မိုးရာသီမှာ ရေများများသောက်ဖို့ နည်းလမ်း ၅ မျိုး

in ကျန်းမာရေးအကြံပြုချက် August 30, 2018

ပူလောင်အိုက်စပ်လှတဲ့ နွေရာသီမှာတုန်းကတော့ သင့်ကိုရေသောက်အောင် လှုံ့ဆောင်ပေးတဲ့ အပူချိန်တွေရှိပါတယ်။ မိုးရာသီလည်းရောက်ရော မိုးကလည်းအဆက်မပြတ်ရွာ ရာသီဥတုကလည်း ခပ်အေးအေးနဲ့ဆိုတော့ ရေဓာတ်ဖြည့်ပေးဖို့ အသိပေးမယ့်အရာတွေလည်း မရှိတော့ပါဘူး။ အဲ့ဒီလို ရေသောက်ဖို့ မေ့တာနဲ့ပဲ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ကုန်ပါလေရော။ ဥတုသုံးပါးစလုံး ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေဖို့က အရေးကြီးပါတယ်။ ပြင်ပကအပူချိန်က ပူလောင်အိုက်စပ်နေမှ ရေဓာတ်ခမ်းခြောက်တာမဟုတ်ပါဘူး။

မိုးတွင်းမှာ ရေငတ်ခြင်းအပြင် အခြားရေဓာတ်ခမ်းခြောက်နေပြီဖြစ်ကြောင်း ပြောပြတဲ့လက္ခဏာတွေကတော့ နှုတ်ခမ်းခြောက်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အမဲစက်များထွက်ခြင်းတို့ပဲဖြစ်ပါတယ်။ မိုးတွင်းမှာ ရေဓာတ်ဖြည့်ပေးဖို့ သတိပေးအောင် ဘယ်လိုလုပ်မလဲဆိုတော့

၁။ အပူထုတ်ပေးမယ်

မိုးရာသီမှာ မိုးအေးအေးလေးနဲ့ အိပ်ရာထဲမှာ စောင်ခြုံပြီး ကော်ဖီလေးသောက်ရပြီး ဇိမ်ကျကျနဲ့ နေချင်ကြပါတယ်။ အဲ့ဒီလိုကာဖိန်းဓာတ်ပါတဲ့ ကော်ဖီအစား ရေနွေးပူပူလေးတစ်ခွက်သောက်ပေးပါ။ ပျားရည်လေးတစ်ဇွန်း၊ ဒါမှမဟုတ် သံပုရိုသီးလေး ညစ်ထည့်ပေးမယ်ဆိုရင်တော့ အရသာရှိတဲ့ ရေနွေးပူလေးတစ်ခွက်ရမှာပါ။

၂။ အလေ့အကျင့်ပြုလုပ်ပေးပါ

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ခန္ဓာကိုယ်က မောလို့ ရေသောက်တဲ့အခါ လေ့ကျင့်ခန်းလုပ်တိုင်း ရေသောက်တဲ့အကျင့်က စွဲလာပါတယ်။ အဲ့ဒီလိုပဲ မနက်ခင်းကော်ဖီမသောက်ခင်မှာ ရေတစ်ခွက်အရင်သောက်တဲ့ အလေ့အကျင့်ပြုလုပ်ပေးပါ။ အလုပ်စားပွဲ၊ စာကြည့်စားပွဲမှာလည်း ရေဘူးတစ်ဘူးကို မိမိမျက်စိရှေ့မှာ မြင်ရအောင် ထား ထားပါ။ ဘယ်နှနာရီမှာ ရေဘယ်လောက်ကုန်အောင်သောက်မယ်ဆိုပြီး သတ်မှတ်ထားလို့ရအောင် ရေဘူးမှာ အမှတ်အသားပြုလုပ်ထားပါ။ အိပ်ရာဘေးနားမှာလည်း ရေဘူးအမြဲတမ်းထားပါ။ ဒါမှ အိပ်ရာမဝင်ခင် ရေသောက်ဖို့ သတိရမှာပါ။

၃။ မိမိလုပ်ဆောင်မှုအတွက် ဆုချပါ

ဆုပေး ဒဏ်ပေးစနစ်က သင့်ကို အကောင်းဆုံးတွန်းအားပေးမယ့် အရာပဲဖြစ်ပါတယ်။ တစ်ပတ်လုံးလုံးမှာ နေ့တိုင်းသတ်မှတ်ထားတဲ့ ရေပမာဏကိုသောက်သုံးနိုင်တယ်ဆိုရင် ကိုယ်ကြိုက်နှစ်သက်တာလေးနဲ့ မိမိကိုယ်ကို ဆုချပါ။ မိမိကြိုက်နှစ်သက်တဲ့အစားအစာ ဝယ်စားခြင်း၊ မိမိကြိုက်နှစ်သက်တဲ့အဝတ်အစားအသစ် ဝယ်ဝတ်လိုက်ပါ။

၎။ သစ်သီးလေးထည့်ပါ

လူတိုင်းရေ မသောက်ချင်တဲ့ အကြောင်းအရာကတော့ ရေကသဘာဝအတိုင်း အရောင် အနံ့ အရသာမရှိလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရေထဲကို အရသာရှိစေမယ့် အရောင်လေးလည်း လှပတဲ့ သစ်သီးလေးထည့်ပေးခြင်းဖြင့် အရသာရှိတဲ့ရေကို သောက်သုံးနိုင်ပါပြီ။

၅။ သကြားဓာတ်များတဲ့ အချိုရည်တွေ ရှောင်ပါ

မိုးတွင်းမှာ သင့်ကို ရေသောက်ဖို့ မေ့အောင် ပြုလုပ်တဲ့ အဓိကတရားခံကတော့ ဆိုးဆေးတွေအလွန်အကျွံပါဝင်တဲ့ အချိုရည်တွေပဲဖြစ်ပါတယ်။ အချိုရည်တွေအစား ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ရေပြောင်းသောက်ပေးပါ။

    Cart