နည်းစနစ်ကျကျ သန့်စင်ထားပြီးတဲ့ ရေသန့်ကို လူတွေဘာကြောင့် သောက်သုံးသင့်တာလဲ

in ကျန်းမာရေးအကြံပြုချက် September 25, 2018

ကျွန်ုပ်တို့လို လူသားတွေဟာ တွေ့သမျှရေကို သောက်သုံးရေအဖြစ် အသုံးပြုလို့မရသလို သုံးလို့လည်းမဖြစ်ပါဘူး။ ရေမှာပျော်ဝင်နေတဲ့ဓာတ်တွေဟာ အလွန်ကိုများပြားလှတာကြောင့် လူ့ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေကို ဖယ်ရှားသန့်စင်ထားပြီးသားဖြစ်သည့် Purify Water ကိုပဲ သောက်သုံးသင့်ပါတယ်။ ဒီကြောင်းအရာနဲ့ ပတ်သတ်ပြီး ဗဟုသုတအနေနဲ့ သိထားပြီးသားလူများရှိသလို ဘာလို့မသောက်သုံးသင့်လဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သေချာသိနားမလည်သေးတဲ့ သူများအတွက်  သိရှိနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။ မသန့်ရှင်းတဲ့ရေဆိုတာ ဘယ်လိုမျိုးလဲ သဘာဝရေတိုင်းဟာ မသန့်ရှင်းပါဘူး။ မတူညီတဲ့ အနံ့အရသာတွေ ပေါင်းစပ်ပါဝင်နိုင်သလို မမြင်နိုင်တဲ့ ပိုးမွှားတွေ၊ ဓာတုဓာတ်တွေလည်းပါဝင်နိုင်လို့ မသန့်တဲ့ရေကို သောက်မိတဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေရရှိလာနိုင်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေက ညစ်ညမ်းစေတာလဲ။ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေရတဲ့ အဓိကအကြောင်းအရင်းဟာ နှစ်မျိုးရှိပါတယ်။ လူကလုပ်လို့ညစ်ညမ်းသွားတဲ့ရေ အရင်းအမြစ်တွေရှိသလို သဘာဝအလျှောက်မသောက်သုံးသင့်တဲ့ ရေအမျိုးအစားတွေလည်းရှိပါတယ်။ သန့်ရှင်းတဲ့ရေကို ဘာလို့သောက်သင့်သလဲ မသန့်ရှင်းတဲ့ ရေတွေသောက်မိရင် ထိုရေကရနိုင်တဲ့ […]

ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါခံစားရရင် သဘာဝအတိုင်းမြန်မြန်ဆန်ဆန် ဘယ်လိုကုသမလဲ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ September 2, 2018

ဆီးနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရပြီဆိုရင် အကောင်းဆုံးကုသနည်းကတော့ ရေများများသောက်ခြင်းပါပဲ။ ရေများများသောက်လိုက်တဲ့အတွက်ကြောင့် ဘက်တီးရီးယားတွေက ဆီးကတစ်ဆင့်ထွက်သွားပြီး ဝေဒနာခံစားရမှုကို သက်သာစေမှာပါ။ ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ စုပုံနေပြီဆိုရင် ဆီးလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေကို ခံစားရနိုင်ပါတယ်။ ခုခံအားနည်းရင် ဒီဝေဒနာကို ခံစားရနိုင်သလို၊ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ရိုက်ထိတွေ့တဲ့အခါမှာလည်း ဝေဒနာခံစားရနိုင်ပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေဟာ ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးအိမ်နဲ့ ကျောက်ကပ်တွေဆီကို အထိန်းအကွပ်မဲ့ရောက်ရှိသွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါခံစားရတဲ့သူတွေမှာ သိသာထင်ရှားတဲ့လက္ခဏာပြတာ မဟုတ်တဲ့အတွက်ကြောင့် ဝေဒနာခံစားနေရသူက မိမိကိုယ်တိုင်ခံစားနေရတာကိုတောင် ရိပ်မိမှာမဟုတ်ပါဘူး။ ဘယ်လိုလက္ခဏာတွေ ပြမလဲဆိုရင် ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ဆီးသွားတဲ့အခါမှာလည်း အနည်းငယ်ပဲသွားပြီး အနံ့အသက်အလွန်ပြင်းခြင်း၊ ဆီးသွားပါက သွေးပါခြင်း၊ ဝမ်းဗိုက်အောက်နား အောင့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားအနည်းငယ်ရှိခြင်းနဲ့ ချမ်းတုန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အထက်ဖော်ပြပါလက္ခဏာတွေ ခံစားရပြီဆိုရင် သဘာဝအတိုင်းလျင်လျင်မြန်မြန် […]

ခန္ဓာကိုယ်ဖောရောင်ခြင်းကို ကာကွယ်ပေးမယ့် ရေဓာတ်ဖြည့်ပေးတဲ့ အစားအစာများ

in ကျန်းမာရေးအကြံပြုချက် September 2, 2018

ခန္ဓာကိုယ်ထဲမှာ အရည်များအလွန်အကျွံစုပုံနေတဲ့ အခါ လက်များ၊ ခြေထောက်များ၊ ခြေချင်းဝတ်များမှာ ဖောယောင်လာပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ဖောင်ရောင်ခြင်းကို ခံစားရသလို၊ အမျိုးသမီးများ တစ်လတစ်ခါဓမ္မတာလာတဲ့အခါမှာလည်း ခံစားရနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖောရောင်ခြင်းကို ခံစားရနိုင်ပေမယ့်လည်း စိုးရိမ်ရမယ့် ရောဂါထဲမှာတော့ မပါ ပါဘူး။ ရေအလွန်အကျွံသောက်ခြင်းကြောင့် ဖောရောင်တဲ့အခါမှာ ရေသောက်ခြင်းဖြင့် ရေဓာတ်ဖြည့်မယ့်အစား အခုဖော်ပြပေးမယ့် အစားအစာလေးတွေကို အစားထိုးစားပေးခြင်းဖြင့် ကုန်ဆုံးသွားတဲ့ရေဓာတ်များကို ပြန်လည်ဖြည့်ဆည်းပေးလိုက်ပါ။ သခွားသီး သခွားသီးထဲမှာ ရေဓာတ်ပါဝင်မှုများတဲ့အပြင် သူ့ထဲမှာပါတဲ့ အာဟာရဓာတ်တွေက ဆီးနဲ့ဆိုင်တဲ့ အက်စစ်ဓာတ်တွေကို ကျောက်ကပ်ထဲကနေဖယ်ရှားပေးပါတယ်။ ရေကြောင့်ဖောယောင်ခြင်းကို ဖြစ်စေတဲ့ အက်စစ်ဓာတ်တွေကိုလည်း ကူညီဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သခွားသီးထဲမှာ ကယ်လိုရီပမာဏများတဲ့အတွက် ဝိတ်ချချင်သူများအနေနဲ့ သရေစာအဖြစ်အစားထိုးသုံးဆောင်နိုင်ပါတယ်။ ဖရဲသီး ဖရဲသီးထဲမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်တဲ့အပြင် ဆီးရွှင်စေတဲ့ အခြားဗီတာမင်နဲ့ […]

ရေသောက်သုံးဖို့အတွက် အကောင်းဆုံးအချိန် ၇ ချိန်

in ကျန်းမာရေးအကြံပြုချက် September 2, 2018

ရေသောက်သုံးခြင်းက သင့်အသက်ကို ကယ်တင်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ သန့်စင်တဲ့ ရေကို သောက်သုံးခြင်းက ခန္ဓာကိုယ်ကောင်းစွာအလုပ်လုပ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ရှိအောင် ရေများများသောက်ချင်ပါသလား။ သင့်ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးရေဓာတ်ကို ဖြည့်ပေးဖို့ အကောင်းဆုံးအချိန် ၇ ချိန်ကို ဖော်ပြပေးလိုက်ရပါတယ်။ ၁။ မနက် အိပ်ရာထတဲ့အချိန် ရေသောက်ပါ မနက်အိပ်ရာနိုးတဲ့အချိန် ရေတစ်ခွက်သောက်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်လေးတွေကို အလုပ်ကောင်းကောင်းလုပ်ဖို့ လှုပ်နိုးလိုက်သလိုပါပဲ။ မနက် အိပ်ရာထတဲ့အချိန် ရေမသောက်ဘူးဆိုရင် ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ အထူးသဖြင့် မနက်စာမစားဘူးဆိုရင် ပိုဆိုးပါတယ်။ ၂။ အစာ မစားခင် ရေသောက်ပါ အစာမစားခင် ရေသောက်ခြင်းက သင့်ကို ဗိုက်ပြည့်အောင် ကူညီပေးမှာ ဖြစ်ပြီး အစာအလွန်အကျွံစားမိခြင်းကို တားဆီးပေးမှာပါ။ ရေက အာရုံခံအဖုလေးတွေကို အလုပ်လုပ်ဖို့ နှိုးဆော်လိုက်ပြီး အစာအိမ်နံရံကို […]

ရေသောက်ခြင်းကြောင့် ဦးနှောက်အတွက်ကောင်းကျိုးများ

in ကျန်းမာရေးအကြံပြုချက် September 2, 2018

ကျောက်ကပ်၊ အသည်းနဲ့ နှလုံးကျန်းမာရေးအတွက် ရေများများသောက်ပေးသင့်တယ်လို့ လူအများက ယူဆကြပါတယ်။ ဒါပေမဲ့ ရေသောက်ခြင်းနဲ့ ဦးနှောက်ရဲ့လုပ်ငန်းလုပ်ဆောင်ခြင်းတွေက သင်ထင်ထားတာထက်ကိုပိုပြီး ဆက်နွယ်မှုရှိပါတယ်။ ဦးနှောက်ကစွမ်းအင်လိုအပ်မှုအများဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရေဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတာပါ။ ဦးနှောက်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အခြေခံလိုအပ်ချက်ကတော့ ရေပဲဖြစ်ပါတယ်။ အခုပြောပြပေးချင်တာကတော့ တစ်နေ့တာလုံးရေမှန်မှန်သောက်သုံးခြင်းက ဦးနှောက်အတွက် ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။ ၁။ ဦးနှောက် မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ ကူညီပေးတယ် သင့်ဦးနှောက် ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ရေဓာတ်ဖြည့်ပေးရပါမယ်။ ဦးနှောက်ဆဲလ်လေးတွေက ရေဓာတ်နဲ့ အခြားအာဟာရဓာတ်တွေကိုလည်း သင့်တင့်မျှတစွာထည့်ပေးရပါမယ်။ ညဘက်အိပ်စက်အနားယူတဲ့အချိန်မှာ ချွေးမထွက်တာကြောင့် ရေဓာတ်မဆုံးရှုံးဘူးလို့ မထင်လိုက်ပါနဲ့။ အသက်ရှူလိုက်တဲ့အချိန်တိုင်းမှာ ရေဓာတ်တွေကုန်ဆုံးသွားတာပါ။ ဒါ့ကြောင့် မနက်မိုးလင်းတာနဲ့ ရေတစ်ခွက်သောက်ပေးခြင်းက ဦးနှောက်ကို အားဖြည့်ပေးလိုက်ခြင်းပါပဲ။ ၂။ အာရုံစိုက်နိုင်စွမ်းမြင့်မားလာမယ် ရေဓာတ်ခမ်းခြောက်ခြင်းကို ဘယ်သူကမှ တော်ရုံတန်ရုံသတိမထားမိပါဘူး။ ဒါပေမယ့် သင့်ဦးနှောက်ကတော့ ပထမဆုံး […]

ရေသောက်ခြင်းကြောင့် ကျန်းမာရေး၊ အသားအရေနှင့် ဆံပင်အတွက်ကောင်းကျိုးများ

in ကျန်းမာရေးအကြံပြုချက် September 2, 2018

စကြာဝဠာကြီးထဲမှာ သန့်စင်ကြည်လင်ပြီးတော့ ပိုးမွှားကင်းစင်တဲ့ ရေက အဖိုးတန်ဆုံးပါပဲ။ လူသားတိုင်းက ရေဓာတ်ရဲ့ အရေးကြီးမှုတွေကို သိပြီးသားဖြစ်ပေမဲ့ ရေသောက်ခြင်းကြောင့် ခံစားရမဲ့အကျိုးကျေးဇူးတွေကိုတော့ အချိန်ကုန်ခံပြီး စဉ်းစားမနေကြတော့ပါဘူး။ အခုဖော်ပြပေးချင်တာကတော့ ရေသောက်ခြင်းရဲ့ ကောင်းကျိုးလေးတွေဖြစ်ပြီး ဖတ်ပြီးတဲ့နောက်မှာ သင် အံ့သြသွားပါလိမ့်မယ်။ ခန္ဓာကိုယ်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ရေက အဓိကလိုအပ်ပါတယ်။ အရေပြား၊ ခန္ဓာကိုယ် တစ်သျှူး၊ ဆဲလ်နဲ့ အင်္ဂါအစိတ်အပိုင်းလေးများအတွက် ရေကမရှိမဖြစ်လိုအပ်ပြီး ခန္ဓာကိုယ် အလေးချိန်ရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းခန့်က ရေနဲ့ဖွဲ့စည်းထားတာပါ။ ရေသောက်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်နဲ့ အညစ်ကြေးများကို ဖယ်ရှားပေးဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မိမိစားသုံးလိုက်တဲ့အစားအစာထဲက အာဟာရတွေကို လိုအပ်တဲ့ဆဲလ်တွေဆီသို့ရောက်အောင် ပို့ဆောင်ပေးခြင်းက ရေရဲ့ အဓိကတာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင်တော့ ဝမ်းချုပ်ခြင်း၊ ရင်ကျပ်ခြင်း၊ အရေပြားယားယံခြင်း၊ […]

အသားအရေကျန်းမာလှပနေခြင်းနဲ့ ရေက ဘယ်လိုဆက်စပ်မှုရှိသလဲ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ September 2, 2018

အသားအရေ ဂရုစိုက်တတ်တဲ့ ပျိုမေလေးတွေ အနေနဲ့ ရေသောက်ပြီး အမြဲတမ်းရေဓာတ်ဖြည့်နေဖို့ကို မမေ့လျော့သင့်ပါဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အခြားသောအင်္ဂါအစိတ်အပိုင်းလေးတွေလိုပဲ အရေပြားကလည်း ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ အရေပြားဆဲလ်လေးတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ရေလိုအပ်ပါတယ်။ ရေက အသားအရေ ကျန်းမာလှပနေစေဖို့ ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာကို ဆက်လက် ဖတ်ရှုကြည့်ရအောင်နော်။ အသားအရေအစိုဓာတ်ကို ထိန်းသိမ်းပေးဖို့အတွက် တကူးတကကြီး Skincare တွေ Moisturizer Gel တွေ မလိမ်းချင်ဘူးဆိုရင်တော့ ရေပုံမှန်သောက်ပေးပါနော်။ ရေက သဘာဝ Moisturizer ပါပဲ။ အရေပြားဆဲလ်လေးတွေဆီ အာဟာရတွေရောက်ရှိအောင်လို့ ရေကပဲ အဓိကသယ်ယူပို့ဆောင်ပေးတာပါ။ အရေပြားတစ်သျှူးလေးတွေ အသစ်ပြန်လည်ဖြစ်လာအောင်၊ အရေပြားတင်းရင်းလာအောင် ရေကပဲ အဓိကပြုလုပ်ပေးတာပါ။ အရေးအကြောင်းဖြစ်ခြင်း၊ ပါးရေတွန့်ခြင်းတွေက အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာတွေပါပဲ။ ရေဓာတ်ခမ်းခြောက်ခြင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ ဘယ်မိန်းကလေးကမှ အသက်အရွယ်ထက် […]

ရေကို ဘယ်တော့မှ လျစ်လျှူမရှုသင့်တဲ့ အကြောင်းအရင်းများ

in ကျန်းမာရေးအကြံပြုချက် August 31, 2018

ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှားမရှိရင်တောင်မှ ရေဓာတ်ပြည့်ဖို့အတွက် ရေသောက်ပေးရပါတယ်။ ရေသောက်ခြင်းက ရေဓာတ်ပြည့်ဝခြင်းအပြင် အခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။ ဘာ့ကြောင့် မဖြစ်မနေရေကို သောက်သုံးသင့်လဲဆိုတော့ ၁။ ခန္ဓာကိုယ်ကို မပျက်စီးအောင် ထိန်းသိမ်းပေးတယ် ရေသောက်ခြင်းက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ ခန္ဓာကိုယ်ထဲမှာ ရေနဲ့ အခြားအရည်တွေ ကောင်းစွာစီးဆင်းဖို့ ပြုလုပ်ပေးတယ်။ အစာချေဖို့အတွက် ရေသောက်သုံးပေးရပါတယ်။ သွေးတွေ လှည့်ပတ်စီးဆင်းဖို့အတွက်လည်း ကူညီပေးပါတယ်။ ဒါ့ကြောင့် ရေဆာတဲ့အချိန်အထိမနေနဲ့ ရေပုံမှန်သောက်ပေးပါ။ ၂။ နေ့စဉ်ဘဝမှာ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်အောင် ခံစားချက်ကောင်းတွေ ပြုလုပ်ပေးတယ် ခေါင်းကိုက်ဝေဒနာကို ပြင်းထန်စွာခံစားရတဲ့ လူနာတွေက တစ်နေ့ကို ရေ ၇ ခွက် သောက်သုံးတဲ့အခါ ခံစားရတဲ့ ဝေဒနာတွေသက်သာစေတယ်လို့ စမ်းသပ်ချက်တွေအရ သိရှိရပါတယ်။ ဒါ့ကြောင့် ရေသောက်ပြီး ကျန်းကျန်းမာမာနေပါ။ ၃။ ဆာလောင်မှုကို ဟန့်တားပေးတယ် […]

ရေသောက်ခြင်းနှင့် အသည်းထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားခြင်း

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 31, 2018

အသက်ရှင်နေထိုင်ဖို့အတွက် ရေက အရေးကြီးဆုံးဖြစ်သလို ခန္ဓာကိုယ်ထဲမှာ ရေပါဝင်မှုက အများဆုံးဖြစ်ပါတယ်။ အသည်းထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ရာ ရေသောက်သုံးသင့်ပါတယ်။ ရေသောက်ပေးမယ်ဆိုရင် အသည်းက အဆိပ်အတောက်တွေဖြေနေတုန်းမှာ ကျောက်ကပ်ကိုလည်း ကူညီပေးပါသေးတယ်။ ဒါမှ အသည်းက သူ့လုပ်ငန်းကို အာရုံစိုက်ပြီး အလုပ်လုပ်နိုင်မှာမို့လို့ပါ။ ရေထဲကို သံပုယိုသီးထည့်ပေးခြင်းကလည်း အဆိပ်ဖြေတဲ့ဖြစ်စဉ်ကို ကူညီပေးနိုင်သလို၊ အဆိပ်အတောက်ဖယ်ရှားပေးတဲ့ သည်းခြေရည်ကိုလည်း လှုံ့ဆော်ပြီးသားဖြစ်ပါတယ်။ အသည်းတစ်သျှူးများကို သန့်စင်ပေးတယ် ရေသောက်ခြင်းရဲ့ အဓိကကောင်းကျိုးကတော့ အသည်းတစ်သျှူးများကို သန့်စင်ပေးခြင်းပဲဖြစ်ပါတယ်။ အသည်းနဲ့ ကျောက်ကပ်ကတစ်ခုနဲ့တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အမှီသဟဲပြုနေပါတယ်။ ရေဓာတ်လုံလောက်စွာ ရရှိခြင်းကြောင့် ကျောက်ကပ်ကလည်း အညစ်အကြေးဖယ်ရှားတဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်ပြီး အသည်းကလည်း သူ့ကိုယ်ပိုင်အညစ်အကြေးကို ဖယ်ရှားနိုင်မှာပါ။ ကျောက်ကပ်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ တစ်နေ့ကို ရေ ၈ ခွက်နဲ့အထက် သောက်သုံးသင့်ပါတယ်။ ရေထဲကို သံပုယိုသီးထည့်ခြင်း မနက်ခင်းသောက်တဲ့ […]

အရွယ်တင်နုပျိုစေသောနည်းလမ်းများနှင့် ရေသောက်ခြင်း

in ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 31, 2018

တခါတရံမှာ သင်သောက်သုံးတဲ့ရေထဲမှာ သင့်ရှိယင်းစွဲအသက်ထက် အိုစာသွားအောင် ပြုလုပ်တဲ့ ညစ်ညမ်းစေတဲ့အရာတွေ ပါဝင်ပါတယ်။ ဘုံဘိုင်ခေါင်းကရေကို စစ်သောက်တယ်ဆိုရင်တောင် ရေထဲမှာ ဘယ်လိုဓာတုဓာတ်တွေ၊ ဘယ်လိုဘက်တီးရီးယားတွေ၊ ဘယ်လိုသတ္တုဓာတ်တွေ ပါသလဲဆိုတာကို သိထားသင့်ပါတယ်။ မြို့တွင်းရေပေးဝေတဲ့စနစ်က ရရှိတဲ့ရေကိုလည်း စိတ်ချရတယ်လို့ တစ်ထစ်ချမယုံကြည်ပါနဲ့။ ချိုးရေနဲ့ သောက်သုံးရေထဲမှာ အနည်အနစ်တွေများပြီး ညစ်ညမ်းမှုတွေများတဲ့အခါ သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ခန္ဓာကိုယ်က သန့်စင်တဲ့ရေဓာတ်ကိုမရတဲ့အခါ သင့်စွမ်းအင်နဲ့အလှအပကို ထိခိုက်နိုင်သလို အသက်လည်းတိုစေနိုင်ပါတယ်။ ရေထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေက အစာအိမ်ကိုဒုက္ခပေးနိုင်ပြီး၊ ခေါင်းကိုက်ခြင်း၊ အပြင်းအထန်ဖျားနာခြင်းနဲ့ အူနဲ့ပတ်သက်တဲ့ရောဂါဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။ ရေဒီယိုနျူကလိုင်းဓာတ်က ကင်ဆာရောဂါနဲ့ အရေပြားရင့်ရော်ခြင်း၊ အမဲစက်ဖြစ်ပေါ်အောင်ပြုလုပ်ပါတယ်။ အာဆင်းနစ်၊ ဘန်ဇင်း၊ စတိုင်ရင်း၊ ဖလိုရိုက်၊ ကြေးနီနဲ့ ခဲ ဓာတ်များက အရေပြားကို ထိခိုက်စေပြီး၊ ကင်ဆာရောဂါနဲ့ သွေးလှည့်ပတ်စနစ်ကို ပျက်စီးစေရုံမက သွားကျန်းမာရေးနဲ့ […]

    Cart