစ်ကိုကူညီပေးပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ ဒါ့အပြင် သစ်သီးစိမ်ထားတဲ့ရေမှာ သစ်သီးရဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants တွေ ပါရှိပြီးသားဖြစ်တဲ့အတွက် အသားအရေကို နဂိုထက်စိုပြေဝင်းမွတ်စေမှာ အမှန်ပါပဲ။ သစ်သီးရေကို မသောက်သုံးခင်မှာ ဘယ်နှစ်နာရီလောက်စိမ်ထားသင့်သလဲ သင်ကြိုက်နှစ်သက်တဲ့ သစ်သီးတွေကို လှီးဖြတ်ပြီး ရေကရားထဲထည့်ပြီးနောက်မှာ တစ်နာရီကနေ နှစ်နာရီအထိ စိမ်ထားသင့်ပါတယ်။ အကယ်၍သစ်သီးရေကို ရေခဲသေတ္တာထဲထည့်မယ်ဆိုရင်တော့ သုံးနာရီကနေ လေးနာရီအထိ ထားပြီး သောက်သုံးနိုင်ပါပြီ။ သစ်သီးရေက ဘယ်နှရက်ခံလဲ သစ်သီးရေကို ပြုလုပ်တဲ့နေ့မှာပဲ ကုန်အောင်သောက်သုံးခြင်းက အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင်တော့ သုံးရက်ကြာခံပါတယ်။ ရေခဲသေတ္တာထဲထည့်ဖို့မေ့သွားတယ်ဆိုရင်တော့ သင်အိမ်ရာမဝင်ခင်မှာ ကုန်အောင်သောက်သင့်ပါတယ်။ […]

သစ်သီးစိမ်ထားသောရေသောက်ခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 27, 2018

ယနေ့ခေတ်မှာ လူတော်တော်များများက ရိုးရိုးရေသောက်သုံးမယ့်အစား ရေဘူးထဲကို သစ်သီးဝလံနဲ့ ဆေးဖက်ဝင်အပင်ထည့်ပြီး ရေသောက်ခြင်းက ခေတ်စားလာပါတယ်။ သစ်သီးရေသောက်သုံးခြင်းကြောင့် ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်သလဲ၊ သင်ရော ဘာကြောင့်သစ်သီးရေသောက်သုံးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ရေဓာတ်ဖြည့်ပေးတယ် သစ်သီးရေကို တစ်ရက်၊ နှစ်ရက်လောက်သောက်သုံးရုံနဲ့တော့ အကျိုးအာနိသင်ရှိမှာ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ သစ်သီးရေသောက်သုံးခြင်းက ကိုယ်ရောစိတ်ပါ နုပျိုလန်းဆန်းစေပါတယ်။ အကောင်းဆုံးအကျိုးကျေးဇူးကတော့ သင့်ကိုရေဓာတ်အမြဲတမ်း ပြည့်နေစေမှာဖြစ်ပါတယ်။ လူတော်တော်များများက မိမိတို့ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေကြတာကို မသိကြပါဘူး။ ရေထဲမှာ သစ်သီးတွေထည့်ထားခြင်းအားဖြင့် သင့်ကိုရေသောက်ဖို့ မမေ့အောင် အမြဲတမ်းသတိပေးနေမှာပါ။ ၂။ အသားအရေ ဝင်းမွတ်စိုပြေစေတယ်။ ရေနဲ့ သစ်သီးတွေရဲ့ပေါင်းစပ်အာနိသင်တွေကြောင့် အသားအရေက ပိုမိုချောမွတ်စိုပြေလာပြီး ပိုပြီးတော့လည်း ငယ်ရွယ်နုပျိုနေစေမှာပါ။ အောက်ဆီဂျင်နဲ့ အာဟာရတွေကို သယ်ယူပို့ဆောင်ပေးတဲ့အခါမှာလည်း ပိုပြီးလွယ်ကူလာစေပါတယ်။ ခန္ဓာကိုယ်ကိုရေဓာတ်ခြောက်သွေ့စေတဲ့ အရက်သေစာနဲ့ ကော်ဖီသောက်သုံးခြင်းမှလည်း ရှောင်ကြဉ်စေပါတယ်။ ၃။ […]

အရသာရှိတဲ့ရေကို ဖန်တီးသောက်သုံးနည်း (၄) ချက်

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 27, 2018

ပူပြင်းခြောက်သွေ့တဲ့နေ့တွေမှာ ရေသောက်ခြင်းက သင့်ကို လန်းဆန်းတက်ကြွပေါ့ပါးစေတဲ့အတွက်ကြောင့် ရေသောက်ခြင်းလောက် ကောင်းမွန်တာမရှိပါဘူး။ သန့်စင်တဲ့ရေက အရောင် အနံ့ အရသာမရှိတဲ့အတွက်ကြောင့် တစ်ခါတစ်ရံမှာ သင်ကအခြားအရသာကောင်းမွန်တဲ့အချိုရည်တွေကို သောက်သုံးချင်မှာပါပဲ။ ဒါပေမယ့်လည်း အချိုဓာတ်လွန်ကဲတဲ့ အချိုရည်တွေက သင့်ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပြီး၊ သင့်ရဲ့တက်ကြွလန်းဆန်းတဲ့လူနေမှုဘဝကို နှောင့်ယှက်နိုင်တာမို့လို့ သဘာဝအတိုင်းရေကို အရသာရှိရှိဘယ်လိုသောက်သုံးမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ လတ်ဆတ်တဲ့သစ်သီးလေးတွေ စိမ်သောက်မယ် သင့်ရေကို သဘာဝအတိုင်းအရသာရှိစေမယ့် ပထမဆုံးနည်းလမ်းလေးကတော့ လတ်ဆတ်တဲ့သစ်သီးစိမ်သောက်ခြင်းပဲဖြစ်ပါတယ်။ ပထမဦးဆုံး ရေကရားကြီးတစ်ခုထဲ ရေအေးထည့်ပါ။ ရေကရားပိုကြီးလေ ပိုကောင်းလေပါပဲ။ ဒါမှ ခဏခဏထပ်ဖျော်စရာမလိုမှာပါ။ ပြီးရင် မိမိကြိုက်နှစ်သက်ရာ သစ်သီးကို ပါးပါးလှီးထည့်ပါ။ ပြီးရင် ရေခဲတုံးလေးတွေထည့်ပါ။ ဆန္ဒရှိတယ်ဆိုရင် သဘာဝဆေးဖက်ဝင်အပင်လေးတွေပါ ထပ်ထည့်နိုင်ပါတယ်။ သစ်သီးရေခဲထည့်မယ် သစ်သီးရေခဲပြုလုပ်ဖို့အတွက် အရင်ဆုံး မိမိကြိုက်နှစ်သက်တဲ့အသီးကို သစ်သီးဖျော်စက်ထဲထည့်ပြီး သစ်သီးအနှစ်လေးရအောင်ပြုလုပ်ပါ။ ရလာတဲ့သစ်သီးအနှစ်လေးတွေကို ရေခဲတုံးလင်ဗန်းထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံလိုက်ပါ။ […]

သုံးရက်လုံးလုံးအစာမစားဘဲ ရေနဲ့ ဝိတ်ချမယ်

in ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 25, 2018

၁၉၈၀ ပြည့်နှစ်မှာ အမည်မဖော်လိုသူတစ်ဦးက သုံးရက်လုံးလုံးအစာမစားဘဲ ကိုယ်အလေးချိန်လျော့ချတဲ့ နည်းလမ်းကို စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။ ဒီနည်းလမ်းက အချိန်တိုအတွင်းမှာ အမြန်ဆုံးကိုယ်အလေးချိန်ကျစေချင်သူအတွက် အသုံးဝင်မယ့်နည်းလမ်းလေးပါ။ ဝိတ်ချမယ့်သူက သုံးရက်လုံးလုံး အစာရော ဆေးဝါးတွေပါမမှီဝဲဘဲနဲ့ ရေကိုသာသောက်သုံးရမှာဖြစ်ပါတယ်။ ဝိတ်ချမယ့်နည်းလမ်း အဆီတွေကိုလောင်ကျွမ်းစေသော ဝိတ်ချနည်း ဆိုတဲ့စာအုပ်ကို ရေသားတဲ့ စာရေးဆရာ Mackie Shilstone ပြောကြားချက်အရ ဝိတ်ချမယ့်သူက သုံးရက်လုံးလုံး ရေကိုသာသောက်သုံးခြင်းဖြင့် ကြွက်သားတွေကိုအားဖြည့်ပေးမယ်၊ အစာမစားဘဲ ဗိုက်ပြည့်နေစေမှာဖြစ်တယ်။ ကိုယ်အလေးချိန်ချမယ့်သူက ရေကိုပဲ သောက်သုံးတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ မလိုလားအပ်တဲ့အဆိပ်အတောက်တွေကို ရေကဖယ်ရှားပေးတာဖြစ်တဲ့အတွက်ကြောင့် ဒီနည်းလမ်းက အဆိပ်အတောက်ဖြေတဲ့စနစ်အဖြစ်လည်း ဆောင်ရွက်ပေးတယ်။ ကောင်းကျိုး ဒီနည်းလမ်းရဲ့ ကောင်းကျိုးအနေနဲ့ကတော့ ရေကအလွယ်တကူနဲ့ ဈေးသက်သက်သာသာရနိုင်တာမို့လို့ အကုန်အကျသက်သာစေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ဝိတ်ချတဲ့သူက ၃ ပေါင်ကနေ ၅ ပေါင်အထိ ကိုယ်အလေးချိန်ကျသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် […]

    Cart