ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် အကောင်းဆုံးဖျော်ရည် ၃ မျိုး

in ေရဓာတ္ခမ္းေျခာက္ျခင္း April 19, 2019

[Zawgyi]

ေရဓာတ္ခမ္းေျခာက္ျခင္းကို တိုက္ဖ်က္ဖို႔ရန္အတြက္ အေကာင္းဆံုးေဖ်ာ္ရည္မ်ားကို ႐ွာေဖြေနပါသလား။ ေဖ်ာ္ရည္အမ်ိဳးအစားအေျမာက္အျမား႐ွိသည့္အနက္ သင့္ခႏၶာကိုယ္မွ ဆံုး႐ႈံးသြားတဲ့ေရဓာတ္နဲ႔ လွ်ပ္လိုက္ေပ်ာ္ရည္မ်ားကို အျမန္ဆံုးျပန္လည္ျဖည့္တင္းေပးႏိုင္တဲ့ ေဖ်ာ္ရည္ ၃ မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

အားကစားျပဳလုပ္ၿပီးလို႔ ပင္ပန္းႏြမ္းနယ္ေနတဲ့အခါ ျပန္လည္လန္းဆန္းဖို႔ကူညီေပးပါလိမ့္မယ္။

နံပါတ္ ၁ အေကာင္းဆံုးအရည္ကေတာ့ ေရပဲျဖစ္ပါတယ္။

အားကစားျပဳလုပ္ေနစဥ္ ေရေသာက္သံုးျခင္းက ေခြ်းထြက္လို႔ဆံုး႐ႈံးသြားတဲ့ေရဓာတ္ကို ျပန္လည္ျဖည့္တင္းေပးႏိုင္ပါတယ္။ ေနမေကာင္းျဖစ္ေနခ်ိန္မွာလည္း ေရမ်ားမ်ားေသာက္သံုးေပးဖို႔လိုအပ္ပါတယ္။ ဘယ္ေနရာမွာ ဘာပဲလုပ္လုပ္ ေရသန္႔ဘူးတစ္ဘူးကိုေတာ့ အလြယ္တကူ႐ွာေတြ႔ႏိုင္တာကေတာ့ အေကာင္းမြန္ဆံုးအားသာခ်က္တစ္ခုပဲျဖစ္ပါတယ္။

ဖရဲသီး

ဖရဲသီးထဲမွာ ေရဓာတ္ ၉၂ ရာခိုင္ႏႈန္းပါဝင္ေနတဲ့အတြက္ ဖရဲသီးကို စားသံုးလို႔လည္းရသလို ဖရဲသီးေဖ်ာ္ရည္ေသာက္သံုးေပးလို႔လည္းရပါတယ္။ ေရဓာတ္ျပန္လည္ျဖည့္တင္းေပးမယ့္အျပင္ ဗီတာမင္ ေအ၊ ဗီတာမင္ စီနဲ႔ လွ်ပ္လိုက္ရည္မ်ားကို သင့္ခႏၶာကိုယ္က ရ႐ွိပါလိမ့္မယ္။

အုန္းရည္

အုန္းရည္ကေတာ့ သဘာဝစြမ္းအားျဖည့္အခ်ိဳရည္တစ္မ်ိဳးပဲျဖစ္ပါတယ္။ သူ႔မွ ပိုတက္စီယမ္၊ မဂၢနီစီယမ္၊ ကယ္လစီယမ္၊ ေဖာ့စဖရတ္နဲ႔ ဆိုဒီယမ္စတဲ့ လွ်ပ္လိုက္ေပ်ာ္ရည္ငါးမ်ိဳးစလံုး စုေပါင္းပါဝင္တဲ့ တစ္ခုတည္းေသာ သဘာဝေဖ်ာ္ရည္ပဲျဖစ္ပါတယ္။ တျခားစြမ္းအားျဖည့္အခ်ိဳရည္ေတြလိုပဲ အုန္းရည္မွာလည္း သၾကားဓာတ္ပါဝင္ပါတယ္။ ဒါဆိုရင္ ျခားနားခ်က္က ဘာမ်ားျဖစ္မလဲ။ စြမ္းအားျဖည့္အခ်ိဳရည္မွာေတာ့ ဆိုဒီယမ္ဓာတ္က ေလးဆပါဝင္ေပမယ့္ သဘာဝမဟုတ္တဲ့သၾကားဓာတ္ကေတာ့ အလြန္အကြ်ံပါဝင္ေနတဲ့အတြက္ ေသာက္သံုးရန္မသင့္ေတာ္ပါဘူး။

ေရဓာတ္ခမ္းေျခာက္ခ်ိန္၌ ေ႐ွာင္ၾကဥ္ရမယ့္ အရာမ်ား

သင့္ကို ေရဓာတ္ပိုမိုခမ္းေျခာက္ေအာင္လို႔ ျပဳလုပ္ေနတဲ့ေဖ်ာ္ရည္ေတြလည္း ႐ွိပါတယ္။ ကာဖိန္းဓာတ္နဲ႔ အယ္လ္ကိုေဟာ ပါဝင္တဲ့ေဖ်ာ္ရည္ေတြပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကိုဘယ္ေလာက္ပဲ လန္းဆန္းတက္ၾကြလာေအာင္ ျပဳလုပ္ႏိုင္စြမ္း႐ွိေနပါေစ မေသာက္သံုးသင့္တဲ့အရာေတြကေတာ့ ေကာ္ဖီ၊ လက္ဖက္ရည္၊ ဆိုဒါတို႔ပဲျဖစ္ပါတယ္။ အရက္ေသာက္သံုးသူမ်ားအေနနဲ႔ သတိထားရမွာကေတာ့ အယ္လ္ကိုေဟာပမာဏမ်ားေလေလ၊ ေရဓာတ္ျမန္ျမန္ခမ္းေျခာက္ေလေလ ျဖစ္တာေၾကာင့္ ေကာ့ေတးနဲ႔ အရက္ေသာက္တိုင္း ေရပါတြဲေသာက္ေပးဖို႔ မေမ့ပါနဲ႔။

[Unicode]

ရေဓာတ်ခမ်းခြောက်ခြင်းကို တိုက်ဖျက်ဖို့ရန်အတွက် အကောင်းဆုံးဖျော်ရည်များကို ရှာဖွေနေပါသလား။ ဖျော်ရည်အမျိုးအစားအမြောက်အမြားရှိသည့်အနက် သင့်ခန္ဓာကိုယ်မှ ဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့ လျှပ်လိုက်ပျော်ရည်များကို အမြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ဖျော်ရည် ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အားကစားပြုလုပ်ပြီးလို့ ပင်ပန်းနွမ်းနယ်နေတဲ့အခါ ပြန်လည်လန်းဆန်းဖို့ကူညီပေးပါလိမ့်မယ်။

နံပါတ် ၁ အကောင်းဆုံးအရည်ကတော့ ရေပဲဖြစ်ပါတယ်။

အားကစားပြုလုပ်နေစဉ် ရေသောက်သုံးခြင်းက ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ နေမကောင်းဖြစ်နေချိန်မှာလည်း ရေများများသောက်သုံးပေးဖို့လိုအပ်ပါတယ်။ ဘယ်နေရာမှာ ဘာပဲလုပ်လုပ် ရေသန့်ဘူးတစ်ဘူးကိုတော့ အလွယ်တကူရှာတွေ့နိုင်တာကတော့ အကောင်းမွန်ဆုံးအားသာချက်တစ်ခုပဲဖြစ်ပါတယ်။

ဖရဲသီး

ဖရဲသီးထဲမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်နေတဲ့အတွက် ဖရဲသီးကို စားသုံးလို့လည်းရသလို ဖရဲသီးဖျော်ရည်သောက်သုံးပေးလို့လည်းရပါတယ်။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးမယ့်အပြင် ဗီတာမင် အေ၊ ဗီတာမင် စီနဲ့ လျှပ်လိုက်ရည်များကို သင့်ခန္ဓာကိုယ်က ရရှိပါလိမ့်မယ်။

အုန်းရည်

အုန်းရည်ကတော့ သဘာဝစွမ်းအားဖြည့်အချိုရည်တစ်မျိုးပဲဖြစ်ပါတယ်။ သူ့မှ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လစီယမ်၊ ဖော့စဖရတ်နဲ့ ဆိုဒီယမ်စတဲ့ လျှပ်လိုက်ပျော်ရည်ငါးမျိုးစလုံး စုပေါင်းပါဝင်တဲ့ တစ်ခုတည်းသော သဘာဝဖျော်ရည်ပဲဖြစ်ပါတယ်။ တခြားစွမ်းအားဖြည့်အချိုရည်တွေလိုပဲ အုန်းရည်မှာလည်း သကြားဓာတ်ပါဝင်ပါတယ်။ ဒါဆိုရင် ခြားနားချက်က ဘာများဖြစ်မလဲ။ စွမ်းအားဖြည့်အချိုရည်မှာတော့ ဆိုဒီယမ်ဓာတ်က လေးဆပါဝင်ပေမယ့် သဘာဝမဟုတ်တဲ့သကြားဓာတ်ကတော့ အလွန်အကျွံပါဝင်နေတဲ့အတွက် သောက်သုံးရန်မသင့်တော်ပါဘူး။

ရေဓာတ်ခမ်းခြောက်ချိန်၌ ရှောင်ကြဉ်ရမယ့် အရာများ

သင့်ကို ရေဓာတ်ပိုမိုခမ်းခြောက်အောင်လို့ ပြုလုပ်နေတဲ့ဖျော်ရည်တွေလည်း ရှိပါတယ်။ ကာဖိန်းဓာတ်နဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ဖျော်ရည်တွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုဘယ်လောက်ပဲ လန်းဆန်းတက်ကြွလာအောင် ပြုလုပ်နိုင်စွမ်းရှိနေပါစေ မသောက်သုံးသင့်တဲ့အရာတွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါတို့ပဲဖြစ်ပါတယ်။ အရက်သောက်သုံးသူများအနေနဲ့ သတိထားရမှာကတော့ အယ်လ်ကိုဟောပမာဏများလေလေ၊ ရေဓာတ်မြန်မြန်ခမ်းခြောက်လေလေ ဖြစ်တာကြောင့် ကော့တေးနဲ့ အရက်သောက်တိုင်း ရေပါတွဲသောက်ပေးဖို့ မမေ့ပါနဲ့။

    Cart