အသက္အရြယ္အိုမင္းရင့္ေရာ္ျခင္းနဲ႔ ေရဓာတ္ခမ္းေျခာက္ျခင္း

in အသားအေရ, ေရဓာတ္ခမ္းေျခာက္ျခင္း November 4, 2019

[Zawgyi]

သင့္ခႏၶာကိုယ္မွာ အႀကီးမားဆံုးအဂၤါအစိတ္အပိုင္းကေတာ့ အေရျပားပဲျဖစ္ပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္မ႐ွိေတာ့တဲ့အခါ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းမ်ားရဲ႕ လုပ္ေဆာင္မႈကို ရပ္တန္႔ပစ္လိုက္ပါတယ္။ ဒီလိုဆိုရင္ ေရဓာတ္ခမ္းေျခာက္ျခင္းကလည္း အေရျပားရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို ဘယ္ေလာက္ထိဆိုးက်ိဳးျဖစ္ေစႏိုင္လဲဆိုတာကို သင္ ခန္႔မွန္းၿပီးသားျဖစ္ပါလိမ့္မယ္။ သင့္ အသားအေရက ေရဓာတ္ခမ္းေျခာက္တဲ့အခါ အသားအေရရဲ႕ တင္းရင္းမႈက ေလ်ာ့က်သြားၿပီး အေရျပားအားနည္းသြားကာ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ျဖစ္ေစပါတယ္။

က်န္းမာလွပတဲ့အသားအေရမွာ ေရဓာတ္ ၁၀ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းအထိ ပါဝင္ပါတယ္။ တကယ္လို႔ လံုေလာက္တဲ့ေရဓာတ္မရ႐ွိေတာ့တဲ့အခါ အသားအေရေျခာက္ျခင္း၊ အေရျပားမ်ား အလႊာလိုက္ကြာက်ျခင္း၊ အသားအေရၾကမ္းတမ္းျခင္းနဲ႔ ယားယံျခင္း၊ အေရျပားပက္ၾကားအက္ျခင္း စတဲ့ အလွအပဆိုင္ရာျပႆနာမ်ား ႀကံဳေတြ႔ခံစားရႏိုင္ပါတယ္။

ဒါ့အျပင္ သင့္အသားအေရက ေရဓာတ္ခမ္းေျခာက္ေနတဲ့အခါ ထိေရာက္တဲ့အကာအကြယ္ကို မေပးစြမ္းႏိုင္ေတာ့ပါဘူး။ ျပင္ပက ရာသီဥတုအပူခ်ိန္၊ ေလေအးေပးစက္ရဲ႕ အေအးဒဏ္၊ ေဆးဝါးမ်ား ေသာက္သံုးရတဲ့အခါ ခံစားရမယ့္ ေဘးထြက္ဆိုးက်ိဳးမ်ား၊ ဆပ္ျပာနဲ႔ ဓာတုအလွကုန္ပစၥည္းမ်ားသံုးစြဲျခင္း၊ အရက္ေသစာနဲ႔ေဆးလိပ္ေသာက္သံုးျခင္း၊ ခရမ္းလြန္ေရာင္ျခည္ဒဏ္ခံစားရျခင္း အစ႐ွိတဲ့ အေၾကာင္းအရာမ်ားေၾကာင့္ အသားအေရပ်က္စီးျခင္းမွ ကာကြယ္ႏိုင္ဖို႔ဆိုရင္ အသားအေရက ေရဓာတ္ရ႐ွိမွ ေကာင္းစြာ လုပ္ေဆာင္ႏိုင္မွာပါ။

ျပင္းထန္တဲ့ေနေရာင္ျခည္ဒဏ္ထိေတြ႔မႈက အသားအေရေျခာက္ေသြ႔ျခင္းရဲ႕ အႀကီးမားဆံုးတရားခံပဲျဖစ္ပါတယ္။ ခရမ္းလြန္ေရာင္ျခည္က အေရျပားထဲက အမွ်င္ဓာတ္တစ္မ်ိဳးျဖစ္တဲ့ အသားအေရတင္းရင္းမႈကို ဖ်က္ဆီးပစ္ပါတယ္။ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ကေတာ့ အသားအေရမွာ အေရးအေၾကာင္းေပၚေပါက္ျခင္း၊ ပါးေရတြန္႔ျခင္း၊ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းေတြ ျဖစ္လာေတာ့တာပါပဲ။

ဒါေပမဲ့ ေရဓာတ္ျပန္လည္ျဖည့္တင္းေပးျခင္းက အသားအေရကို တစ္ဖန္ျပန္လည္က်န္းမာလွပ ႏုပ်ိဳေစပါတယ္။ ဒါ့ေၾကာင့္ ေရေသာက္သံုးျခင္းျဖင့္ ခႏၶာကိုယ္အတြင္းထဲသို႔ ေရဓာတ္ျဖည့္တင္းေပးဖို႔ လိုအပ္သလို အစိုဓာတ္ထိန္းေပးထားတဲ့ ခရင္မ္မ်ား ( Moisturizing ခရင္မ္) လိမ္းေပးျခင္းျဖင့္ ခႏၶာကိုယ္အျပင္ပိုင္းကို ေရဓာတ္ျဖည့္ေပးပါ။ ဒါ့အျပင္ အသားအေရကို ေသခ်ာသန္႔စင္ေပးဖို႔ လိုအပ္သလို၊ အညစ္အေၾကးမ်ား ဖယ္႐ွားေပးဖို႔အတြက္ ေၾကးခြ်တ္ေပးျခင္း၊ ေနပူထဲထြက္တဲ့အခါ ေနေလာင္ကာခရင္မ္လိမ္းျခင္း၊ ထီးေဆာင္းေပးျခင္းတို႔ကို ဂ႐ုတစိုက္ျပဳလုပ္ေပးသင့္ပါတယ္။

ဒါ့အျပင္ အာဟာရဓာတ္ျပည့္ဝတဲ့ အစားအစာမ်ား၊ အစိမ္းေရာင္႐ွိတဲ့ ဟင္းသီးဟင္းရြက္မ်ား၊ ေဆာ္လမြန္ငါး၊ ဗီတာမင္ ဒီ၊ ေဂၚဖီထုပ္၊ ခရမ္းခ်ဥ္သီး၊ ဗီတာမင္ စီ ၾကြယ္ဝတဲ့ သံပုယိုသီးမ်ား၊ ၾကက္ဥအႏွစ္မ်ား စတာေတြက သင့္အသားအေရ က်န္းမာလွပေနဖို႔ ကူညီေပးႏိုင္ပါတယ္။ ေရကို မေမ့မေလ်ာ့ေသာက္သံုးေပးရမွာကေတာ့ အဓိကအေရးႀကီးဆံုးအခ်က္ပဲျဖစ္ပါတယ္။

[Unicode]

သင့်ခန္ဓာကိုယ်မှာ အကြီးမားဆုံးအင်္ဂါအစိတ်အပိုင်းကတော့ အရေပြားပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မရှိတော့တဲ့အခါ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများရဲ့ လုပ်ဆောင်မှုကို ရပ်တန့်ပစ်လိုက်ပါတယ်။ ဒီလိုဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်းကလည်း အရေပြားရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဘယ်လောက်ထိဆိုးကျိုးဖြစ်စေနိုင်လဲဆိုတာကို သင် ခန့်မှန်းပြီးသားဖြစ်ပါလိမ့်မယ်။ သင့် အသားအရေက ရေဓာတ်ခမ်းခြောက်တဲ့အခါ အသားအရေရဲ့ တင်းရင်းမှုက လျော့ကျသွားပြီး အရေပြားအားနည်းသွားကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။

ကျန်းမာလှပတဲ့အသားအရေမှာ ရေဓာတ် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ တကယ်လို့ လုံလောက်တဲ့ရေဓာတ်မရရှိတော့တဲ့အခါ အသားအရေခြောက်ခြင်း၊ အရေပြားများ အလွှာလိုက်ကွာကျခြင်း၊ အသားအရေကြမ်းတမ်းခြင်းနဲ့ ယားယံခြင်း၊ အရေပြားပက်ကြားအက်ခြင်း စတဲ့ အလှအပဆိုင်ရာပြဿနာများ ကြုံတွေ့ခံစားရနိုင်ပါတယ်။

ဒါ့အပြင် သင့်အသားအရေက ရေဓာတ်ခမ်းခြောက်နေတဲ့အခါ ထိရောက်တဲ့အကာအကွယ်ကို မပေးစွမ်းနိုင်တော့ပါဘူး။ ပြင်ပက ရာသီဥတုအပူချိန်၊ လေအေးပေးစက်ရဲ့ အအေးဒဏ်၊ ဆေးဝါးများ သောက်သုံးရတဲ့အခါ ခံစားရမယ့် ဘေးထွက်ဆိုးကျိုးများ၊ ဆပ်ပြာနဲ့ ဓာတုအလှကုန်ပစ္စည်းများသုံးစွဲခြင်း၊ အရက်သေစာနဲ့ဆေးလိပ်သောက်သုံးခြင်း၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ခံစားရခြင်း အစရှိတဲ့ အကြောင်းအရာများကြောင့် အသားအရေပျက်စီးခြင်းမှ ကာကွယ်နိုင်ဖို့ဆိုရင် အသားအရေက ရေဓာတ်ရရှိမှ ကောင်းစွာ လုပ်ဆောင်နိုင်မှာပါ။

ပြင်းထန်တဲ့နေရောင်ခြည်ဒဏ်ထိတွေ့မှုက အသားအရေခြောက်သွေ့ခြင်းရဲ့ အကြီးမားဆုံးတရားခံပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က အရေပြားထဲက အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ အသားအရေတင်းရင်းမှုကို ဖျက်ဆီးပစ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ အသားအရေမှာ အရေးအကြောင်းပေါ်ပေါက်ခြင်း၊ ပါးရေတွန့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာတော့တာပါပဲ။

ဒါပေမဲ့ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်းက အသားအရေကို တစ်ဖန်ပြန်လည်ကျန်းမာလှပ နုပျိုစေပါတယ်။ ဒါ့ကြောင့် ရေသောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းထဲသို့ ရေဓာတ်ဖြည့်တင်းပေးဖို့ လိုအပ်သလို အစိုဓာတ်ထိန်းပေးထားတဲ့ ခရင်မ်များ ( Moisturizing ခရင်မ်) လိမ်းပေးခြင်းဖြင့် ခန္ဓာကိုယ်အပြင်ပိုင်းကို ရေဓာတ်ဖြည့်ပေးပါ။ ဒါ့အပြင် အသားအရေကို သေချာသန့်စင်ပေးဖို့ လိုအပ်သလို၊ အညစ်အကြေးများ ဖယ်ရှားပေးဖို့အတွက် ကြေးချွတ်ပေးခြင်း၊ နေပူထဲထွက်တဲ့အခါ နေလောင်ကာခရင်မ်လိမ်းခြင်း၊ ထီးဆောင်းပေးခြင်းတို့ကို ဂရုတစိုက်ပြုလုပ်ပေးသင့်ပါတယ်။

ဒါ့အပြင် အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ၊ ဆော်လမွန်ငါး၊ ဗီတာမင် ဒီ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ဗီတာမင် စီ ကြွယ်ဝတဲ့ သံပုယိုသီးများ၊ ကြက်ဥအနှစ်များ စတာတွေက သင့်အသားအရေ ကျန်းမာလှပနေဖို့ ကူညီပေးနိုင်ပါတယ်။ ရေကို မမေ့မလျော့သောက်သုံးပေးရမှာကတော့ အဓိကအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။

    Cart