တစ်နေ့တာလုံးအတွက် ရေသောက်သုံးဖို့ အကောင်းဆုံးအချိန်များ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 30, 2018

တစ်နေ့တာလုံးမှာ ခန္ဓာကိုယ်ကောင်းစွာ လှုပ်ရှားသွားလာနိုင်ပြီး လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ ရေ ၈ ခွက် သောက်သုံးရမယ်ဆိုတာကို သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ရေသောက်သုံးခြင်းက အကောင်းဆုံးလဲဆိုတာကိုရော သင် သိပါသလား။

၁။ အိပ်ရာနိုးပြီးနောက်

အိပ်ရာနိုးနိုးချင်း ရေတစ်ခွက် သောက်သုံးခြင်းက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို လှုံ့ဆော်အသက်သွင်းပေးလိုက်တာပါပဲ။ ဘာမှမစားရသေးခင် သောက်လိုက်တဲ့ ပထမဆုံးရေတစ်ခွက်က အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။

၂။ အစားမစားခင်

အစာမစားခင် မိနစ် ၃၀ ခန့်မှာ ရေသောက်ပေးခြင်းက အစာချေစနစ်ကို ကူညီပေးပါတယ်။ အစာစားပြီး တစ်နာရီကြာတဲ့နောက်မှာ အာဟာရဓာတ်တွေကို စုပ်ယူရာမှာ ကူညီပေးဖို့ ရေတစ်ခွက်သောက်ပေးပါ။ သတ်မှတ်ချိန်ထက် နောက်ကျမှသောက်ခြင်း၊ စောသောက်ခြင်းက အစာချေရည်တွေနဲ့အတူ ရေတွေက ရောသွားပြီး အကျိုးအာနိသင်ပြယ်သွားပါတယ်။

၃။ ရေမချိုးခင်

ရေမချိုးခင် ရေတစ်ခွက်သောက်ပေးခြင်းက သွေးပေါင်ထိန်းညှိပေးဖို့ ကူညီပေးပါတယ်။

၎။ မအိပ်ခင်

အိပ်ရာမဝင်ခင် တစ်နာရီခန့် ရေသောက်ပေးခြင်းက ညဘက်အိပ်ပျော်နေတုန်းမှာ ဆုံးရှုံးသွားမယ့်ရေဓာတ်ကို ပြန်လည်ဖြည့်ပေးထားနိုင်ပါတယ်။

ရေသောက်ရမယ့် အသေးစိတ်အချိန်ဇယား

မနက် ၇ နာရီ – အိပ်ရာနိုးတဲ့အချိန်မှာ ရေတစ်ခွက်သောက်လိုက်ပါ။ ရေသောက်ပြီး နာရီဝက်လောက်အကြာမှာ မနက်စာသုံးဆောင်ပေးပါ။ မနက် ၉ နာရီ – မနက်စာ စားပြီး တစ်နာရီအကြာမှာ ရေသောက်ပါ။ ပြီးရင်တော့ သင့်ရဲ့တစ်နေ့တာ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပါပြီ။ မနက် ၁၁ နာရီခွဲ – နေ့လည်စာမစားခင် နာရီဝက်ခန့်အလိုမှာ ၃ ခွက်မြောက် ရေသောက်ပါ။ နေ့လည် ၁ နာရီခွဲ – နေ့လည်စာစားပြီး တစ်နာရီခန့်အကြာမှာ အာဟာရဓာတ်တွေကို ကောင်းစွာစုပ်ယူနိုင်ဖို့ ရေ တစ်ခွက်သောက်ပါ။

၃ နာရီခွဲ – စိတ်လက်ပေါ့ပါးလန်းဆန်းစေဖို့ သဘာဝသစ်သီးဖျော်ရည်သောက်ပါ၊ အချိုဓာတ်လွန်ကဲစွာ မထည့်ပါနဲ့။ လက်ဖက်ရည်ကြမ်းလည်း သောက်သုံးနိုင်ပါတယ်။ ညနေ ၅ နာရီ – ၆ ခွက်မြောက်ရေကို ညစာမစားခင်မှာ သောက်ပေးခြင်းက အစာအလွန်အကျွံမစားအောင် ပြုလုပ်ပေးပါလိမ့်မယ်။

ည ၈ နာရီ – ညစာ စားပြီး တစ်နာရီအကြာ၊ ရေမချိုးခင်အချိန်မှာ ၇ ခွက်မြောက် ရေသောက်ပါ။ ည ၁၀ နာရီ – နောက်ဆုံးတစ်ခွက်ကိုတော့ ညအိပ်ရာမဝင်ခင် တစ်နာရီခန့်အလိုမှာ သောက်သုံးပေးခြင်းဖြင့် ဆဲလ်အသစ်များပြန်လည်ဖြစ်ပေါ်ဖို့ ကူညီပေးပါလိမ့်မယ်။ အသေးစိတ်အချိန်ဇယားကတော့ တစ်ယောက်နဲ့တစ်ယောက်မတူဘဲ ကွဲပြားတာတွေတော့ ရှိနိုင်ပါတယ်။

    Cart