ဆီးချိုရောဂါနှင့် ရေအကြောင်း

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 31, 2018

ရေမှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒြိုက် မပါဝင်တာကြောင့် ဆီးချိုသမားများအတွက် သောက်သုံးဖို့အသင့်တော်ဆုံးပါပဲ။ လေ့လာချက်အရ ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ သကြားဓာတ်ကိုထိန်းချုပ်ပေးပါတယ်။ သွေးထဲမှ သကြားဓာတ်ကို ထိန်းချုပ်ခြင်း ဆီးချိုရောဂါခံစားနေရသူများက သွေးထဲမှာ သကြားဓာတ်များနေတဲ့အခါ ခန္ဓာကိုယ်က ရေများများလိုအပ်ပါတယ်။ ရေများများသောက်ပေးမှ သွေးထဲပိုလျှံနေတဲ့သကြားဓာတ်ကို ဆီးမှတစ်ဆင့်စွန့်ထုတ်ပေးအောင် ကျောက်ကပ်ကလုပ်ဆောင်ပေးပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆီးချိုရောဂါ သွေးထဲမှာ သကြားဓာတ်မြင့်မားခြင်းက ရေဓာတ်ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။ ခန္ဓာကိုယ်က ပိုလျှံနေတဲ့ သကြားဓာတ်ကို ဆီးမှတစ်ဆင့် ဖယ်ရှားဖို့ကြိုးစားနေတဲ့အခါ ရေသောက်ပြီး ရေဓာတ်ဖြည့်ပေးခြင်းဖြင့် တစ်ဖက်တစ်လှမ်းက ကူညီပေးပါ။ အဲ့လိုမှမဟုတ်ရင် လိုအပ်တဲ့ရေဓာတ်ကို တံတွေးနဲ့ မျက်ရည်တွေကနေ အစားယူရပါလိမ့်မယ်။ ရေဓာတ်လုံလောက်စွာမရဘူးဆိုရင် သကြားဓာတ်ကဆီးကနေ တစ်ဆင့်မထွက်သွားနိုင်ဘဲ ခန္ဓာကိုယ်ထဲမှာပဲ ပိတ်လှောင်နေပြီး ရေဓာတ်ခမ်းခြောက်ခြင်းသံသရာက လွတ်မြောက်မှာ မဟုတ်တော့ပါဘူး။ တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲ အမျိုးသမီးများအနေနဲ့ တစ်နေ့ကို ရေ […]

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ကျောရိုးဆစ်များနာကျင်ကိုက်ခဲတယ်ဆိုတာကို သင်သိပါသလား

in ကျန်းမာရေးအကြံပြုချက် August 31, 2018

ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများနဲ့ ဆဲလ်များအတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကျောရိုးဆစ်လေးအတွက်ရော ရေကအကြီးတယ်ဆိုတာကို သင်သိပါသလား။ ရေဓာတ်လုံလောက်စွာ မရရှိပါကကျောရိုးအောင့်ခြင်း၊ ကျောရိုးနာခြင်းဝေဒနာ ခံစားရနိုင်ပါတယ်။ ကျောရိုးဆစ်နှစ်ခုကြားမှာ ချပ်ပြားတစ်ခုစီ ပါရှိပြီး ချပ်ပြားတစ်ခုစီမှာ အပြင်ပိုင်းနဲ့ အတွင်းပိုင်းနှစ်မျိုးခွဲထားပါတယ်။ ချပ်ပြား အပြင်ဘက်မှာ ဂျယ်လီကဲ့သို့ အရာဝတ္ထုနဲ့ ပြည့်နေပြီး ချပ်ပြားအတွင်းပိုင်းကတော့ ရေနဲ့အဓိကဖွဲ့စည်းထားတာပါ။ ညဘက်အိပ်စက်အနားယူနေတဲ့အချိန်မှာ ချပ်ပြားတွေက ရေဓာတ်ပြန်ဖြည့်နေရပါတယ်။ တစ်နေ့တာလုံး လှုပ်ရှားနေရတဲ့အတွက် နေ့ဘက်မှာတော့ ရေဓာတ်ကုန်ဆုံးပြီး ညဘက်မှာသာ ရေဓာတ်ပြန်ဖြည့်ရခြင်းကြောင့် ပုံမှန်အရပ်ထက် ညဘက်အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်အရပ်အမြင့် လက်မအနည်းငယ်ခန့်ကျုံဝင်သွားတာပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လုံလောက်စွာရှိနေသရွေ့ နေ့ဘက်မှာရော ညဘက်မှာပါ ချပ်ပြားလေးများက သူတို့ဘာသာရေဓာတ်ပြန်ပြည့်အောင် လုပ်ဆောင်ကြပါတယ်။ သင့်ကိုယ်အလေးချိန်ကို ချပ်ပြားအပြင်ပိုင်းက ၂၅ ရာခိုင်နှုန်း တာဝန်ယူထားရပြီး ချပ်ပြားအတွင်းပိုင်းက ၇၅ ရာခိုင်နှုန်း တာဝန်အသီးသီးယူထားရတာပါ။ ရေဓာတ်လုံလောက်စွာမရရှိတော့ရင် ချပ်ပြားအပြင်ပိုင်းနဲ့ […]

ခန္ဓာကိုယ်လှုပ်လှုပ်ရှားရှားနဲ့ အားကစားသမားပြုလုပ်သူများအတွက် ရေသောက်ခြင်းအနုပညာ

in ကျန်းမာရေးအကြံပြုချက် August 30, 2018

ခန္ဓာကိုယ်လှပချင်လို့ Gym ဆော့တဲ့အားကစားသမားများနဲ့ ပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်မယ့် ကျွမ်းကျင်အဆင့်အားကစားသမားများအတွက် ဘာကအရေးအကြီးဆုံးလဲ။ ရေဓာတ်ပြည့်ဝနေခြင်းက အားကစားစွမ်းဆောင်ရည်မြင့်မားဖို့အတွက် အားကစားသမားများအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် ခန္ဓာကိုယ်က အပူကိုကောင်းစွာမကူးပြောင်းပေးနိုင်တော့ဘဲ၊ နှလုံးခုန်နှုန်းမြန်လာပြီး မောပန်းနွမ်းနယ်ကာ အားကစားဆက်လက်မလုပ်ဆောင်နိုင်ပဲ နေပါလိမ့်မယ်။ အထူးသဖြင့်ပူအိုက်တဲ့ရာသီဥတုမှာ ပိုအန္တရာယ်ရှိပြီး အသက်အန္တရာယ်တောင် ထိခိုက်နိုင်ပါတယ်။ အားကစားသမားများအနေနဲ့ ဘာကိုသောက်သုံးသင့်သလဲ၊ ဘယ်အချိန်မှာသောက်သုံးသင့်သလဲဆိုတာ အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ အခုဖော်ပြမေးမယ့် အကြောင်းအရာကို ဆက်လက်ဖတ်ရှုကြရအောင်နော်။ လေ့ကျင့်ခန်းမပြုလုပ်ခင် အားကစားလေ့ကျင့်ခန်းမပြုလုပ်ခင် မိနစ်သုံးဆယ်ခန့်ကြိုတင်ပြီး ရေဓာတ်ဖြည့်ပေးသင့်ပါတယ်။ အားကစားမပြုလုပ်ခင် မိနစ် ၆၀၊ မိနစ် ၉၀ ခန့်မှာ ရေများများသောက်ပေးခြင်းက ပိုကောင်းပါတယ်။ မိနစ်သုံးဆယ်ခန့် ရေကြိုသောက်ထားမယ်ဆို ၄ အောင်စကနေ ၆ အောင်စအထိသောက်သုံးသင့်ပြီး၊ တစ်နာရီခန့် ကြိုသောက်ထားပါက အနည်းဆုံး ၁၆ အောင်စခန့်သောက်သုံးသင့်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေစဉ် လေ့ကျင့်ခန်းပြုလုပ်နေစဉ် ရေဓာတ်လုံလောက်စွာမရရှိပါက ခေါင်းမူးခြင်း၊ […]

အစာရှောင်ပြီး ရေသောက်သုံးခြင်း၏ ကောင်းကျိုးနှင့် ဆိုးပြစ်များ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 30, 2018

ဘာကြောင့် အစာရှောင်ကြတာလဲ။ လူတော်တော်များများ အစာရှောင်ရခြင်းက ဘာသာရေးနဲ့သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းများကို လိုက်နာရခြင်း၊ ကိုယ်အလေးချိန်ကျလိုခြင်း၊ အဆိပ်ဖြေခြင်းနဲ့ ခွဲစိတ်ကုသမှုခံယူခါနီးလူနာများ အစာရှောင်ကာ ရေပဲသောက်သုံးကြပါတယ်။ လူအများစု အစာမစားဘဲ ရေသောက်သုံးခြင်းက ကိုယ်တွင်းအဆိပ်ဖြေပြီး ကျန်းမာရေးကောင်းချင်ကြလို့ပါ။ ရေသောက်ပြီး အစာရှောင်တာက ဘယ်လိုလုပ်ရတာလဲ အစာရှောင်ပြီး ရေဘယ်လိုသောက်ရမလဲဆိုတာကို သိပ္ပံနည်းကျလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေတော့ မရှိပါဘူး။ ဒီနည်းလမ်းကို ဆရာဝန်ရဲ့ထောက်ခံချက်မရရှိပဲနဲ့ မပြုလုပ်သင့်ပါဘူး။ ဒူလာရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းသူများ၊ အစာပုံမှန်မစားသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ ကလေးသူငယ်များက အစာရှောင်ပြီး ရေချည်းပဲ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အချိန်ဘယ်လောက်ကြာကြာပြုလုပ်ရမလဲ ဒီနည်းလမ်းကို ပြုလုပ်ချင်သူများက အစာလုံးဝမစားဘဲ ရေပဲသောက်သုံးရမှာပါ။ သောက်ရမယ့် ရေပမဏကတော့ တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာအထိသောက်ရမှာပါ။ ကြာမြင့်ချိန်ကလည်း ၂၄ နာရီကနေ […]

သင့်ဘဝကို ပြောင်းလဲပေးမယ့် ရေသောက်ခြင်းအကြောင်းအရင်းများ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 30, 2018

ဒီနေ့တစ်နေ့လုံး ရေငတ်တာကို ခံစားမိသေးလား။ ခံစားမိတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က ရေဓာတ်ပြန်ဖြည့်ပေးဖို့ တောင်းဆိုနေတာပါ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေအကုန်လုံးက ရေဓာတ်မရရှိရင် ကောင်းစွာအလုပ်မလုပ်နိုင်ပါဘူး။ ရေမရှိရင် အသက်မရှင်နိုင်ပါဘူး။ အစားမစားဘဲနဲ့ အသက်ရှင်နိုင်ပေမယ့် ရေမသောက်ရင်တော့ အများဆုံးတစ်ပတ်ပဲ ခံနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ရေကို အဓိကဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။ ကင်ဆာရောဂါကာကွယ်ပေးတယ် လေ့လာချက်တွေအရ ရေဓာတ်ပြည့်ဝနေခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ချေကို ၄၅ ရာခိုင်နှုန်းခန့်နဲ့ ဆီးအိမ်ကင်ဆာကို ၅၀ ရာခိုင်နှုန်းလျော့ချပေးပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။ စိတ်ရှုပ်ထွေးမှုကို လျော့နည်းစေတယ် ရေသောက်ခြင်းက စိတ်တိုခြင်း၊ တွေဝေရှုပ်ထွေးမှုလျော့နည်းအောင် ပြုလုပ်ပေးတယ်လို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေချင်ပြီးတော့ အတွေးအခေါ်အကြံဥာဏ်ကောင်းတွေ ရရှိအောင်လို့ ရေများများသောက်ပါ။ ကိုယ်အလေးချိန်ကျစေတယ် ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့ ရေဓာတ်ပြည့်ဝစွာနေခြင်းက အစား စားချင်စိတ်ကို ဟန့်တားပေးပါတယ်။ အစား စားတဲ့အခါမှာလည်း အလွန်အကျွံမစားမိအောင် […]

ဖျားနာနေသောအချိန်မှာ ရေသောက်ခြင်းနှင့် အခြားကုသနည်းများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 30, 2018

လူတစ်ယောက်မှာ အဖျားရှိနေရင် သူ့ခန္ဓာကိုယ်က ရောဂါနဲ့ နပမ်းသတ်နေရတာပါ။ လူတစ်ယောက်ရဲ့ သာမန်ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီရှိပြီးတော့ ကလေးတွေမှာတော့ အပူချိန်ပိုများပါတယ်။ လူအများစုက အပူကြီးပြီဆိုရင်တော့ ၁၀၃ ဒီဂ၇ီအထိတော့ ခံနိုင်ရည်ရှိကြပါတယ်။ တစ်ခါဖျားပြီဆိုရင် သုံးရက်ကနေ လေးရက်အထိကြာမြင့်ပါတယ်။ လူတစ်ယောက်ဖျားနာပြီဆိုရင် စွမ်းအင်တွေလည်းလျော့ကျလာမယ်၊ ပင်ပန်းနွမ်းနယ်ပြီးတော့ အစား စားချင်စိတ်လည်း မရှိပါဘူး။ လက္ခဏာတွေအနေနဲ့ကတော့ ချွေးထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရပါတယ်။ ဖျားနာနေတဲ့အချိန်မှာ ခန္ဓာကိုယ်ကိုအေးသွားအောင်ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာရခြင်းက အထဲကဘက်တီးရီးယားတွေနဲ့ တိုက်ခိုက်နေရတာကြောင့် ခန္ဓာကိုယ်ကိုအေးအောင်ပြုလုပ်မယ်ဆို ဘက်တီးရီးယားတွေကို အားပေးအားမြောက်ပြုတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့လည်း အနည်းငယ်အေးမြမှ သက်တောင့်သက်သာဖြစ်မယ်ဆိုသူတွေကတော့ ကြက်သီးနွေးရေနဲ့ ရေချိုးပေးလို့ ရပါတယ်။ ရေခဲအသုံးပြုပြီး အေးအောင်ပြုလုပ်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။ ပေါ့ပါးပြီးတော့ လေဝင်လေထွက်ကောင်းမယ့် အင်္ကျီမျိုးပဲ ရွေးချယ်ဝတ်ဆင်ပါ။ ကိုယ်ပူခြင်းနဲ့ ရေ၏အရေးပါမှု […]

တစ်နေ့တာလုံးအတွက် ရေသောက်သုံးဖို့ အကောင်းဆုံးအချိန်များ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 30, 2018

တစ်နေ့တာလုံးမှာ ခန္ဓာကိုယ်ကောင်းစွာ လှုပ်ရှားသွားလာနိုင်ပြီး လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ ရေ ၈ ခွက် သောက်သုံးရမယ်ဆိုတာကို သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ရေသောက်သုံးခြင်းက အကောင်းဆုံးလဲဆိုတာကိုရော သင် သိပါသလား။ ၁။ အိပ်ရာနိုးပြီးနောက် အိပ်ရာနိုးနိုးချင်း ရေတစ်ခွက် သောက်သုံးခြင်းက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို လှုံ့ဆော်အသက်သွင်းပေးလိုက်တာပါပဲ။ ဘာမှမစားရသေးခင် သောက်လိုက်တဲ့ ပထမဆုံးရေတစ်ခွက်က အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။ ၂။ အစားမစားခင် အစာမစားခင် မိနစ် ၃၀ ခန့်မှာ ရေသောက်ပေးခြင်းက အစာချေစနစ်ကို ကူညီပေးပါတယ်။ အစာစားပြီး တစ်နာရီကြာတဲ့နောက်မှာ အာဟာရဓာတ်တွေကို စုပ်ယူရာမှာ ကူညီပေးဖို့ ရေတစ်ခွက်သောက်ပေးပါ။ သတ်မှတ်ချိန်ထက် နောက်ကျမှသောက်ခြင်း၊ စောသောက်ခြင်းက အစာချေရည်တွေနဲ့အတူ ရေတွေက ရောသွားပြီး အကျိုးအာနိသင်ပြယ်သွားပါတယ်။ ၃။ ရေမချိုးခင် ရေမချိုးခင် ရေတစ်ခွက်သောက်ပေးခြင်းက သွေးပေါင်ထိန်းညှိပေးဖို့ […]

ရေနွေးပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း August 30, 2018

ရေနွေးသောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကုန်ဆုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ အစာချေစနစ်ကိုလည်း ကူညီပေးပြီး အစာအိမ်ထဲမှာ အစာတွေ ပြွတ်သိပ်မနေအောင်လည်း ပြုလုပ်ပေးပြီး စိတ်လက်ပေါ့ပါးလန်းဆန်းအောင် ပြုလုပ်ပေးပါတယ်။ ရေနွေးထဲကို သံပုရိုသီးညစ်ထည့်ပေးခြင်းကလည်း ဗီတာမင်စီ ဓာတ်ကို ရရှိစေမှာဖြစ်ပြီး ကျန်းမာရေးအတွက် ပိုပြီး ကောင်းမွန်ပါတယ်။ ရေနွေးသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတော့ ၁။ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးတယ် ရေနွေးပူသောက်ခြင်းကြောင့် အူကျုံ့သွားပြီး အူထဲမှာပိတ်နေတဲ့အညစ်အကြေးများ ခန္ဓာကိုယ်ထဲမှာ ထွက်သွားအောင် ကူညီပေးပါတယ်။ ၂။ ရေဓာတ်ပြည့်စေတယ် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးဖို့ဆိုရင် ရေနွေးပူပဲဖြစ်ဖြစ်၊ ရေအေးပဲဖြစ်ဖြစ် အကျိုးအာနိသင်ကတော့ အတူတူပါပဲ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ရေ ၈ ခွက် (၂ လီတာ သို့မဟုတ် ဂါလံဝက်) သောက်သုံးသင့်ပါတယ်။ ဒါပေမယ့် လူအများစုက ၈ ခွက် […]

ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းလာအောင် ရေနဲ့အဆိပ်ဖြေတဲ့အခါမှာ သိထားသင့်တဲ့အရာများ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက် August 30, 2018

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့အဆိပ်တွေကို ဖယ်ရှားပေးဖို့အတွက် ရေနဲ့အဆိပ်ဖြေခြင်းနည်းက ခေတ်စားခဲ့တာပါ။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရောမ၊ ဂရိမှာ ရေနဲ့အဆိပ်ဖြေတဲ့ ယဉ်ကျေးမှုစတင်ထွန်းကားခဲ့ပါတယ်။ ပြုလုပ်တဲ့နည်းလမ်းကတော့ အမျိုးမျိုးရှိကြပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်ထဲမှ မကောင်းတဲ့အရာများနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ပဲဖြစ်ပါတယ်။ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ကလည်း သူတို့ရဲ့ရည်ရွယ်ချက်ပဲဖြစ်တယ်။ ယနေ့ခေတ်မှာဆိုရင် ဆေးဆိုင်တိုင်းမှာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့အတွက် ဆေးဝါးထုတ်ကုန်တွေကလည်း ပေါများနေပြီဖြစ်တဲ့အတွက် ပိုပြီး လွယ်ကူသွားပါတယ်။  ဒါပေမယ့် အကောင်းဆုံးနဲ့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးအဆိပ်အတောက်ဖြေနည်းကတော့ ရေပဲဖြစ်ပါတယ်။ ရေနဲ့အဆိပ်ဖြေခြင်း ရေက လူသားတိုင်း အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်သလို ကျန်းမာရေးကောင်းမွန်အောင်လည်း ပြုလုပ်ပေးပါတယ်။ ရေကို နေ့စဉ်မှန်မှန်သောက်သုံးခြင်းက ကျန်းမာစွာနေထိုင်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပြီး ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ရေမှာ အခြားကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ အရာတွေလည်း ပါဝင်ပါသေးတယ်။ […]

ကိုယ်ဝန်ဆောင်မိခင်များနှင့် ရေသောက်သုံးခြင်း၏ အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 30, 2018

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ မိမိကျန်းမာရေးအတွက်သာမက မိမိကလေးကျန်းမာရေးအတွက်ပါ ဂရုစိုက်ရပါတယ်။ သာမန်အမျိုးသမီးများထက် အစားအသောက် အနေအထိုင် ပိုဆင်ခြင်ရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်အနေနဲ့ တစ်နေ့တာလုံးရေဓာတ်ပြည့်နေဖို့က ခါတိုင်းထက်ပိုအရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲမှ အင်္ဂါအစိတ်အပိုင်းများ၊ ဆဲလ်နဲ့ တစ်သျှူးများဆီသို့ အာဟာရနဲ့ အောက်ဆီဂျင်များကို ရေကသယ်ယူပို့ဆောင်ပေးရတဲ့အတွက်ကြောင့် ရေဓာတ်ပြည့်ဝနေမှသာ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်ကို ပို့ဆောင်ပေးဖို့အတွက် ရေဓာတ်ပြည့်ဝနေရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲနာကျင်မှုတွေကို သက်သာစေဖို့ ရေကကူညီပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ခမ်းခြောက်တဲ့အခါ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းနဲ့ ခေါင်းမူးခြင်း ဝေဒနာကို ရေသောက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ရခြင်းကြောင့် မနက်ခင်းမှာ မူးဝေအော့အန်ခြင်း၊ အစာမကြေဖြစ်ခြင်းတွေကို ရေသောက်ခြင်းက သက်သာစေတယ်လို့ အချို့ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များက တစ်နေ့ကို အနည်းဆုံးရေ ၁၀ ခွက်သောက်သုံးပေးရမယ်လို့ အမေရိကန်ဆရာဝန်များအသင်းက အကြံပြုထားပါတယ်။ အကယ်၍ အားစိုက်ထုတ်စရာမလိုတဲ့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ ကိုယ်ဝန်ဆောင်များအနေနဲ့လည်း […]

    Cart