အစာရှောင်ပြီး ရေသောက်သုံးခြင်း၏ ကောင်းကျိုးနှင့် ဆိုးပြစ်များ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 30, 2018

ဘာကြောင့် အစာရှောင်ကြတာလဲ။ လူတော်တော်များများ အစာရှောင်ရခြင်းက ဘာသာရေးနဲ့သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းများကို လိုက်နာရခြင်း၊ ကိုယ်အလေးချိန်ကျလိုခြင်း၊ အဆိပ်ဖြေခြင်းနဲ့ ခွဲစိတ်ကုသမှုခံယူခါနီးလူနာများ အစာရှောင်ကာ ရေပဲသောက်သုံးကြပါတယ်။

လူအများစု အစာမစားဘဲ ရေသောက်သုံးခြင်းက ကိုယ်တွင်းအဆိပ်ဖြေပြီး ကျန်းမာရေးကောင်းချင်ကြလို့ပါ။

ရေသောက်ပြီး အစာရှောင်တာက ဘယ်လိုလုပ်ရတာလဲ

အစာရှောင်ပြီး ရေဘယ်လိုသောက်ရမလဲဆိုတာကို သိပ္ပံနည်းကျလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေတော့ မရှိပါဘူး။ ဒီနည်းလမ်းကို ဆရာဝန်ရဲ့ထောက်ခံချက်မရရှိပဲနဲ့ မပြုလုပ်သင့်ပါဘူး။ ဒူလာရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းသူများ၊ အစာပုံမှန်မစားသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ ကလေးသူငယ်များက အစာရှောင်ပြီး ရေချည်းပဲ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

အချိန်ဘယ်လောက်ကြာကြာပြုလုပ်ရမလဲ

ဒီနည်းလမ်းကို ပြုလုပ်ချင်သူများက အစာလုံးဝမစားဘဲ ရေပဲသောက်သုံးရမှာပါ။ သောက်ရမယ့် ရေပမဏကတော့ တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာအထိသောက်ရမှာပါ။ ကြာမြင့်ချိန်ကလည်း ၂၄ နာရီကနေ ၇၂ နာရီအတွင်းသာပြုလုပ်သင့်ပါတယ်။ ၃ ရက်ထက်ပိုလုပ်ရန် မသင့်တော်ပါဘူး။ ပြုလုပ်နေစဉ်မှာ အစားမစာရတာကြောင့် ခေါင်းမူးပြီး အားနည်းတာတွေ ခံစားရနိုင်ပါတယ်။  ၃ ရက်ကြာပြီးလို့ အစားပြန်စားတဲ့အခါ အများကြီး မစားသင့်ပါဘူး။ အရင်ဆုံး သစ်သီးဖျော်ရည်လေးဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစားလို့ရမယ့် အစားမျိုးကိုသာ စားသုံးသင့်ပါတယ်။

ကောင်းကျိုးများ

သုံးရက်လုံးလုံး အစာရှောင်ပြီး ရေသောက်ခြင်းကြောင့် ဆဲလ်အဟောင်းများ ပြိုကွဲပျက်စီးသွားပြီး ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်ပါတယ်။ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။ ကိုယ်အလေးချိန်လည်း ကျစေပါတယ်။

ဆိုးကျိုးများ

သုံးရက်လုံးလုံး အစာမစားဘဲ ရေပဲသောက်ရတာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အစာအာဟာရတွေကို သောက်သုံးလိုက်တဲ့ ရေထဲကပဲ ပြန်လည်ရယူရခြင်းကြောင့် ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ခေါင်းမူးခြင်း၊ မအီမသာဖြစ်၍ အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွေးပေါင်ကျခြင်း တို့ ခံစားရနိုင်ပါတယ်။ ထိုင်နေရာမှ ရုတ်တရက်ထလိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်ပါက ဒီနည်းလမ်းပြုလုပ်ခြင်းကို ရပ်တန့်လိုက်ပါ။

    Cart