ရေသောက်ခြင်းကြောင့် ဦးနှောက်အတွက်ကောင်းကျိုးများ

in ကျန်းမာရေးအကြံပြုချက် September 2, 2018

ကျောက်ကပ်၊ အသည်းနဲ့ နှလုံးကျန်းမာရေးအတွက် ရေများများသောက်ပေးသင့်တယ်လို့ လူအများက ယူဆကြပါတယ်။ ဒါပေမဲ့ ရေသောက်ခြင်းနဲ့ ဦးနှောက်ရဲ့လုပ်ငန်းလုပ်ဆောင်ခြင်းတွေက သင်ထင်ထားတာထက်ကိုပိုပြီး ဆက်နွယ်မှုရှိပါတယ်။ ဦးနှောက်ကစွမ်းအင်လိုအပ်မှုအများဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရေဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတာပါ။

ဦးနှောက်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အခြေခံလိုအပ်ချက်ကတော့ ရေပဲဖြစ်ပါတယ်။ အခုပြောပြပေးချင်တာကတော့ တစ်နေ့တာလုံးရေမှန်မှန်သောက်သုံးခြင်းက ဦးနှောက်အတွက် ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

၁။ ဦးနှောက် မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ ကူညီပေးတယ်

သင့်ဦးနှောက် ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ရေဓာတ်ဖြည့်ပေးရပါမယ်။ ဦးနှောက်ဆဲလ်လေးတွေက ရေဓာတ်နဲ့ အခြားအာဟာရဓာတ်တွေကိုလည်း သင့်တင့်မျှတစွာထည့်ပေးရပါမယ်။ ညဘက်အိပ်စက်အနားယူတဲ့အချိန်မှာ ချွေးမထွက်တာကြောင့် ရေဓာတ်မဆုံးရှုံးဘူးလို့ မထင်လိုက်ပါနဲ့။ အသက်ရှူလိုက်တဲ့အချိန်တိုင်းမှာ ရေဓာတ်တွေကုန်ဆုံးသွားတာပါ။ ဒါ့ကြောင့် မနက်မိုးလင်းတာနဲ့ ရေတစ်ခွက်သောက်ပေးခြင်းက ဦးနှောက်ကို အားဖြည့်ပေးလိုက်ခြင်းပါပဲ။

၂။ အာရုံစိုက်နိုင်စွမ်းမြင့်မားလာမယ်

ရေဓာတ်ခမ်းခြောက်ခြင်းကို ဘယ်သူကမှ တော်ရုံတန်ရုံသတိမထားမိပါဘူး။ ဒါပေမယ့် သင့်ဦးနှောက်ကတော့ ပထမဆုံး သတိထားမိပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက်သွားတဲ့အခါမှာ အာရုံမစိုက်နိုင်တော့ဘဲ ဦးနှောက်ကလည်း လျင်လျင်မြန်မြန်အလုပ်မလုပ်နိုင်တော့ပါဘူး။ မှတ်ဥာဏ်စွမ်းအားတွေလည်း လျော့ကျလာပါလိမ့်မယ်။ ဒါ့ကြောင့်ရေဓာတ်ခမ်းခြောက်တဲ့အချိန်အထိမစောင့်ဘဲ ၄၅ မိနစ်ခြားတစ်ခါ ရေသောက်ပေးပါ။ ရေသောက်ခြင်းကြောင့် ပိုပြီးကောင်းတာမရှိပါဘူး။

၃။ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်တယ်

ရေသောက်ခြင်းကြောင့် ဦးနှောက်အတွက်မလိုအပ်တဲ့အရာဝတ္ထု အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။ အိပ်ရာဝင်ခါနီးမှာ ရေတစ်ခွက်သောက်သုံးပေးခြင်းက ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ဖို့ ကူညီပေးတဲ့အတွက်ကြောင့် ညအိပ်ရာဝင်ခါနီးမှာ ရေသောက်တဲ့အလေ့အကျင့်ကို မွေးမြူပေးလိုက်ပါ။ ညဘက်မှာ ကောင်းစွာအိပ်စက်အနားယူနိုင်တဲ့အတွက်ကြောင့် မနက်နိုးလာတဲ့အခါ လန်းဆန်းတက်ကြွနေမှာပါ။

၎။ မှတ်ဥာဏ်စွမ်းအားကို တိုးမြှင့်ပေးတယ်

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်သွားတဲ့အခါမှာ ဦးနှောက်က အများကြီး မမှတ်ထားနိုင်တော့ပဲ ခဏခဏမေ့တတ်လာပါတယ်။ ဒါ့ကြောင့် ဘယ်နေရာကိုပဲသွား သွား အိတ်ထဲမှာ ရေဘူးတစ်ဘူးအမြဲတမ်းဆောင်ထားပြီး တစ်နေ့တာလုံးရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးပါ။ တစ်နေ့ကို ရေ ၈ ခွက် သောက်ရမယ်လို့ မိမိကိုယ်ကိုဖိအားအရမ်းမပေးဘဲနဲ့ ပုံမှန်လေးရေဓာတ်ပြည့်ဝအောင် နေထိုင်ပေးခြင်းဖြင့် သင့်ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို မြင့်တင်လိုက်ပါ။

    Cart