ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသုံးပြီး ဘယ်လိုအရည်တွေကိုသောက်သုံးပေးမလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ August 25, 2018

အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသုံးခြင်း၊ ကာယလေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ကိုဂရုစိုက်ရပါမယ်။ ကျန်းမာလှပစွာ ဘယ်လိုနေထိုင်စားသုံးရမလဲဆိုတော့ ၁။ အားကစားပြုလုပ်ပါ တစ်နာရီခန့် အားကစားပြုလုပ်ပေးမယ်ဆိုရင် ကယ်လိုရီ ၂၀၀ ကနေ ၃၀၀ အထိလောင်ကျွမ်းပါတယ်။ ကိတ်မုန့်တစ်လုံးစားလိုက်လို့ ရရှိမယ့် ကယ်လိုရီပမာဏနဲ့ ညီမျှပါတယ်။ အားကစားမှန်မှန်ပြုလုပ်လေ ကယ်လိုရီများများလောင်ကျွမ်းလေဖြစ်ပြီး ကိုယ်နှစ်သက်တဲ့အစာကို စိုးရိမ်စိတ်ကင်းစွာ စားသုံးနိုင်မှာဖြစ်ပါတယ်။ ၂။ အစားအသောက်ဆင်ခြင်ပါ အကယ်၍ သင်ကလေ့ကျင့်ခန်းမပြုလုပ်ဘူးဆိုရင် ကိုယ်အလေးချိန်မတက်ဖို့အတွက် သကြားဓာတ်လွန်ကဲတဲ့အစာ၊ အဆီဓာတ်များတဲ့ အစာတွေကို ရှောင်ကြဉ်ရပါမယ်။ ကယ်လိုရီများတဲ့အစာတွေဖြစ်တဲ့ ထောပတ်၊ ခရင်မ်၊ မုန့်ပဲသရေစာ၊ ကွတ်ကီး နဲ့ အခြားသောအသင့်စား အစားအစာတွေကို ရှောင်ကြဉ်ပါ။ ၃။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများစားပါ၊ ပဲအမျိုးမျိုးစားသုံးပါ မနက်စာစားရင် လတ်ဆတ်တဲ့အသီးအနှံစားသုံးမယ်၊ နေ့လည်စာနဲ့ ညနေစာစားရင်လည်း အရောင်စုံတဲ့ဟင်းသီးဟင်းရွက် (ခရမ်းချဉ်သီး၊ […]

ရေဓာတ်ပြည့်ဝခြင်းနှင့် ဆံသားကျန်းမာရေး

in ကျန်းမာရေးအကြံပြုချက်, ဆံကေသာ August 25, 2018

သဘာဝအတိုင်းဆံနွယ်လေးတွေ ကျန်းမာသန်စွမ်းဖို့အတွက် နည်းလမ်းကောင်းလေးက ဘာများဖြစ်မလဲ။ ရေသောက်ခြင်းပဲဖြစ်ပါတယ်။ ရေက ဈေးလည်းသက်သာတယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးတယ်။ တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက် သောက်ပေးမယ်ဆိုရင် သင့်ဆံပင်အရှည်မြန်စေပြီးတော့ ဆံပင်ကိုအစိုဓာတ်ထိန်းညှိပေးထားပါတယ်။ သင့်ဆံပင်အရင်းအမြစ်တွေက ရေဓာတ်လုံလောက်စွာမရရှိရင် ဆံပင်အဖျားလေးတွေ တဖြည်းဖြည်းခြောက်သွေ့ကြမ်းတမ်းလာပြီးတော့ ကျိုးပဲ့ပျက်စီးကာ ဆံပင်အရှည်နှုန်း ရပ်တန့်သွားပါလိမ့်မယ်။ ရေသောက်ခြင်းကြောင့် ဆံပင်အတွက်ကောင်းကျိုးများ ရေသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဆဲလ်တစ်ခုချင်းစီအတွက် စွမ်းအင်အရင်းအမြစ်ဖြစ်တယ်။ ဆံပင်အရှည်မြန်ဖို့နဲ့ ဆံပင်ကျန်းမာရေးအတွက် ဆဲလ်လေးတွေကိုလည်း ရေသောက်ခြင်းဖြင့် စွမ်းအင်တွေ ထောက်ပံ့ပေးနေတာပါ။ ရေဓာတ်က ဆံပင်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်ကို ကူညီထောက်ပံ့ပေးပြီး ဆံပင်ဆဲလ်လေးအတွက် သဘာဝအားဆေးပဲဖြစ်ပါတယ်။ ရေလုံလောက်စွာ သောာက်သုံးခြင်းကြောင့် သင့်ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆံပင်ပါးခြင်းပြဿနာမှ ကင်းဝေးအောင်ကူညီပေးပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ဆံပင်ပြဿနာ ရေဓာတ်ခမ်းခြောက်ခြင်းက ဆံပင်ကျန်းမာရေးအတွက် တိုက်ရိုက်ဆိုးကျိုးတွေဖြစ်ပေါ်စေတာကို လူတော်တော်များများ မသိကြပါဘူး။ […]

ညဘက်မှာ နှစ်ခြိုက်စွာ အိပ်မပျော်နိုင်တာ ဘာ့ကြောင့်လဲ၊ ဘယ်လိုဖြေရှင်းမလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

အိပ်စက်ခြင်းကလူသားတိုင်းအတွက် အရေးကြီးပါတယ်။ တစ်နေ့တာလုံးမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးတဲ့နောက်မှာ နှစ်ခြိုက်စွာအိပ်စက်အနားယူနိုင်မှသာလျှင် နောက်တစ်နေ့တာအတွက် အလုပ်လုပ်နိုင်ဖို့ အားအင်သစ်တွေပြန်လည်ရရှိမှာဖြစ်တယ်။ ကောင်းကောင်းအိပ်စက်အနားယူခြင်းက ကိုယ်ရော၊ စိတ်ပါကျန်းမာစေပြီး၊ သက်လုံကောင်းစေပါတယ်။ ကောင်းစွာ အိပ်စက်အနားယူနိုင်ခြင်းမရှိတဲ့အခါ မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာမပြုလုပ်နိုင်ခြင်း၊ မိမိရဲ့မိတ်ဆွေသူငယ်ချင်း၊ မိသားစုချစ်သူခင်သူတွေနဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ လေ့လာချက်များအရ ပင်ပန်းနွမ်းနယ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ရေဓာတ်လုံလောက်စွာ မရရှိလို့ဖြစ်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းကို ဘယ်အရာက နှောင့်ယှက်နေတာလဲ တစ်နေ့တာလုံး ရေဓာတ်လုံလောက်စွာ မရရှိခြင်းက သင်ညဘက်အိပ်စက်အနားယူတဲ့အခါ အနှောင့်အယှက်ကောင်းကောင်းပေးပါတယ်။ သင်အိပ်ပျော်နေစဉ်မှာ နှုတ်ခမ်းခြောက်မယ်၊ နှာခေါင်းလမ်းကြောင်းလည်း ခြောက်သွေ့လာမယ်၊ အသက်ရှုခက်ခဲပြီး ဟောက်မယ်၊ မနက်နိုးလာရင် ပုံမှန်အသံမဖြစ်ပဲ အက်ကွဲတဲ့အသံမျိုးဖြစ်လာမယ်၊ လည်ချောင်းနာခြင်းတွေလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်စက်နေတဲ့အခါမှာလည်း မကြာခဏကြွက်တက်ပြီး သင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ မရအောင် နှောင့်ယှက်ပါလိမ့်မယ်။ အထက်ဖော်ပြပါ ပြဿနာများကို ဖြေရှင်းပေးမယ့် အကောင်းဆုံးနည်းလမ်းလေးကတော့ […]

သင်တစ်ခါမှမကြားဖူးတဲ့ သင့်ကိုရေများများသောက်အောင်တွန်းအားပေးမယ့် ထူးဆန်းတဲ့နည်းလမ်း (၆) ချက်

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ကျန်းမာလှပဖို့အတွက် ရေများများသောက်ရမယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် တကယ်တမ်းလိုက်နာကျင့်သုံးပြီး ရေများများသောက်တဲ့သူတွေကတော့ လက်ချိုးရေလို့တောင်ရပါတယ်။ အမျိုးသားများအနေနဲ့ တစ်နေ့ကို ရေ ၁၃ ခွက်သောက်သုံးသင့်ပြီး အမျိုးသမီးများကတော့ တစ်နေ့ကို အနည်းဆုံး ၉ ခွက် သောက်သုံးသင့်ပါတယ်။ ရေသောက်သုံးခြင်းကြောင့် စွမ်းအင်ပမာဏကို မြှင့်တင်ပေးတယ်၊ ခံစားချက်ကောင်းတွေ ရရှိစေတယ်၊ ကျန်းမာရေးလည်းကောင်းမွန်စေတဲ့အတွက်ကြောင့် သင့်မှာ ရေများများသောက်သုံးတဲ့အလေ့အကျင့်လေးရအောင် ကူညီပေးဖို့ နည်းလမ်း (၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ရေဘူးကို ရုံးသယ်သွားပါ ရိုးရိုးရေဘူးကိုပြောတာမဟုတ်ပါဘူး၊ ရေတစ်ဂါလန်ဘူးကို ဆိုလိုတာပါ။ အကယ်၍ သယ်ရမှာလေးတယ်ဆိုတဲ့သူတွေအတွက်ကတော့ ရေဘူးအခွံလေးကိုသယ်သွားပြီး မိမိရုံးမှာဖြည့်သောက်ကြပါနော်။ ရေဘူးတစ်ဂါလန်က ရေ ၁၆ ခွက် နဲ့ ညီမျှပါတယ်။ တစ်နေ့လုံးနေပြီး အလုပ်ဆင်းတဲ့အချိန်မှာ ဂါလန်ဝက်ခန့်သောက်နိုင်တယ်ဆိုရင်ပဲ အောင်မြင်တယ်လို့ဆိုနိုင်ပါတယ်။ ၂။ ဆုပေးဒဏ်ပေးစနစ်သုံးပါ နေ့လည်စာစားပြီးလို့ အချိုတည်းချင်တယ်ဆိုရင် […]

သုံးရက်လုံးလုံးအစာမစားဘဲ ရေနဲ့ ဝိတ်ချမယ်

in ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 25, 2018

၁၉၈၀ ပြည့်နှစ်မှာ အမည်မဖော်လိုသူတစ်ဦးက သုံးရက်လုံးလုံးအစာမစားဘဲ ကိုယ်အလေးချိန်လျော့ချတဲ့ နည်းလမ်းကို စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။ ဒီနည်းလမ်းက အချိန်တိုအတွင်းမှာ အမြန်ဆုံးကိုယ်အလေးချိန်ကျစေချင်သူအတွက် အသုံးဝင်မယ့်နည်းလမ်းလေးပါ။ ဝိတ်ချမယ့်သူက သုံးရက်လုံးလုံး အစာရော ဆေးဝါးတွေပါမမှီဝဲဘဲနဲ့ ရေကိုသာသောက်သုံးရမှာဖြစ်ပါတယ်။ ဝိတ်ချမယ့်နည်းလမ်း အဆီတွေကိုလောင်ကျွမ်းစေသော ဝိတ်ချနည်း ဆိုတဲ့စာအုပ်ကို ရေသားတဲ့ စာရေးဆရာ Mackie Shilstone ပြောကြားချက်အရ ဝိတ်ချမယ့်သူက သုံးရက်လုံးလုံး ရေကိုသာသောက်သုံးခြင်းဖြင့် ကြွက်သားတွေကိုအားဖြည့်ပေးမယ်၊ အစာမစားဘဲ ဗိုက်ပြည့်နေစေမှာဖြစ်တယ်။ ကိုယ်အလေးချိန်ချမယ့်သူက ရေကိုပဲ သောက်သုံးတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ မလိုလားအပ်တဲ့အဆိပ်အတောက်တွေကို ရေကဖယ်ရှားပေးတာဖြစ်တဲ့အတွက်ကြောင့် ဒီနည်းလမ်းက အဆိပ်အတောက်ဖြေတဲ့စနစ်အဖြစ်လည်း ဆောင်ရွက်ပေးတယ်။ ကောင်းကျိုး ဒီနည်းလမ်းရဲ့ ကောင်းကျိုးအနေနဲ့ကတော့ ရေကအလွယ်တကူနဲ့ ဈေးသက်သက်သာသာရနိုင်တာမို့လို့ အကုန်အကျသက်သာစေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ဝိတ်ချတဲ့သူက ၃ ပေါင်ကနေ ၅ ပေါင်အထိ ကိုယ်အလေးချိန်ကျသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် […]

မနက်ခင်းအိပ်ရာနိုးတာနဲ့ ရေသောက်သင့်တဲ့ အချက် (၃) ချက်

in ကျန်းမာရေးအကြံပြုချက် August 25, 2018

တစ်နေ့တာလုံးမှာ ရေမှန်မှန်သောက်ပေးခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုး အမြောက်အမြားပေးတယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။ တစ်ချို့အချိန်မှာတော့ ရိုးရိုးရေထက် ရေခဲရေသောက်သုံးခြင်းက ပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ မနက်ခင်းနိုးလာတာနဲ့ ဘာ့ကြောင့်ရေတစ်ဖန်ခွက်သောက်သုံးသင့်လဲဆိုတဲ့ အကြောင်းပြချက် (၃) ချက်ပါ။ ၁။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတယ် တစ်ညတာလုံး ၆ နာရီ၊ ၇ နာရီခန့် အိပ်စက်အနားယူတဲ့အခါမှာ သင့်ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးနေပါပြီ။ မနက်အိပ်ရာထထချင်းမှာ မူးခနဲ မိုက်ခနဲဖြစ်သွားတာ၊ ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝသလိုပင်ပန်းနွမ်းနယ်နေတာက ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာနိုးတာနဲ့ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်စီးဆင်းမှုကို မြှင့်တင်ပေးဖို့၊ သွေးလှည့်ပတ်မှုကို အဆင်ပြေချောမွေ့စေဖို့နဲ့ တစ်နေ့တာလုံးခွန်အားပြည့်နေစေရန်အတွက် ကြွက်သားဆဲလ်တွေကို ကူညီပံ့ပိုးပေးဖို့က အိပ်ရာနိုးတာနဲ့ ဖန်ခွက်တစ်ခွက်အပြည့် ရေတစ်ခွက်ကို သောက်သုံးရပါမယ်။ ၂။ ဗိုက်ပြည့်နေဖို့ ကူညီပေးတယ် သင့်အစာအိမ်မှာအစာမရှိတဲ့အခါ ဗိုက်မဆာဖို့အတွက် ရေကကူညီပေးတာဖြစ်တဲ့အတွက် မနက်နိုးနိုးချင်း ရေသောက်တာက အစားအလွန်အကျွံမစားမိဖို့ […]

ရေမသောက်သည့်အခါ ခံစားရမည့် ရောဂါဝေဒနာများ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

လူသားတွေရဲ့ခန္ဓာကိုယ်အတွက်အရေးကြီးဆုံးက ရေပဲဖြစ်တဲ့အတွက်ကြောင့် ရေမရှိဘဲ အသက်မရှင်နိုင်ပါဘူး။  လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိက ရေနဲ့ဖွဲ့စည်းထားတာပါ။ ရေက အဆိပ်အတောက်အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း၊ သွေးပေါင်ချိန်ညီမျှအောင် ထိန်းပေးခြင်းနဲ့ အခြားမြောက်များစွာသော လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။ တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်သောက်သုံးသင့်ပါတယ်။ ရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ကိုပေါ့ပါးလန်းဆန်းစေပြီး၊ အကယ်၍လုံလောက်တဲ့ရေဓာတ်မဖြည့်ပေးပါက ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အစာချေစနစ်နဲ့ ဆီးသွားခြင်းကို နှေးကွေးစေတယ် ဆီးသွားတဲ့အခါ အရောင်ရင့်ရင့်ဆီးသွားခြင်းက သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းနေခြင်း လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေပါက ၇ နာရီ ၈ နာရီကြာမှ ဆီးသွားခြင်းက ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ခမ်းခြောက်ပါက အစာချေလမ်းကြောင်းမချောမွေ့တော့ဘဲ အဆိပ်အတောက်အညစ်အကြေးများခြောက်သွေ့သွားပြီး အူနံရံမှာ ကပ်ငြိကာ ဖြတ်သန်းသွားလာဖို့ခက်ခဲသွားကာ အစာအိမ်ကို ဒုက္ခပေးပါတော့တယ်။ နှုတ်ခမ်းခြောက်ခြင်း၊ […]

စိုပြေလှပသောအသားအရေနှင့် နက်မှောင်ထူထဲသောဆံပင် ပိုင်ဆိုင်အောင် ရေဘယ်လိုသောက်မလဲ

in ကျန်းမာရေးအကြံပြုချက်, ဆံကေသာ, အသားအရေ August 25, 2018

သင်က ကိုယ်အလေးချိန်ထိန်းချင်ပြီးတော့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ချင်သူတစ်ယောက်ဆိုရင်တော့ အရေးကြီးဆုံးလုပ်ရမယ့်အရာကတော့ ရေသောက်ခြင်းပဲဖြစ်ပါတယ်။ သင့်မှာရေဓာတ်လုံလောက်စွာမရရှိတဲ့အခါ ရေဓာတ်ခမ်းခြောက်ပြီး မူးဝေမောပန်းမယ်၊ သွေးပေါင်ကျမယ်၊ အလုပ်လုပ်နိုင်စွမ်းတွေလည်း လျော့ကျလာပါလိမ့်မယ်။ ရေသောက်ခြင်းကြောင့် ဘယ်လိုကောင်းကျိုးလေးတွေရမလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်နော်။ ကျန်းမာစိုပြေလှပသော အသားအရေ သင့်အရေပြားက အစိုဓာတ်ကိုထိန်းသိမ်းပေးထားတဲ့ သဘာဝအတားအဆီးတစ်ခုပါ။ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင် သဘာဝအတားအဆီးကဖျက်ဆီးခြင်းခံရပြီး အသားအရည်ခြောက်သွေ့ကြမ်းတမ်ပြီး အရေပြားရဲ့လုပ်ဆောင်နိုင်စွမ်းလျော့ကျလာမယ်၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ရေသောက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်အတောက်နဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်တောက်ပလာအောင် ပြုလုပ်ပေးပါလိမ့်မယ်။ ဆံပင်ကျန်းမာရေး ရေဓာတ်ပြည့်ဝခြင်းက သင့်အသားအရည်ကိုစိုပြေဝင်းပစေရုံမက သင့်ဆံပင်ကျန်းမာရေးကိုလည်း ကောင်းကျိုးပေးပါသေးတယ်။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာမရှိဘူးဆိုရင် သင့်ဆံပင်က အားနည်းလာပြီး ကျိုးပဲ့ပျက်စီးလွယ်ပါတယ်။ ရေသောက်တဲ့အလေ့အကျင့်ကို ဘယ်လိုမွေးမြူမလဲ ရေဓာတ်မှန်မှန်ဖြည့်ပေးခြင်းက အရေးကြီးပါတယ်။ ရေတစ်ဖန်ခွက်ကလေးသောက်ရုံနဲ့ သင့်အသားအရေစိုပြေဝင်းပလာပြီး ဆံသားလေးတွေလည်းထူထဲလာလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ အခြားအလေ့အကျင့်တွေကို မွေးမြူရသလိုပဲ ရေမှန်မှန်သောက်ခြင်းအလေ့အကျင့်ကိုလည်း မွေးမြူရပါမယ်။ သင်ဘယ်ကိုပဲသွားသွားရေဘူးတစ်ဘူး […]

ဦးနှောက်စွမ်းဆောင်ရည်ကို ရေသောက်ခြင်းဖြင့် မြှင့်တင်လိုက်ပါ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ကျန်းမာလှပချင်ရင် ရေများများသောက်ပါလို့ လူကြီးသူမတွေပြောတာ ကြားဖူးနားဝရှိပြီးသားဖြစ်ပါလိမ့်မယ်။ အမှန်တကယ်တော့ ရေသောက်ခြင်းက ကျန်းမာလှပစေရုံသာမက အခြားကောင်းကျိုး အမြောက်အမြားလည်းရရှိနိုင်ပါသေးတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရ ရေသောက်သုံးခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ ဘယ်လိုစမ်းသပ်ခဲ့ကြတာလဲ သုတေသနပညာရှင်တွေက အုပ်စု ၂ စုခွဲပြီး လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ ပထမအုပ်စုကို ရေမတိုက်တဲ့အခါ ဘာကိုတွေ့ရှိခဲ့လဲဆိုရင် ရေဆာလာတဲ့အခါ မှတ်ဥာဏ်စွမ်းအားလျော့ကျလာပြီး စိုးရိမ်စိတ်လှုပ်ရှားမှုတွေတိုးမြင့်လာတယ်၊ စိတ်ဓာတ်ကျမှုတွေတိုးမြှင့်လာပြီးတော့ စွမ်းအင်တွေလည်း လျော့နည်းသွားပါတယ်။ ရေသောက်တဲ့အုပ်စုကျတော့ ရေသောက်လိုက်တဲ့အချိန်မှာ မှတ်ဥာဏ်စွမ်းအားနဲ့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေ တိုးမြှင့်လာတယ် အာရုံစိုက်နိုင်စွမ်းမြင့်မားလာတာကို တွေ့ရှိခဲ့ကြတယ်။ ရေလုံလောက်စွာ မသောက်သုံးခြင်းက ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကစဥ့်ကလျားဖြစ်စေပါတယ်။ ဦးနှောက်ကို အစာကျွေးပါ ရေကခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်အားလုံးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ဦးနှောက်တစ်သျှူးလေးတွေဆီရောက်ရှိအောင် ရေကသယ်ယူပို့ဆောင်ပေးပါတယ်။ ဒါ့ကြောင့်တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစွာရရှိနေခြင်းက ဦးနှောက်ကိုအားဖြည့်နည်းတစ်မျိုးပါပဲ။ တစ်နေ့ကို ယေဘုယျအားဖြင့် ရေ […]

လေ့ကျင့်ခန်းမလုပ်ချင်ဘူးဆိုတဲ့ မိန်းကလေးတွေ ဝမ်းဗိုက်ချပ်ချပ်လေးရအောင် ရေဘယ်လိုသောက်မလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းနဲ့ ကယ်လိုရီနည်းတဲ့အစာစားခြင်းက ချပ်ကပ်နေတဲ့ဝမ်းဗိုက်လေးရအောင် ပြုလုပ်ပေးပါတယ်။ လေ့ကျင့်ခန်းက သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး ကယ်လိုရီတွေလောင်ကျွမ်းအောင် ပြုလုပ်ပေးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ကယ်လိုရီနည်းတဲ့အစာစားသုံးခြင်းနဲ့ ထိန်းမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းသွားအောင်ပိုပြီး တွန်းအားပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့် သင်လိုချင်တဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်စေမှာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မပေးနိုင်တဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးရှိပါသေးတယ်။ အဲဒါကတော့ ရေသောက်ခြင်းပါပဲ။ ရေဟာလည်း လေ့ကျင့်ခန်းပြုလုပ်သလိုပဲ သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး သင်စားသုံးလိုက်တဲ့ကယ်လိုရီပမာဏကို လျော့ချပေးပြီး အဆီတွေလောင်ကျွမ်းသွားအောင်လို့ ကူညီပေးပါတယ်။ အဆင့် ၁ ရေခဲရေသောက်ခြင်းက သင့်ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပါတယ်။ သင့်ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး အဆီတွေကိုလောင်ကျွမ်းပေးဖို့အတွက် အေးနေတဲ့ရေကို ပူနွေးအောင်ပြုလုပ်ပေးရပါတယ်။ တစ်နေ့ကို ရေခဲရေ ၈ ခွက် သောက်သုံးပေးခြင်းက ကယ်လိုရီတွေကိုလောင်ကျွမ်းပေးပြီး သင့်ဝမ်းဗိုက်လေးကို ပြားချပ်အောင်ပြုလုပ်ပေးပါလိမ့်မယ်။ အဆင့် ၂ သကြားဓာတ်လွန်ကဲတဲ့ အချိုရည်တွေ၊ ကယ်လိုရီပမာဏများစွာပါဝင်တဲ့အချိုရည်တွေ သောက်သုံးမယ့်အစား […]

    Cart