သစ်သီးစိမ်ထားသောရေသောက်ခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 27, 2018

ယနေ့ခေတ်မှာ လူတော်တော်များများက ရိုးရိုးရေသောက်သုံးမယ့်အစား ရေဘူးထဲကို သစ်သီးဝလံနဲ့ ဆေးဖက်ဝင်အပင်ထည့်ပြီး ရေသောက်ခြင်းက ခေတ်စားလာပါတယ်။ သစ်သီးရေသောက်သုံးခြင်းကြောင့် ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်သလဲ၊ သင်ရော ဘာကြောင့်သစ်သီးရေသောက်သုံးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေဓာတ်ဖြည့်ပေးတယ်

သစ်သီးရေကို တစ်ရက်၊ နှစ်ရက်လောက်သောက်သုံးရုံနဲ့တော့ အကျိုးအာနိသင်ရှိမှာ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ သစ်သီးရေသောက်သုံးခြင်းက ကိုယ်ရောစိတ်ပါ နုပျိုလန်းဆန်းစေပါတယ်။ အကောင်းဆုံးအကျိုးကျေးဇူးကတော့ သင့်ကိုရေဓာတ်အမြဲတမ်း ပြည့်နေစေမှာဖြစ်ပါတယ်။ လူတော်တော်များများက မိမိတို့ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေကြတာကို မသိကြပါဘူး။ ရေထဲမှာ သစ်သီးတွေထည့်ထားခြင်းအားဖြင့် သင့်ကိုရေသောက်ဖို့ မမေ့အောင် အမြဲတမ်းသတိပေးနေမှာပါ။

၂။ အသားအရေ ဝင်းမွတ်စိုပြေစေတယ်။

ရေနဲ့ သစ်သီးတွေရဲ့ပေါင်းစပ်အာနိသင်တွေကြောင့် အသားအရေက ပိုမိုချောမွတ်စိုပြေလာပြီး ပိုပြီးတော့လည်း ငယ်ရွယ်နုပျိုနေစေမှာပါ။ အောက်ဆီဂျင်နဲ့ အာဟာရတွေကို သယ်ယူပို့ဆောင်ပေးတဲ့အခါမှာလည်း ပိုပြီးလွယ်ကူလာစေပါတယ်။ ခန္ဓာကိုယ်ကိုရေဓာတ်ခြောက်သွေ့စေတဲ့ အရက်သေစာနဲ့ ကော်ဖီသောက်သုံးခြင်းမှလည်း ရှောင်ကြဉ်စေပါတယ်။

၃။ ကိုယ်အလေးချိန်လျော့ချပေးတယ်

ရေဓာတ်အမြဲတမ်းပြည့်ဝနေခြင်းက ခန္ဓာကိုယ်အလေးချိန်ကို လျော့ချပေးတယ်ဆိုတာကို လူတော်တော်များများက မသိကြပါဘူး။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေခြင်းက ကယ်လိုရီလောင်ကျွမ်းမှုကို တိုးမြှင့်ပေးပါတယ်။ သင်က ကျန်းကျန်းမာမာနဲ့ ဝိတ်ချချင်တဲ့သူဆိုရင်တော့ ရေများများ သောက်ပေးရပါမယ်။ ဒါကအလွယ်ကူဆုံး ဝိတ်ချနည်းလေးပါပဲ။

သစ်သီးစိမ်ရေက ကိုယ်အလေးချိန်ကို ဘယ်လိုလျော့ချပေးလဲဆိုရင် သစ်သီးစိမ်ရေသောက်ပြီးတဲ့နောက်မှာ ဗိုက်ပြည့်စေမှာဖြစ်ပြီး မုန့်ပဲသရေစာတွေ၊ အစားအသောက်အလွန်အကျွံစားခြင်းတွေကို တားဆီးပေးမှာပါ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ရေမှတစ်ဆင့် ဖယ်ရှားပေးမှာဖြစ်ပါတယ်။ သင့်စိတ်ခံစားချက်တွေ ကောင်းမွန်အောင်လည်း ပြုလုပ်ပေးတဲ့အပြင် ပင်ပန်းနွမ်းနယ်မှုကိုလည်း ဖြေဖျောက်ပေးပါတယ်။

သစ်သီးစိမ်ရေဘယ်လိုသောက်မလဲ

ရေက ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့် ရေသောက်ဖို့ မမေ့သင့်ပါဘူး။ ရေဓာတ်များများဖြည့်ပေးလေ ခန္ဓာကိုယ်အတွက်အကောင်းဆုံးပါပဲ။ တစ်ရက်တစ်မျိုးမရိုးရအောင် သစ်သီးအမျိုးအစားတွေကို ပြောင်းပြီး စမ်းသပ်သောက်သုံးခြင်းက သင့်ကို အရသာအသစ်အသစ်တွေကို ပေးစွမ်းမယ့်အပြင် ရေသောက်ဖို့လည်း မေ့မှာမဟုတ်တော့ပါဘူး။

    Cart