ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါခံစားရရင် သဘာဝအတိုင်းမြန်မြန်ဆန်ဆန် ဘယ်လိုကုသမလဲ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ September 2, 2018

ဆီးနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရပြီဆိုရင် အကောင်းဆုံးကုသနည်းကတော့ ရေများများသောက်ခြင်းပါပဲ။ ရေများများသောက်လိုက်တဲ့အတွက်ကြောင့် ဘက်တီးရီးယားတွေက ဆီးကတစ်ဆင့်ထွက်သွားပြီး ဝေဒနာခံစားရမှုကို သက်သာစေမှာပါ။ ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ စုပုံနေပြီဆိုရင် ဆီးလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေကို ခံစားရနိုင်ပါတယ်။

ခုခံအားနည်းရင် ဒီဝေဒနာကို ခံစားရနိုင်သလို၊ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ရိုက်ထိတွေ့တဲ့အခါမှာလည်း ဝေဒနာခံစားရနိုင်ပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေဟာ ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးအိမ်နဲ့ ကျောက်ကပ်တွေဆီကို အထိန်းအကွပ်မဲ့ရောက်ရှိသွားနိုင်ပါတယ်။

ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ

ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါခံစားရတဲ့သူတွေမှာ သိသာထင်ရှားတဲ့လက္ခဏာပြတာ မဟုတ်တဲ့အတွက်ကြောင့် ဝေဒနာခံစားနေရသူက မိမိကိုယ်တိုင်ခံစားနေရတာကိုတောင် ရိပ်မိမှာမဟုတ်ပါဘူး။ ဘယ်လိုလက္ခဏာတွေ ပြမလဲဆိုရင် ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ဆီးသွားတဲ့အခါမှာလည်း အနည်းငယ်ပဲသွားပြီး အနံ့အသက်အလွန်ပြင်းခြင်း၊ ဆီးသွားပါက သွေးပါခြင်း၊ ဝမ်းဗိုက်အောက်နား အောင့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားအနည်းငယ်ရှိခြင်းနဲ့ ချမ်းတုန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

အထက်ဖော်ပြပါလက္ခဏာတွေ ခံစားရပြီဆိုရင် သဘာဝအတိုင်းလျင်လျင်မြန်မြန် ဘယ်လိုကုသမလဲ

ဒီလိုလက္ခဏာတွေ ခံစားရပြီဆိုရင် အနေအထိုင် အလေ့အကျင့်တွေကို ပြောင်းလဲပြီး ကျန်းမာအောင် ဂရုစိုက်နေထိုင်သင့်ပါပြီ။

ရေများများသောက်ပါ။

ရေများများသောက်သုံးပေးခြင်းက ဆီးလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကူးစက်ရောဂါတွေကို ထိန်းချုပ်ပေးပါတယ်။ ရေသောက်ပေးခြင်းက အသည်းရဲ့ လုပ်ငန်းဆောင်တာကို တိုးတက်ကောင်းမွန်စေပါတယ်။ ဆီးလမ်းကြောင်းကို သန့်စင်ပေးတဲ့အပြင် ဆီးလမ်းကြောင်းထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပျော်ဝင်မှုကိုလည်း လျော့ပါးစေပါတယ်။ တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးပေးပါ။

အရက်နဲ့ အချိုဓာတ်လွန်ကဲတဲ့ အချိုရည် သောက်သုံးခြင်းကို ကန့်သတ်ပါ

အမြန်ဆုံးသက်သာချင်တယ်ဆိုရင်တော့ အရက်နဲ့ အချိုဓာတ်များတဲ့အချိုရည်တေါကို တတ်နိုင်သမျှ လျော့သောက်ပေးပါ။ ဆီးလမ်းကြောင်းစနစ်ကို အဲ့ဒီအရည်ထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက ဒုက္ခပေးနိုင်လို့ပါ။

မုန်လာဥဖြူ ဖျော်ရည်သောက်ပါ

ဆီးအိတ်ရောင်ရောဂါနဲ့ ဆီးလမ်းကြောင်းဆိုင်ရာရောဂါများကို ကုသပေးနိုင်တဲ့ သဘာဝဆေးနည်းကတော့ မုန်လာဥဖြူဖျော်ရည်ပါပဲ။ မုန်လာဥဖြူ ဖျော်ရည်ထဲမှာ ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းခြင်းကို ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းများပါဝင်ပြီးတော့ အထက်ကဖော်ပြထားတဲ့ ရောဂါလက္ခဏာများကိုလည်း သက်သာစေပါတယ်။ မုန်လာဥဖြူဖျော်ရည်ကို တစ်နေ့ နှစ်ခွက်သောက်သုံးပေးပါ။

ကြက်သွန်ဖြူစားပေးပါ

ကြက်သွန်ဖြူထဲမှာ ဘက်တီးရီးယားနဲ့ မှိုတွေကို တိုက်ဖျက်ပေးတဲ့ ဒြပ်ပေါင်းပါဝင်တဲ့အတွက်ကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကုသပေးဖို့ရာမှာ ကောင်းမွန်ပါတယ်။ ကြော်ထားတာမျိုးကို မစားဘဲနဲ့ အစိမ်းအတိုင်းစားပေးပါ။ ကြော်လှော်ထားတာတွေဆိုရင် သူ့အာနိသင်က ပျောက်သွားတာမို့လို့ပါ။ တစ်နေ့ကို ကြက်သွန်ဖြူ ၂ မြွှာကနေ ၃ မြွှာစားပေးပါ။

    Cart