ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ၿပီး ခႏၶာကိုယ္သြယ္လ်လွပခ်င္သူေတြအတြက္ ဂ်ပန္လူမ်ိဳးတို႔ရဲ႕ ေရကုထံုး

in ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းဆိုင္ရာ December 3, 2019

[Zawgyi]

ဂ်ပန္လူမ်ိဳးေတြရဲ႕ ေရကုထံုးဆိုတာ ဘယ္လိုမ်ိဳးလဲ။ ဂ်ပန္လူမ်ိဳးတို႔ရဲ႕ ေရကုထံုးက သင့္အစာအိမ္ကို သန္႔စင္ေပးၿပီး အစာေခ်စနစ္ကို ျမွင့္တင္ေပးတဲ့နည္းလမ္းေကာင္းတစ္ခုပဲျဖစ္ပါတယ္။ ဂ်ပန္လူမ်ိဳးမ်ားအသံုးျပဳတဲ့ ႐ိုးရာေရကုထံုးက မနက္မိုးလင္းလင္းခ်င္းအိပ္ယာႏိုးတာနဲ႔ ေရေသာက္သံုးရမွာပဲျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ မနက္ေစာေစာကို ေရႊေရာင္အခ်ိန္အျဖစ္သတ္မွတ္ေလ့႐ွိၿပီး ထိုအခ်ိန္မွာ ေရေသာက္ျခင္းက ခႏၶာကိုယ္အေလးခ်ိန္က်ေအာင္ကူညီေပးကာ အစာေခ်စနစ္ကိုေကာင္းမြန္ေစတဲ့အျပင္ အျခားေသာက်န္းမာေရးျပႆနာမ်ား မခံစားရေအာင္ ကူညီေပးပါတယ္။

ဂ်ပန္႐ိုးရာေရကုထံုးကို အသံုးျပဳတဲ့အခါ လိုက္နာရမယ့္ အခ်က္ ၅ ခ်က္

၁။ မနက္မိုးလင္းလင္းခ်င္း အိပ္ယာႏိုးတာနဲ႔ ဘာမွမစားဘဲ ေရ ၄ ခြက္ကေန ၆ ခြက္ (၁၆၀ မီလီလီတာမွ ၂၀၀ မီလီလီတာ) အထိ ေသာက္သံုးေပးပါ။ ေရေအးေသာက္သံုးရမွာ မဟုတ္ဘဲ ၾကက္သီးေႏြးေရေႏြး (သို႔) အခန္းအပူခ်ိန္နဲ႔ ညီမွ်တဲ့ေရကို ေသာက္သံုးေပးရမွာပါ။ ထိုေရထဲကို လတ္ဆတ္တဲ့ သံပုယိုရည္ေလးညွစ္ထည့္ေပးလို႔လည္းရပါတယ္။

၂။ ေရေသာက္ၿပီးတဲ့အခါ သြားတိုက္ေပးလိုက္ပါ။ ၿပီးရင္ အနည္းဆံုး ၄၅ မိနစ္ခန္႔ ၾကာတဲ့အထိ ဘာမွမစားရသလို အခ်ိဳရည္ေတြကိုလည္း ေသာက္သံုးလို႔မရပါဘူး။ ၄၅ မိနစ္ေက်ာ္မွ မိမိရဲ႕ တစ္ေန႔တာလုပ္ေဆာင္ေနက်လုပ္ငန္းစဥ္မ်ားကို အစျပဳလို႔ရပါၿပီ။ အစား စားၿပီးတိုင္းမွာလည္း အနည္းဆံုး ၂ နာရီၾကာတဲ့အထိ ဘာမွ မစား မေသာက္ဘဲေနရပါမယ္။

၃။ က်န္းမာေရးမေကာင္းတဲ့ လူႀကီးမ်ားအေနနဲ႔ ဒီေရကုထံုးကို အသံုးျပဳမယ္ဆိုရင္ေတာ့ ပထမဆံုးရက္ရဲ႕ မနက္ေစာေစာမွာ ေရတစ္ခြက္ပဲေသာက္သံုးေပးၿပီး ေနာက္ေန႔က်မွ တစ္ခြက္ခ်င္းစီတိုးေသာက္ေပးရမွာျဖစ္ပါတယ္။

၄။ တကယ္လို႔ သင္က ေရေလးခြက္ကို တစ္ခါတည္းမေသာက္ႏိုင္ဘူးဆိုရင္ မိနစ္အနည္းငယ္ေလာက္ျခားၿပီးေသာက္ေပးပါ။ ဒီလိုလုပ္ျခင္းက သင့္ရဲ႕အစာအိမ္ကိုအနားေပးရာလည္းက်ပါတယ္။ ဂ်ပန္႐ိုးရာေရကုထံုးက ေရာဂါဘယမ်ား မခံစားရေအာင္ ကာကြယ္ေပးၿပီး က်န္းမာေပ်ာ္ရႊင္တဲ့လူေနမႈဘဝကို ပိုင္ဆိုင္ႏိုင္ေအာင္ ကူညီေပးပါတယ္။

၅။ ေန႔စဥ္ေန႔တိုင္းမွာ အနည္းဆံုးတစ္နာရီခန္႔ လမ္းျမန္ျမန္ေလွ်ာက္ေပးပါ။ ညအိပ္ယာမဝင္ခင္မွာလည္း ေရေႏြးေႏြးေလးကို ဆားနဲ႔ေရာၿပီး ၄ ႀကိမ္၊ ၅ ႀကိမ္ခန္႔ ပလုတ္က်င္းေပးရပါမယ္။ အစား စားတဲ့အခါမွာလည္း မ်ိဳမခ်ဘဲ ေၾကညက္ေအာင္ ဝါးစားေပးပါ။ သင့္အစာေခ်စနစ္ကို အေထာက္အကူျပဳေပးပါလိမ့္မယ္။

ဂ်ပန္႐ိုးရာေရကုထံုးကို အသံုးျပဳေပးျခင္းျဖင့္ ဘယ္လိုအက်ိဳးေက်းဇူးေတြရ႐ွိမလဲ

ဒီနည္းလမ္းကို အသံုးျပဳျခင္းက ခံစားေနရတဲ့စိတ္ဖိစီးမႈမ်ားကို ေလ်ာ့နည္းသက္သာေစၿပီး ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစကာ အစာေခ်စနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ တစ္ေန႔တာလံုးလည္း စြမ္းအင္ျပည့္ဝေနေအာင္ ကူညီေပးပါေသးတယ္။

[Unicode]

ဂျပန်လူမျိုးတွေရဲ့ ရေကုထုံးဆိုတာ ဘယ်လိုမျိုးလဲ။ ဂျပန်လူမျိုးတို့ရဲ့ ရေကုထုံးက သင့်အစာအိမ်ကို သန့်စင်ပေးပြီး အစာချေစနစ်ကို မြှင့်တင်ပေးတဲ့နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးများအသုံးပြုတဲ့ ရိုးရာရေကုထုံးက မနက်မိုးလင်းလင်းချင်းအိပ်ယာနိုးတာနဲ့ ရေသောက်သုံးရမှာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မနက်စောစောကို ရွှေရောင်အချိန်အဖြစ်သတ်မှတ်လေ့ရှိပြီး ထိုအချိန်မှာ ရေသောက်ခြင်းက ခန္ဓာကိုယ်အလေးချိန်ကျအောင်ကူညီပေးကာ အစာချေစနစ်ကိုကောင်းမွန်စေတဲ့အပြင် အခြားသောကျန်းမာရေးပြဿနာများ မခံစားရအောင် ကူညီပေးပါတယ်။

ဂျပန်ရိုးရာရေကုထုံးကို အသုံးပြုတဲ့အခါ လိုက်နာရမယ့် အချက် ၅ ချက်

၁။ မနက်မိုးလင်းလင်းချင်း အိပ်ယာနိုးတာနဲ့ ဘာမှမစားဘဲ ရေ ၄ ခွက်ကနေ ၆ ခွက် (၁၆၀ မီလီလီတာမှ ၂၀၀ မီလီလီတာ) အထိ သောက်သုံးပေးပါ။ ရေအေးသောက်သုံးရမှာ မဟုတ်ဘဲ ကြက်သီးနွေးရေနွေး (သို့) အခန်းအပူချိန်နဲ့ ညီမျှတဲ့ရေကို သောက်သုံးပေးရမှာပါ။ ထိုရေထဲကို လတ်ဆတ်တဲ့ သံပုယိုရည်လေးညှစ်ထည့်ပေးလို့လည်းရပါတယ်။

၂။ ရေသောက်ပြီးတဲ့အခါ သွားတိုက်ပေးလိုက်ပါ။ ပြီးရင် အနည်းဆုံး ၄၅ မိနစ်ခန့် ကြာတဲ့အထိ ဘာမှမစားရသလို အချိုရည်တွေကိုလည်း သောက်သုံးလို့မရပါဘူး။ ၄၅ မိနစ်ကျော်မှ မိမိရဲ့ တစ်နေ့တာလုပ်ဆောင်နေကျလုပ်ငန်းစဉ်များကို အစပြုလို့ရပါပြီ။ အစား စားပြီးတိုင်းမှာလည်း အနည်းဆုံး ၂ နာရီကြာတဲ့အထိ ဘာမှ မစား မသောက်ဘဲနေရပါမယ်။

၃။ ကျန်းမာရေးမကောင်းတဲ့ လူကြီးများအနေနဲ့ ဒီရေကုထုံးကို အသုံးပြုမယ်ဆိုရင်တော့ ပထမဆုံးရက်ရဲ့ မနက်စောစောမှာ ရေတစ်ခွက်ပဲသောက်သုံးပေးပြီး နောက်နေ့ကျမှ တစ်ခွက်ချင်းစီတိုးသောက်ပေးရမှာဖြစ်ပါတယ်။

၄။ တကယ်လို့ သင်က ရေလေးခွက်ကို တစ်ခါတည်းမသောက်နိုင်ဘူးဆိုရင် မိနစ်အနည်းငယ်လောက်ခြားပြီးသောက်ပေးပါ။ ဒီလိုလုပ်ခြင်းက သင့်ရဲ့အစာအိမ်ကိုအနားပေးရာလည်းကျပါတယ်။ ဂျပန်ရိုးရာရေကုထုံးက ရောဂါဘယများ မခံစားရအောင် ကာကွယ်ပေးပြီး ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝကို ပိုင်ဆိုင်နိုင်အောင် ကူညီပေးပါတယ်။

၅။ နေ့စဉ်နေ့တိုင်းမှာ အနည်းဆုံးတစ်နာရီခန့် လမ်းမြန်မြန်လျှောက်ပေးပါ။ ညအိပ်ယာမဝင်ခင်မှာလည်း ရေနွေးနွေးလေးကို ဆားနဲ့ရောပြီး ၄ ကြိမ်၊ ၅ ကြိမ်ခန့် ပလုတ်ကျင်းပေးရပါမယ်။ အစား စားတဲ့အခါမှာလည်း မျိုမချဘဲ ကြေညက်အောင် ဝါးစားပေးပါ။ သင့်အစာချေစနစ်ကို အထောက်အကူပြုပေးပါလိမ့်မယ်။

ဂျပန်ရိုးရာရေကုထုံးကို အသုံးပြုပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲ

ဒီနည်းလမ်းကို အသုံးပြုခြင်းက ခံစားနေရတဲ့စိတ်ဖိစီးမှုများကို လျော့နည်းသက်သာစေပြီး ကိုယ်အလေးချိန်လျော့ကျစေကာ အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် တစ်နေ့တာလုံးလည်း စွမ်းအင်ပြည့်ဝနေအောင် ကူညီပေးပါသေးတယ်။

    Cart