အသုံးမပြုတော့တဲ့ ရေသန့်ဘူးခွံများကို အလေအလွင့်မရှိအောင် ဘယ်လိုပြန်သုံးမလဲ

in ပြန်လည်အသုံးချခြင်း August 27, 2018

လူတွေက တစ်နေ့ကိုပလပ်စတစ်ဘူးခွံပေါင်း သန်းနဲ့ချီပြီး စွန့်ပစ်နေကြပါတယ်။ ပလပ်စတစ်အမှိုက်တွေက သဘာပတ်ဝန်းကျင်အတွက် ဆိုးကျိုးတွေဖြစ်စေသလို၊ ဂေဟစနစ်ကိုထိခိုက်နိုင်ပြီး ကမ္ဘာကြီးကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ကမ္ဘာကြီးကို ကယ်တင်ပေးတဲ့အနေနဲ့ မိမိတတ်စွမ်းသလောက်လေး ပလပ်တစ်ရေဘူးတွေကို ချစ်စရာကောင်းအောင် ဘယ်လိုပြန်အသုံးပြုလို့ ရသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

၁။ ချစ်စရာအိမ်တွင်း ပန်းအိုးသေးသေးလေး ဖန်တီးမယ်

နှစ်လီတာ (သို့မဟုတ်) တစ်လီတာခွဲ ရေဘူးကြီးကို သုံးပုံတစ်ပုံခန့်လှီးဖြတ်လိုက်ပါ။ လှီးဖြတ်ပြီးသား ပလပ်စတစ်ဘူးရဲ့ အောက်ခြေကို မိမိကြိုက်နှစ်သက်ရာ ဆေးသုတ်လိုက်ပါ။ ကျန်ရေဘူးအစိတ်အပိုင်းများကို ကြောင်နားရွက်ပြုလုပ်ပေးဖို့အတွက် အရွယ်အစားခပ်သေးသေးလေးလှီးဖြတ်ပြီး တပ်ဆင်လိုက်ပါ။ ဆေးသုတ်ပြီးသားပလစ်စတစ်ဘူးပေါ်မှာ မျက်စိ၊ နှာခေါင်း၊ ပါးစပ်စသည်ဖြင့် ရေးဆွဲလိုက်ပါ။ ပြီးရင်တော့ မိမိကြိုက်နှစ်သက်တဲ့ အပင်နဲ့မြေဆီလွှာလေးတွေ ထည့်ပြီး အိမ်တွင်းအလှဆင်နိုင်ပါပြီ။

၂။ မိမိခြံရဲ့ ဥယျာဉ်လေးအဖြစ် ဖန်တီးမယ်

ဒီလိုလှပတဲ့ ဥယျာဉ်လေးအဖြစ်ဖန်တီးဖို့အတွက် ရေဘူးအများကြီးလိုအပ်မှာပါ။ အဝတ်လှန်းကြိုးတန်း၊ ဒါမှမဟုတ် ဝါယာကြိုးခွေလေးတွေ လိုအပ်မှာပါ။ ရေဘူးလေးတွေကိုတော့ အလယ်ကတော့ အပေါက်ဖောက်ရပါမယ်။ ပြီးရင် မိမိကြိုက်နှစ်သက်တဲ့ အပင်လေးတွေထည့်ပြီး အုတ်တံတိုင်းနံရံမှာ အလှဆင်လိုက်ပါ။

၃။ စုဘူးလေးအဖြစ် ဖန်တီးပါ

ပလပ်စတစ်ဘူးကို အရောင်ခြယ်အလှဆင်ထားခြင်း မရှိဘဲ ရိုးရိုးရှင်းရှင်းလေးပဲ ထားပြီး စုဘူးလေးအဖြစ် ပြောင်းလဲလိုက်ပါ။ ဖောက်ထွင်းမြင်နိုင်တဲ့ စုဘူးလေးက မိမိရဲ့ ပိုက်ဆံစုချင်စိတ်တိုးလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဖန်တီးဆန်းသစ်ချင်တယ်ဆိုရင်တော့ ရေဘူးလေးကို အလယ်မှာ အပေါက်သေးသေးလောက်ဖောက်မယ်။ မျက်လုံးလေး၊ နားရွက်လေးတပ်ပေးမယ်၊ ပြီးရင် ဝက်ခြေထောက်တပ်ဖို့အတွက် ရေဘူးအဖုံးလေးခုလောက် လိုအပ်မှာပါ။ ခြေထောက်မထည့်ပေးချင်လည်း ရပါတယ်။

ဒီစုဘူလေး ပြုလုပ်မယ်ဆိုရင်တော့ ဖော့ပြားလေးရယ်။ တစ်လီတာခွဲ ရေဘူးကြီးလိုပါတယ်။ ကြယ်သီးခပ်ကြီးကြီးတစ်လုံးရယ် သိုးမွေးအပ်ချည်ကြိုးရယ် လိုအပ်ပါတယ်။

အရင်ဆုံး ရေဘူးရဲ့အောက်ခြေကိုလှီးဖြတ်ပါ၊ ပုံပါအတိုင်းဖော့ပြားလေးပေါ်တင်ပြီး လိပ်ပုံပေါ်ဆွဲပြီး ဖော့ပြားကိုလှီးထုတ်လိုက်ပါ။ ဖော့ပြားရဲ့ အလယ်တည့်တည့်ကို ပိုက်ဆံထည့်ဖို့အပေါက် သေးသေးလေး ဖောက်လိုက်ပါ။ ရေဘူးအောက်ခြေနဲ့ လိပ်ပုံကို ကတ်ပြီးပြီးဆိုရင်တော့ ကြယ်သီးလေးနဲ့ အပ်ချည်ကြိုးအသုံးပြုပြီး အလှဆင်နိုင်ပါပြီ။ စုဘူးသေးသေးလေးဆိုရင် ပိုက်ဆံအများကြီးထည့်လို့ဆံ့အောင် ပိုက်ဆံတွေလည်း မပျက်စီးအောင် သေချာဂရုစိုက်ပါနော်။

    Cart