ရေသောက်သုံးခြင်းကို ဘယ်လိုအခြေအနေမျိုးမှာ ရှောင်ကြဉ်သင့်လဲ

in ကျန်းမာရေးအကြံပြုချက်, ရေဓာတ်ခမ်းခြောက်ခြင်း August 30, 2018

ကာယလေ့ကျင့်ခန်း ပြုလုပ်တဲ့သူတွေ ပုံမှန်လူတွေထက် ရေများများ သောက်သုံးကြတာကို တွေ့ရမှာပါ။ သူတို့တွေက ကျန်းမာရေးလိုက်စားတဲ့သူတွေဖြစ်တဲ့အတိုင်း အစားမစားခင်မှာလည်း ရေသောက်ကြပါတယ်။

ဒါပေမယ့်လည်း ရေအလွန်အကျွံသောက်သုံးခြင်းက ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခြေအနေမျိုးမှာ ရေအလွန်အကျွံသောက်သုံးတာကို ရပ်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အိပ်ရာမဝင်ခင်

အိပ်ရာဝင်ခါနီး ရေအလွန်အကျွံသောက်သုံးခြင်းက သင့်ကို အိပ်ရေးပျက်စေမှာ အမှန်ပါပဲ။ ရေအလွန်အကျွံသောက်သုံးမိတာကြောင့် ဆီးသွားချင်မှာဖြစ်ပြီး ဆီးသွားပြီးတဲ့နောက်မှာ ပြန်အိပ်စက်အနားယူဖို့ခက်ခဲသွားပါလိမ့်မယ်။ ဒါ့အပြင် ကျောက်ကပ်က နေ့အချိန်မှာထက် ညအချိန်မှာ အလုပ်လုပ်တာ နှေးသွားပါတယ်။ ဒါ့ကြောင့် ရေ အလွန်အကျွံသောက်ပြီး အိပ်ရာနိုးလာတဲ့အခါ မျက်နှာနဲ့ လက်တွေ ဖောရောင်နေတာကို ခံစားရနိုင်ပါတယ်။

၂။ အားကစားအပြင်းအထန်ပြုလုပ်နေချိန်

အားကစားအပြင်းအထန်ပြုလုပ်နေချိန်မှာ ရေအလွန်အကျွံသောက်သုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်၍ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်နိုင်တာကြောင့် အာစွတ်ရုံပဲသောက်သုံးသင့်ပြီး အားကစားပြုလုပ်ပြီးမှသာ ရေတဝကြီးသောက်သုံးနိုင်ပါတယ်။

၃။ အစပ်စားမိတဲ့နောက်မှာ

စပ်တဲ့ငရုတ်သီးတွေ စားမိတဲ့အခါ အစပ်အရသာပျောက်ချင်တာနဲ့ပဲ ရေအများကြီး မသောက်သုံးသင့်ပါဘူး။ ငရုတ်သီးထဲမှာပါတဲ့ လောင်ကျွမ်းစေသော အစပ်မော်လီကျူးများဟာ ရေသောက်လိုက်တဲ့အခါ ပါးစပ်တစ်ဝိုက်နဲ့ လည်ချောင်းတစ်ဝိုက်မှာ ပိုလောင်ကျွမ်းသွားမှာဖြစ်ပြီး ပိုစပ်သွားနိုင်ပါတယ်။

၎။ အစားစားနေစဉ်

အစား စားနေစဉ် ရေသောက်ခြင်းက အစာမကြေဖြစ်စေပြီး တံတွေးထွက်မှုကို လျော့ကျစေကာ မချေဖျက်နိုင်တဲ့အစာတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေမှာပါ။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေ စားတောင်မှ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံစေပါတယ်။ ရေအေးနဲ့ အရက်သေစာသောက်သုံးခြင်းက ပိုအခြေအနေဆိုးစေပါတယ်။

၅။ ပင်လယ်ရေ

ပင်လယ်ရေက သောက်သုံးဖို့ မသင့်လျော်ဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေဖြစ်ပေါ်စေလဲဆိုတာကိုတော့ လူနည်းစုလောက်သာသိပါတယ်။ ပင်လယ်ရေထဲမှာ ဗိုင်းရပ်စ်ပိုးတွေ အမြောက်အမြားပါဝင်တဲ့အတွက်ကြောင့် ကမ်းခြေသွားပြီး ရေဆော့ကစားနေစဉ် ပင်လယ်ရေတွေ ပါးစပ်ထဲဝင်လာရင် မျိုမချဘဲ ချက်ချင်းပြန်ထွေးထုတ်လိုက်ပါ။ ဒါ့အပြင် ပင်လယ်ရေထဲမှာ ဆားပါဝင်မှုအလွန်များပြီး ရေဓာတ်ခမ်းခြောက်စေပါတယ်။ မတော်တဆသောက်မိပါက အဲ့ဒီဆားတွေကို ပြန်ချေဖျက်ပေးဖို့ ခန္ဓာကိုယ်က သန့်စင်တဲ့ရေပမာဏ အမြောက်အမြားကို လိုအပ်ပါတယ်။

    Cart