ရေသောက်ခြင်းကြောင့် ကျန်းမာရေး၊ အသားအရေနှင့် ဆံပင်အတွက်ကောင်းကျိုးများ

in ကျန်းမာရေးအကြံပြုချက် September 2, 2018

စကြာဝဠာကြီးထဲမှာ သန့်စင်ကြည်လင်ပြီးတော့ ပိုးမွှားကင်းစင်တဲ့ ရေက အဖိုးတန်ဆုံးပါပဲ။ လူသားတိုင်းက ရေဓာတ်ရဲ့ အရေးကြီးမှုတွေကို သိပြီးသားဖြစ်ပေမဲ့ ရေသောက်ခြင်းကြောင့် ခံစားရမဲ့အကျိုးကျေးဇူးတွေကိုတော့ အချိန်ကုန်ခံပြီး စဉ်းစားမနေကြတော့ပါဘူး။ အခုဖော်ပြပေးချင်တာကတော့ ရေသောက်ခြင်းရဲ့ ကောင်းကျိုးလေးတွေဖြစ်ပြီး ဖတ်ပြီးတဲ့နောက်မှာ သင် အံ့သြသွားပါလိမ့်မယ်။

ခန္ဓာကိုယ်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ရေက အဓိကလိုအပ်ပါတယ်။ အရေပြား၊ ခန္ဓာကိုယ် တစ်သျှူး၊ ဆဲလ်နဲ့ အင်္ဂါအစိတ်အပိုင်းလေးများအတွက် ရေကမရှိမဖြစ်လိုအပ်ပြီး ခန္ဓာကိုယ် အလေးချိန်ရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းခန့်က ရေနဲ့ဖွဲ့စည်းထားတာပါ။

ရေသောက်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်နဲ့ အညစ်ကြေးများကို ဖယ်ရှားပေးဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

မိမိစားသုံးလိုက်တဲ့အစားအစာထဲက အာဟာရတွေကို လိုအပ်တဲ့ဆဲလ်တွေဆီသို့ရောက်အောင် ပို့ဆောင်ပေးခြင်းက ရေရဲ့ အဓိကတာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင်တော့ ဝမ်းချုပ်ခြင်း၊ ရင်ကျပ်ခြင်း၊ အရေပြားယားယံခြင်း၊ သွေးတိုးခြင်း၊ အလွန်အမင်းခေါင်းကိုက်ခြင်းနဲ့ အခြားသောကျန်းမာရေးပြဿနာများ ခံစားရနိုင်ပါတယ်။

အသက်ရှူခြင်း၊ ချွေးထွက်ခြင်း၊ ဆီးသွားခြင်းနဲ့ အူမကြီးလှုပ်ရှားမှုတွေကြောင့် နေ့စဉ်နဲ့အမျှရေဓာတ်ဆုံးရှုံးပါတယ်။ ဒါ့ကြောင့် ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်ပြန်လည်လန်းဆန်းလာအောင် ပြုလုပ်ပေးသင့်ပါတယ်။

အသားအရေလှပဖို့အတွက် ရေသောက်ခြင်း

ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေလိုပဲ အရေပြားကလည်း ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားတာပါပဲ။ လုံလောက်တဲ့ ရေဓာတ်ကို ဖြည့်ပေးခြင်းဖြင့် အသားအရေအစိုဓာတ်ကို ထိန်းသိမ်းပေးထားပြီး အိုမင်းရင့်ရော်မှုကို နှောင့်နှေးအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။

ဆံပင်ကျန်းမာရေးနဲ့ ရေသောက်ခြင်း

ဆံသားလေးတွေ သန်မာပြီး အရှည်မြန်စေဖို့ လိုအပ်တဲ့ဗီတာမင်ဓာတ်တွေကြွယ်ဝစွာ ရရှိဖို့အတွက် ရေဓာတ်လုံလောက်စွာဖြည့်ဆည်းပေးပါး။ ဒါ့ကြောင့် ဆံသားလေးတွေ ဝင်းလက်တောက်ပပြီး ကျန်းမာနေစေဖို့အတွက် တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးပေးပါ။

    Cart