ကလေးများကို ရေဓာတ်လုံလောက်စွာ ရှိနေစေဖို့ မိဘများ ဘယ်လိုဂရုစိုက်ရမလဲ

in ကျန်းမာရေးအကြံပြုချက် August 30, 2018

ကလေးများရဲ့ခန္ဓာကိုယ်က လူကြီးတွေထက်စာရင် ရေဓာတ်လုံလောက်စွာ ရရှိဖို့က ပိုအရေးကြီးပါတယ်။ ငယ်ရွယ်သေးတဲ့အချိန်မှာ ကလေးငယ်လေးတွေက ရေဆာတဲ့ခံစားချက်ကို မသိကြပါဘူး။ သူတို့အလွန်အကျွံကစားထားလို့ ချွေးထွက်တဲ့အခါမှာ မောပန်းနေတဲ့အချိန်မှာ မိဘများအနေနဲ့ မိမိတို့သားသမီးကို ဂရုတစိုက်နဲ့ ရေတိုက်ပေးသင့်ပါတယ်။

ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်မဖြည့်ပေးတဲ့အခါ ကလေးများက ပင်ပန်းမောဟိုက်နေမယ်၊ အာရုံစူးစိုက်နိုင်စွမ်းမရှိဖြစ်နေပြီးတော့ သူတို့ရဲ့မှတ်ဥာဏ်စွမ်းအားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေကို ရေဓာတ်ပြည့်ဝအောင် ဘယ်လိုဂရုစိုက်ပေးသင့်လဲဆိုတဲ့ အကြောင်းအရာနဲ့ အခြားရေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

ကလေးတွေအတွက် ရေသောက်ခြင်းကသာ အသင့်တော်ဆုံးရေဓာတ်ဖြည့်နည်းလေးပါပဲ။ အချိုရည်များက သကြားဓာတ်လွန်ကဲစွာ ပါဝင်တဲ့အတွက်ကြောင့် ကလေးတွေသွားပိုးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကလေးများရဲ့အသက်အရွယ်အပိုင်းအခြားအရ တစ်နေ့ကို လိုအပ်တဲ့ရေဓာတ်ပမာဏကလည်း ကွဲပြားသွားပါတယ်။ အသက် ၄ နှစ်ကနေ ၁၃ နှစ်ကြားကလေးငယ်များကတော့ ရေဓာတ်ပါဝင်တဲ့အစားအစာများကို စားသုံးခြင်းအပြင် တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်အထိ သောက်သုံးသင့်ပါတယ်။ အသက် ၄ နှစ်အောက် ကလေးများကတော့ သူတို့ရဲ့ချင်တွယ်ခွက်ငယ်လေးတွေနဲ့ ရေဓာတ်ဖြည့်ပေးရပါမယ်။

သုတေသနပညာရှင်များက ရေဓာတ်ပြည့်ဝတဲ့ကလေးတွေဟာ သူတို့ကျောင်းစာမှာရော၊ ကျောင်းတွင်းလှုပ်ရှားမှုများမှာ အခြားသူများထက်စာရင် ပိုပြီးသွက်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ သင့်ကလေးကို မနက်စာစတင်ကျွေးတဲ့အချိန်ကစပြီး သူတို့ကို တစ်နေ့ ရေ ၆ ခွက်ကနေ ၈ ခွက်သောက်သုံးအောင်လို့ အစီအစဉ်ချထားပါ။

လူသားတွေက အစားအစာ မစားဘဲ ရက် ၅၀ ခန့် အသက်ရှင်နေထိုင်နိုင်ပေမယ့် ရေမသောက်ဘဲနဲ့ တစ်ရက်တောင် အသက်မရှင်နိုင်ပါဘူး။ ရေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေကို သယ်ယူပို့တောင်ပေးဖို့အတွက် အဓိကတာဝန်ယူထားတာပါ။ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ဖယ်ရှားပေးဖို့ကလည်း ရေက ကူညီပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးရာမှာ ရေဓာတ်ရှိနေမှသာ လုပ်ဆောင်နိုင်တာပါ။ ဒါ့ကြောင့် ကလေးတွေကို ရေသောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အပံ့ပေးကြောင်းကို သေချာဂရုတစိုက်သင်ကြားပေးဖို့ လိုအပ်ပါတယ်။

    Cart