ရေနွေးပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း August 30, 2018

ရေနွေးသောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကုန်ဆုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ အစာချေစနစ်ကိုလည်း ကူညီပေးပြီး အစာအိမ်ထဲမှာ အစာတွေ ပြွတ်သိပ်မနေအောင်လည်း ပြုလုပ်ပေးပြီး စိတ်လက်ပေါ့ပါးလန်းဆန်းအောင် ပြုလုပ်ပေးပါတယ်။ ရေနွေးထဲကို သံပုရိုသီးညစ်ထည့်ပေးခြင်းကလည်း ဗီတာမင်စီ ဓာတ်ကို ရရှိစေမှာဖြစ်ပြီး ကျန်းမာရေးအတွက် ပိုပြီး ကောင်းမွန်ပါတယ်။

ရေနွေးသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတော့

၁။ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးတယ်

ရေနွေးပူသောက်ခြင်းကြောင့် အူကျုံ့သွားပြီး အူထဲမှာပိတ်နေတဲ့အညစ်အကြေးများ ခန္ဓာကိုယ်ထဲမှာ ထွက်သွားအောင် ကူညီပေးပါတယ်။

၂။ ရေဓာတ်ပြည့်စေတယ်

ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးဖို့ဆိုရင် ရေနွေးပူပဲဖြစ်ဖြစ်၊ ရေအေးပဲဖြစ်ဖြစ် အကျိုးအာနိသင်ကတော့ အတူတူပါပဲ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ရေ ၈ ခွက် (၂ လီတာ သို့မဟုတ် ဂါလံဝက်) သောက်သုံးသင့်ပါတယ်။ ဒါပေမယ့် လူအများစုက ၈ ခွက် ပြည့်အောင် မသောက်နိုင်ကြပါဘူး။ ရေဓာတ်ပြည့်ဝခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ ပြောမကုန်နိုင်အောင် များပြားလှပါတယ်။

၃။ ကိုယ်အလေးချိန်ကျစေတယ်

ရေနွေးပူသောက်ခြင်းကြောင့် ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးတဲ့စနစ်ကို လှုပ်နိုးလိုက်ပြီး ကိုယ်တွင်းအပူချိန်ကိုလျော့ချပေးကာ ဇီဝကမ္မဖြစ်စဉ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်အောင် အသက်သွင်းပေးလိုက်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဖောရောင်နေတဲ့ မလိုအပ်တဲ့အညစ်ကြေးတွေကို ဖယ်ရှားပေးပြီး ဝိတ်ကျစေပါတယ်။

၎။ သွေးလှည့်ပတ်မှုအားကောင်းစေတယ်

ရေနွေးပူနဲ့ ရေချိုးခြင်းက သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောများကို ပွင့်သွားစေပြီး ခန္ဓာကိုယ်တွင်းမှာ သွေးတွေ ကောင်းမွန်စွာ လှည့်ပတ်စီးဆင်းဖို့အတွက် ကူညီပေးပါတယ်။ ရေနွေးသောက်ခြင်းကလည်း အလားတူအကျိုးရလဒ်တွေ ရရှိစေပါတယ်။ ရေနွေးသောက်ပြီး အိပ်ခါနီးမှာ ရေနွေးနဲ့ ရေချိုးပေးခြင်းကြောင့် နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်မှာပါ။

၅။ စိတ်ဖိစီးမှုကို လျော့ချပေးတယ်

ရေနွေးပူသောက်သုံးခြင်းက အာရုံကြောစနစ်ကို ကူညီပေးပြီး စိုးရိမ်ပူပန်မှုနည်းအောင် ပြုလုပ်ပေးပါတယ်။ ရေနွေးပူထဲကို နွားနို့ပူပူလေးထည့်သောက်ပေးရင် စိတ်ကိုပိုပြီးတည်ငြိမ်စေပါတယ်။

ဒါပေမယ့် သိပ်ပူလွန်းတဲ့ ရေနွေးသောက်သုံးခြင်းကြောင့် အစာရေမျိုပြွန်တစ်သျှူးတွေကို ပျက်စီးစေပြီး အာရုံခံအဖုလေးတွေကို လောင်ကျွမ်းစေတယ်၊ လျှာအပူလောင်စေပါတယ်။ ပူပြင်းတဲ့နေရောင်အောက်မှာ အလုပ်လုပ်ရရင်၊ ဒါမှမဟုတ် လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ရင် ရေနွေးပူသောက်သုံးခြင်းကို ရှောင်ကြဉ်ပေးပါ။

    Cart