သက်ကြီးရွယ်အိုများနှင့် ရေဓာတ်ခမ်းခြောက်ခြင်းပြဿနာ

in ကျန်းမာရေးအကြံပြုချက်, ရေဓာတ်ခမ်းခြောက်ခြင်း September 19, 2019

ကျန်းမာတဲ့လူသားတစ်ဦးက တစ်နေ့ကို ရေ ၃၀ အောင်စမှ ၅၀ အောင်စအထိ လိုအပ်ပါတယ်။ ရေသောက်သုံးခြင်းက သက်ရှည်ကျန်းမာစွာနေထိုင်နိုင်မယ့် နည်းလမ်းတစ်ရပ်ဆိုလည်းမမှားပါဘူး။ ရေဓာတ်ပြည့်ဝမှ ဦးနှောက်၊ နှလုံးနဲ့ ကြွက်သားတွေအပြင် အခြားသော အင်္ဂါအစိတ်အပိုင်းတွေက ကောင်းစွာအလုပ်လုပ်နိုင်မှာပါ။ သင့်ခန္ဓာကိုယ်ထဲကဆဲလ်များ လုံလောက်တဲ့အာဟာရဓာတ်ရရှိဖို့ရန်အတွက် ရေက သယ်ယူပို့ဆောင်ပေးပြီး ဆီးအိမ်မှာ ဘက်တီးရီးယားများကို ဖယ်ရှားပေးကာ ဝမ်းချုပ်ခြင်းမှ ကင်းဝေးအောင် ကူညီပေးပါတယ်။ သက်ကြီးရွယ်အိုအဘိုးအဘွားအများစုကတော့ လုံလောက်တဲ့ရေဓာတ်ကို ကောင်းစွာမရရှိတဲ့အတွက်ကြောင့် ရေဓာတ်ခမ်းခြောက်မှုဝေဒနာကို ခံစားနေကြရပါတယ်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုမှာဆို ပိုမိုဆိုးရွားပါတယ်။ ကျောက်ကပ်အထူးကုဆရာဝန်တစ်ဦးလည်းဖြစ်သလို Harvard ဆေးတက္ကသိုလ်မှာ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါက်တာ Julian Seifter ရဲ့ ပြောကြားချက်အရ သက်ကြီးရွယ်အိုတွေက ရေဓာတ်ခမ်းခြောက်နေပေမယ့်လည်း ရေဆာတဲ့ခံစားချက်ကို မခံစားရကြပါဘူး။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် သူတို့ငယ်ရွယ်စဉ်တုန်းကလိုမျိုး ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများက ချက်ချင်းတုန့်ပြန်နိုင်စွမ်းမရှိတော့လို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် […]

ငယ်ရွယ်နုပျိုသော အသားအရေ၊ နူးညံ့တောက်ပြောင်သော ဆံကေသာနဲ့ ကျန်းမာလှပသော  ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့

in ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက်, ဆံကေသာ, အသားအရေ September 19, 2019

အသက်အရွယ်ရလာပေမယ့်လည်း ငယ်ရွယ်နုပျိုလှပတဲ့ဆံကေသာအလှပိုင်ဆိုင်နိုင်ဖို့၊ ပိုးသားလေးလို နူးညံ့ပျော့ပျောင်းတဲ့ဆံကေသာပိုင်ဆိုင်နိုင်ဖို့နဲ့ စိတ်သွားကိုယ်ပါ ကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့၊ ထိုသုံးချက်စလုံးအတွက် လိုအပ်တဲ့ အဓိကအရာကတော့ ရေပဲ ဖြစ်ပါတယ်။ ရေပုံမှန်သောက်သုံးခြင်းကြောင့် ရရှိနိုင်မယ့် အလှအပနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားက ဘယ်လိုကောင်းကျိုးတွေလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။ အသားအရေကို အားဖြည့်ပေးခြင်း ရေသောက်သုံးခြင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကို ငယ်ရွယ်နုပျိုစေတဲ့ သဘာဝခရင်မ်ကတော့ ရေပဲဖြစ်ပါတယ်။ ရေသောက်သုံးခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အတွက် သင့်မျက်နှာအသားအရေကို သန့်စင်ကြည်လင်ပြီး တောက်ပနေစေမှာ အမှန်ပါပဲ။ စွမ်းအင်များကို တိုးမြှင့်ပေးခြင်း အင်မတန်ပင်ပန်းနွမ်းနယ်နေပြီး အားမရှိသလို ခံစားနေရပါသလား။ ရေသောက်သုံးလိုက်ပါ။ ရေဓာတ်ခမ်းခြောက်ခြင်းက သင့်ကို အလွယ်တကူပင်ပန်းနွမ်းနယ်စေပါတယ်။ ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ သွေးများကောင်းမွန်စွာစီးဆင်းနိုင်ဖို့အတွက် သွေးတွေကို […]

သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ရေသောက်သုံးသင့်တဲ့ အကြောင်းပြချက် ၃ ချက်

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ June 26, 2019

ရေသောက်သုံးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးတစ်ခုလုံးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သည်သာမကပဲ သွားနှင့်ခံတွင်း သန့်ရှင်းကျန်းမာနေဖို့ ထိန်းသိမ်းထားနိုင်ပါတယ်။ ရေဆာနေတဲ့အချိန်မှာ ဆိုဒါအချိုရည်များ၊ ဆေးသကြားပါသော အချိုရည်များသောက်သုံးမယ့်အစား ရေတစ်ခွက်အဝသောက်လိုက်တာက အကောင်းဆုံးပဲဖြစ်ပါတယ်။ ရေသောက်သုံးခြင်းက သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဘာ့ကြောင့်အရေးပါသလဲဆိုတဲ့ အကြောင်းအရင်း ၃ ချက် ၁။ သွားပိုးပေါက်ဖြစ်ခြင်းနဲ့ သွားများညစ်ထေးခြင်းမှ ကာကွယ်ပေးခြင်း ဆိုဒါနဲ့ သကြားဓာတ်လွန်ကဲတဲ့အချိုရည်သောက်သုံးမယ်ဆိုရင် သကြားဓာတ်က သင့်သွားထဲမှာရှိတဲ့ဘက်တီးရီးယားတွေနဲ့ ပူးပေါင်းလိုက်တဲ့အခါ အက်စစ်ဓာတ်ဖြစ်သွားပါလိမ့်မယ်။ ထိုအက်စစ်ဓာတ်က သင့်သွားကြွေလွှာများကို ပျက်စီးစေပါတယ်။ နေ့စဉ် ရေမှန်မှန်သောက်သုံးပေးခြင်းက သွားအခေါင်းပေါက်နဲ့ သွားများကို ညစ်ထေးစေတဲ့ အချိုဓာတ်နဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးပါတယ်။ အစား စားပြီးတိုင်း သွားတိုက်ခြင်းကလည်း သွားများကို ပျက်စီးစေတဲ့အတွက်ကြောင့် အစား စားပြီးတိုင်း ပလုတ်ကျင်းပြီး ရေသောက်ပေးရပါမယ်။ ၂။ ခံတွင်းအနံ့ဆိုးမှ ကာကွယ်ပေးခြင်း   ဘက်တီးရီးယားအချို့က […]

ဆီးလမ်းကြောင်းကို သန့်စင်ပေးဖို့အတွက် ရေဘယ်လိုသောက်သုံးရမလဲ

in ကျန်းမာရေးအကြံပြုချက် June 6, 2019

သင်သောက်သုံးလိုက်တဲ့ ရေပမာဏက သင့်ဆီးအရောင်အပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ Harvard ပြည်သူလူထုကျန်းမာရေးငှာနရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။ သင့်ဆီးထဲမှာ ရေအပြင် ကျောက်ကပ်အကူအညီနဲ့ သွေးထဲကစစ်ထုတ်ပေးတဲ့ အညစ်အကြေးများ ပါဝင်ပါတယ်။ ဆီးအရောင်ရင့်လေ အညစ်အကြေးများလေပဲဖြစ်ပါတယ်။ သင်က ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် ဆီးအရောင်က ပယင်းရောင် အရောင်ရင့်ရင့်သွားမှာဖြစ်ပြီး အနံ့အသက်လည်းပြင်းမှာဖြစ်ပါတယ်။ တကယ်လို့ ရေသောက်များမယ်ဆိုရင်လည်း သင့်ကျောက်ကပ်ကို အလုပ်အပိုတွေလုပ်ဆောင်ရအောင် တာဝန်ပေးတာနဲ့တူနေပါတယ်။ ရေကို နည်းစနစ်တကျသောက်သုံးပုံအဆင့်ဆင့် အဆင့် ၁ မနက်မိုးလင်း အိပ်ယာနိုးထတဲ့အခါ ရေနွေးနွေးလေး ၈ အောင်စခန့်ကို လက်ဖက်ခြောက်နဲ့အခြားသဘာဝဆေးဖက်ဝင်အရွက်များမထည့်ဘဲ သောက်သုံးပေးလိုက်ပါ။ မနက်စောစောမှာ ရေအေးသောက်သုံးခြင်းထက် ရေနွေးနွေးလေးသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ကူညီပေးပါတယ်။ အဆင့် ၂ မနက်စာ စားပြီးတဲ့အချိန်နဲ့ နေ့လည်စာမစားခင်မှာ ရေ ၈ အောင်စခန့် သုံးကြိမ်သောက်ပေးလိုက်ပါ။ ရေအေးသောက်သုံးခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ရေနွေးနွေးလေးမသောက်ချင်ဘူးဆိုရင်တော့ […]

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ဘာ့ကြောင့် ရေသောက်သုံးသင့်သလဲ

in ကျန်းမာရေးအကြံပြုချက်, လေ့ကျင့်ခန်းများ June 6, 2019

လှုပ်ရှားတက်ကြွမှုရှိတဲ့လူသားတွေအတွက် ရေက မရှိမဖြစ်အရေးကြီးတဲ့အရာတစ်ခုပါပဲ။ အားကစားပြုလုပ်ပြီးတဲ့နောက်မှာ ရေများများသောက်သုံးခြင်းကလည်း လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ချွေးထွက်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ရေဓာတ်ကို ထိန်းသိမ်းထားနိုင်ခြင်းကလည်း ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ရေဓာတ်ပြည့်ဝစွာနေပါ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ချွေးထွက်ခြင်းက သင့်ခန္ဓာကိုယ်မှ ရေဓာတ်အများအပြားဆုံးရှုံးနေပြီဆိုတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အဲ့ဒီလိုရေဓာတ်ခမ်းခြောက်နေတာကို ရေမသောက်ပေးဘူးဆိုရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်စဉ်တစ်နာရီအတောအတွင်းမှာ ချွေးထွက်ခြင်းက ရေလီတာပေါင်းများစွာ ဆုံးရှုံးနိုင်ပါတယ်။ လုံလောက်တဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ရဲ့လားဆိုတာကို ဘယ်လိုစမ်းသပ်နိုင်ပါသလဲ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ လုံလောက်တဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ရဲ့လားဆိုတာကို စစ်ဆေးဖို့ သင့်ဆီးအရောင်ကို ကြည့်လိုက်ပါ။ သင့်မှာ ရေဓာတ်ပြည့်ဝနေတယ်ဆိုရင်တော့ သင့်ဆီးအရောင်က ကြည်လင်နေပါလိမ့်မယ်။ တကယ်လို့ ရေဓာတ်ခမ်းခြောက်နေတယ်ဆိုရင်တော့ အရောင်ရင့်ရင့်ဆီးသွားပါလိမ့်မယ်။ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ ဘယ်လိုရေက သောက်သုံးဖို့ အကောင်းမွန်ဆုံးလဲ ရေအေးအေးလေး သောက်သုံးပေးပါ။ ရေအေးသောက်သုံးခြင်းက လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် မြှင့်တက်နေတဲ့ခန္ဓာကိုယ်အပူချိန်ကို သာမန်အပူချိန်အတိုင်း ပြန်လည်ရောက်ရှိသွားအောင် […]

မနက်အိပ်ရာနိုးနိုးချင်း ဝမ်းဗိုက်ထဲအစာမရှိချိန်မှာ ရေသောက်သုံးခြင်းရဲ့ ကောင်းကျိုး ၄ ချက်

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ May 21, 2019

ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိက ရေဓာတ်နဲ့ဖွဲ့စည်းထားခြင်းကြောင့်  ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်ဖို့ရန်အတွက် ရေက မရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ရေက အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ၊ တစ်သျှူးများကို ကာကွယ်ပေးထားပြီး အာဟာရနဲ့ အောက်စီဂျင်ကို ဆဲလ်များဆီသို့ ပို့ဆောင်ပေးပါတယ်။ အာဟာရနဲ့ သတ္တုဓာတ်များ ပျော်ဝင်အောင်လုပ်ဆောင်ပေးပြီး ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ သင် အိပ်ရာနိုးနိုးချင်းမှာ သင့်ခန္ဓာကိုယ်က ရေဓာတ်ကို တောင့်တနေတာဖြစ်တဲ့အတွက် အိပ်ရာထတာနဲ့ ရေ ၂ ခွက်၊ ၃ ခွက် ခန့် သောက်သုံးပေးပါ။ ဒီလိုသောက်သုံးပေးခြင်းက သင်ထင်ထားတာထက်ကို ကျန်းမာရေးကောင်းကျိုးအမြောက်အမြားရရှိနိုင်ပါတယ်။ ဝမ်းဗိုက်ထဲအစာမရှိချိန် အိပ်ရာနိုးနိုးချင်းမှာ ရေသောက်သုံးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများကတော့- ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း ဝမ်းဗိုက်ထဲအစာမရှိချိန်ရေသောက်သုံးခြင်းက အူမကြီးကို သန့်စင်ပေးပါတယ်။ အူမကြီးက သန့်စင်နေတဲ့အတွက်ကြောင့် အာဟာရများများစုပ်ယူနိုင်ဖို့အတွက် အူလမ်းကြောင်းရဲ့ […]

တစ်နေ့ ရေ ၈ ခွက် သောက်သုံးခြင်းကြောင့် သင့်ခန္ဓာကိုယ်က ဘယ်လိုဖြစ်ရပ်မျိုး ကြုံတွေ့ရမလဲ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ May 21, 2019

တစ်နေ့ကို ရေ ၈ ခွက် သောက်သင့်တယ်လို့ သင်ကြားဖူးနားဝရှိပါလိမ့်မယ်။ ဒါပေမယ့် ရေဓာတ်ပြည့်ဝခြင်းက ရေမသောက်ဘဲ နေတာထက်စာရင် ခန္ဓာကိုယ်အတွက် တကယ်ပဲ ခြားနားချက်အမြောက်အမြားပေးစွမ်းနိုင်တယ်လို့ ထင်ပါသလား။ ဒါဆိုရင် ရေဓာတ်ပြည့်ဝခြင်းကြောင့် ခန္ဓာကိုယ်က ဘယ်လိုဖြစ်စဉ်မျိုးခံစားရမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ကြစို့။ ပြင်းထန်တဲ့အားကစားများကို မမောမပန်းဘဲ လုပ်ဆောင်နိုင်ခြင်း လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ကြွက်သားများအတွက် လျှပ်လိုက်ပျော်ရည်တွေဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်တို့ ညီညွှတ်မျှတနေဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ရေဓာတ်ကို ရရှိမှသာလျှင် ထိုလျှပ်လိုက်ပျော်ရည်များ တစ်ခုနဲ့တစ်ခုရောနှောမသွားဘဲ လေ့ကျင့်ခန်းပြုလုပ်နေစဉ် ကြွက်တက်ခြင်းမှ ကင်းဝေးမှာဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ စွမ်းဆောင်နိုင်စွမ်းမြှင့်တက်လာခြင်း ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို အရည်အဖြစ်ပြန်လည်စွန့်ထုတ်နိုင်ဖို့ ကျောက်ကပ်က လုပ်ဆောင်ရပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ရေလုံလုံလောက်လောက်ရရှိမှ အဆင်ပြေမှာပါ။ ရေဓာတ်ခမ်းခြောက်ပြီး ဆီးသွားနည်းမယ်ဆိုရင် ဆီးလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ကျောက်ကပ်အားနည်းပြီး ကျောက်ကပ်တဖြည်းဖြည်းပျက်စီးသွားပါလိမ့်မယ်။ သင့်နှလုံးကို အလုပ်အများကြီးလုပ်ဆောင်ဖို့ ဖိအားပေးမှာ […]

ကျန်းမာရေးအတွက်သိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာရပ်များ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း April 19, 2019

ရေငတ်ခြင်း၊ ဆီးသွားတဲ့အခါ အရောင်ရင့်ရင့်အရည်များသွားခြင်းက သင်ရေများများသောက်ဖို့ လိုအပ်နေကြောင်း သတိပေးနေတဲ့ လက္ခဏာတွေပါပဲ။ ခံတွင်းအနံ့အသက်မကောင်းခြင်း၊ စိတ်ဆိုးဒေါသထွက်လွယ်နေခြင်း၊ စိတ်ပင်ပန်းခြင်း၊ ချိုသော အစားအစာများ စားသုံးချင်စိတ်ဖြစ်ပေါ်ခြင်းကလည်း ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ အခြားသော စိုးရိမ်သင့်တဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။ ရုတ်တရက်မတ်တပ်ရပ်လိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်း ထိုင်နေရာက ရုတ်တရက်မတ်တပ်ရပ်လိုက်မယ် (သို့) လှဲလျောင်းနေရာက ချက်ချင်းမတ်တပ်ရပ်လိုက်တဲ့အခါ ခေါင်းမူးသွားသလိုခံစားရခြင်းက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေတဲ့အတွက်ကြောင့် သွေးပေါင်ချိန်နဲ့ သွေးဖိအားကျနေလို့ပဲဖြစ်ပါတယ်။ အသားအရေတင်းရင်းမှု မရှိဘဲ လျော့တိလျော့ရဲဖြစ်ခြင်း အရေပြားကို စက္ကန့်အနည်းငယ်ကြာ ဆွဲဆိတ်ထားပြီး ပြန်လွှတ်ချလိုက်ပါ။ သူ့မူလအသားအရေအတိုင်း လျင်လျင်မြန်မြန် ပြန်လည်ရောက်ရှိသွားမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ဒီလိုမှမဟုတ်ပဲ နဂိုမူလအသားရေကို ပြန်လည်ရောက်ရှိဖို့ အချိန်တော်တော်ကြာနေမယ်ဆိုရင်တော့ သင် ရေဓာတ်ခမ်းခြောက်နေပါတယ်။ ရေဓာတ်ခမ်းခြောက်တိုင်းမှာ အသားအရေတင်းရင်းမှုက ၅ ရာခိုင်နှုန်းစီ […]

ရေလုံလုံလောက်လောက် မသောက်သုံးဘူးဆိုတာကို ပြသနေတဲ့ သွင်ပြင်လက္ခဏာရပ်များ

in ကျန်းမာရေးအကြံပြုချက် September 25, 2018

လောကမှာ ရေတစ်ခွက်လောက် ရင်ထဲအေးမြသွားစေနိုင်တဲ့အရာ သိပ်မရှိသေးပါဘူး။ ကော်ဖီတစ်ခွက် သို့မဟုတ် ဆိုဒါတစ်ဗူးသောက်သုံးခြင်းထက် ရေတစ်ခွက်က ပိုပြီးအာသာပြေစေပါတယ်။ ဒီလိုမျိုး အကျိုးကျေးဇူးများရှိတာကို သိထားပေမယ့်လည်း လူအများစုကတော့ တစ်နေ့လျှင်လိုအပ်တဲ့ ရေပမာဏကို လုံလုံလောက်လောက် မသောက်သုံးဘဲ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို တဖြည်းဖြည်းယိုယွင်းပျက်စီးလာအောင် ပြုလုပ်နေကြပါတယ်။ ဒါကြောင့် ရေရှည်မှာ စိုးရိမ်ရလောက်တဲ့ ရောဂါတွေမဖြစ်လာစေဖို့အတွက် ရေသောက်သုံးဖို့လိုနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာရပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ အာခြောက်လာခြင်း အာခံတွင်းမှာ စေးကပ်လာသလို၊ ခြောက်လာသလိုလို ခံစားလာရပြီဆိုရင်တော့ အရည်တစ်မျိုးမျိုးလိုအပ်နေပါပြီ။ သို့သော်လည်း အချိုရည်များက ယာယီတစ်ခဏသာ ဖြေရှင်းပေးနိုင်ပါတယ်။ ရေသောက်သုံးပေးခြင်းက ပါးစပ်နှင့်လည်ပင်းရှိ ချွဲ၊ သလိပ်တို့ကို ချောမွေ့စေတာကြောင့် ပါးစပ်ကိုအချိန်ကြာကြာ အစိုဓာတ်ရှိနေစေမှာပါ။ အသားအရေခြောက်သွေ့လာခြင်း အသားအရေဟာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး ကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ရေဓာတ်ရှိနေဖို့ သေချာပေါက်လိုအပ်ပါတယ်။ ရေလိုအပ်တယ်ဆိုတာဟာ ကိုယ်ခန္ဓာအတွင်းရှိ အညစ်အကြေးတွေ၊ […]

ရေမှန်မှန်သောက်သုံးပေးခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးတရား (၆) ပါး

in ကျန်းမာရေးအကြံပြုချက် September 25, 2018

ရေသောက်သုံးပေးခြင်းဟာ သင့်ရဲ့ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်တာကြောင့် လုပ်ကိုလုပ်ပေးဖို့လိုအပ်ပါတယ်။ ရေသောက်သုံးမှုနှင့် စွန့်ထုတ်ခြင်းတို့ဟာ ညီမျှမှုမရှိရင်တော့ ရေဓာတ်ကုန်ခမ်းမှု ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ပူးတွဲသယ်ဆောင်လာနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုတွေ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တဲ့အချိန်၊ စတဲ့ အခြေအနေမျိုးတွေမှာ အရည်ဓာတ်ကုန်ဆုံးမှုဖြစ်ပေါ်လာနိုင်တဲ့အတွက် ကျန်းမာရေးအတွက် အဓိကအခန်းကဏ္ဍမှာပါဝင်နေတဲ့ ရေကိုမဖြစ်မနေ သောက်သုံးပေးသင့်တဲ့ အကြောင်းအရင်း(၆)ရပ်ကိုဖော်ပြပေးလိုက်ရပါတယ်။ ခန္ဓာကိုယ်တွင်း အရည်ဓာတ်ဟန်ချက်ညီအောင်ထိန်းပေးခြင်း လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပြီး အစာခြေဖျက်ခြင်း၊ စုပ်ယူခြင်း၊ ပုံမှန်လည်ပတ်ခြင်း၊ သွားရည်ဖန်တီးခြင်း၊ အာဟာရဓာတ်များ ပို့ဆောင်ပေးခြင်း၊ ခန္ဓာကိုယ်အပူချိန်ထိန်းသိမ်းပေးခြင်း စတဲ့ လုပ်ငန်းဆောင်တာများအတွက် အလွန်အရေးကြီးပါတယ်။ အရည်ဓာတ်နည်းပါးသည့်အခါမှာတော့ ဦးနှောက်မှနေ၍ ကိုယ်ခန္ဓာရေဆာလောင်မှုကို ဖြစ်ပေါ်အောင် အစပျိုးပေးနိုင်ပါတယ်။ ကယ်လိုရီများထိန်းချုပ်ပေးခြင်း ကိုယ်အလေးချိန်လျှော့ချသူများအနေဖြင့်လည်း ၀ိတ်ကျရန်အတွက် ရေကိုများများသောက်သုံးတတ်ကြတာဟာ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်ပါ။ ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် မှော်ဆန်လောက်တဲ့သက်ရောက်မှုတွေမရှိပေမယ့်လည်း မြင့်မားလှတဲ့ကယ်လိုရီတွေပါဝင်သည့် ဖျော်ရည်၊ အအေးတွေ နေရာမှာ အစားထိုးလိုက်ခြင်းဖြင့် […]

    Cart