ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းလာအောင် ရေနဲ့အဆိပ်ဖြေတဲ့အခါမှာ သိထားသင့်တဲ့အရာများ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက် August 30, 2018

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့အဆိပ်တွေကို ဖယ်ရှားပေးဖို့အတွက် ရေနဲ့အဆိပ်ဖြေခြင်းနည်းက ခေတ်စားခဲ့တာပါ။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရောမ၊ ဂရိမှာ ရေနဲ့အဆိပ်ဖြေတဲ့ ယဉ်ကျေးမှုစတင်ထွန်းကားခဲ့ပါတယ်။ ပြုလုပ်တဲ့နည်းလမ်းကတော့ အမျိုးမျိုးရှိကြပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်ထဲမှ မကောင်းတဲ့အရာများနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ပဲဖြစ်ပါတယ်။ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ကလည်း သူတို့ရဲ့ရည်ရွယ်ချက်ပဲဖြစ်တယ်။

ယနေ့ခေတ်မှာဆိုရင် ဆေးဆိုင်တိုင်းမှာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့အတွက် ဆေးဝါးထုတ်ကုန်တွေကလည်း ပေါများနေပြီဖြစ်တဲ့အတွက် ပိုပြီး လွယ်ကူသွားပါတယ်။  ဒါပေမယ့် အကောင်းဆုံးနဲ့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးအဆိပ်အတောက်ဖြေနည်းကတော့ ရေပဲဖြစ်ပါတယ်။

ရေနဲ့အဆိပ်ဖြေခြင်း

ရေက လူသားတိုင်း အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်သလို ကျန်းမာရေးကောင်းမွန်အောင်လည်း ပြုလုပ်ပေးပါတယ်။ ရေကို နေ့စဉ်မှန်မှန်သောက်သုံးခြင်းက ကျန်းမာစွာနေထိုင်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပြီး ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ရေမှာ အခြားကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ အရာတွေလည်း ပါဝင်ပါသေးတယ်။

ရေနဲ့အဆိပ်ဖြေခြင်းနည်းကို စမ်းပြီးပြုလုပ်ချင်တယ်ဆိုရင်တော့ ပထမဦးဆုံးပြုလုပ်ရမယ့်အရာက အစီအစဉ်ဆွဲရမှာပဲဖြစ်ပါတယ်။ လွယ်ကူမှာတော့မဟှုတ်ပေမဲ့ နည်းမှန်လမ်းမှန်နဲ့ အဆိပ်ဖြေမယ်ဆိုရင်တော့ သူ့ရဲ့အကျိုးအာနိသင်တွေကို အချိန်တိုအတွင်းမှာ တွေ့မြင်ရမှာပါ။ သင့်ရဲ့ရည်ရွယ်ချက်ကတော့ အချိန်တိုအတွင်းမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ပဲ ဖြစ်သင့်ပါတယ်။

ရက်အများကြီး မပြုလုပ်ပါနဲ့

သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို မကုန်ဆုံးစေချင်ဘူးဆိုရင် ရက်အများကြီး မပြုလုပ်ပါနဲ့။ ရက်အများကြီးပြုလုပ်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပြီးတာနဲ့ အခြားဖယ်ရှားစရာမရှိတော့တဲ့အခါ အာဟာရဓာတ်တွေကို လိုက်လံဖျက်ဆီးနေမှာ မို့လို့ပါ။

သင်သောက်မယ့် ရေကို အရသာရှိအောင် ပြုလုပ်ပါ

သင် သောက်မယ့်ရေကို အရသာရှိအောင် ပြုလုပ်ဖို့အတွက် လတ်ဆတ်တဲ့သစ်သီးလေးတွေ ထည့်ပေးပါ။ ရေရဲ့အကျိုးသက်ရောက်မှုတွေလည်း ရရှိမယ့်အပြင် သစ်သီးထဲက ဗီတာမင်နဲ့ Antioxidants တွေကိုလည်း ရရှိမှာဖြစ်ပါတယ်။

မိမိကိုယ်ကို လှုံ့ဆော်တွန်းအားပေးပါ

မိမိရဲ့တိုးတက်မှုကို စဉ်ဆက်မပြတ်စောင့်ကြည့်ပါ။ ရေနဲ့အဆိပ်ဖြေခြင်းကြောင့် မိမိအသားအရည်ကြည်လင်ဝင်းပ လာသလား၊ ကိုယ်အလေးချိန်လျော့ကျသွားသလား၊ တက်ကြွလန်းဆန်းလာသလား စသည်ဖြင့် တိုးတက်ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ပေးရင် အဆိပ်အတောက်ဖယ်ရှားတဲ့ အစီအစဉ်ကို ပိုပြီး အထောက်အကူပေးပါလိမ့်မယ်။ မိမိကိုယ်ကို စိတ်ဓာတ်တက်ကြွအောင် ပြုလုပ်ရာလည်း ရောက်ပါတယ်။

    Cart