လေ့ကျင့်ခန်းမလုပ်ချင်ဘူးဆိုတဲ့ မိန်းကလေးတွေ ဝမ်းဗိုက်ချပ်ချပ်လေးရအောင် ရေဘယ်လိုသောက်မလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းနဲ့ ကယ်လိုရီနည်းတဲ့အစာစားခြင်းက ချပ်ကပ်နေတဲ့ဝမ်းဗိုက်လေးရအောင် ပြုလုပ်ပေးပါတယ်။ လေ့ကျင့်ခန်းက သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး ကယ်လိုရီတွေလောင်ကျွမ်းအောင် ပြုလုပ်ပေးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ကယ်လိုရီနည်းတဲ့အစာစားသုံးခြင်းနဲ့ ထိန်းမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းသွားအောင်ပိုပြီး တွန်းအားပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့် သင်လိုချင်တဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်စေမှာပါ။

ဒါပေမယ့် လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မပေးနိုင်တဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးရှိပါသေးတယ်။ အဲဒါကတော့ ရေသောက်ခြင်းပါပဲ။ ရေဟာလည်း လေ့ကျင့်ခန်းပြုလုပ်သလိုပဲ သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး သင်စားသုံးလိုက်တဲ့ကယ်လိုရီပမာဏကို လျော့ချပေးပြီး အဆီတွေလောင်ကျွမ်းသွားအောင်လို့ ကူညီပေးပါတယ်။

အဆင့် ၁

ရေခဲရေသောက်ခြင်းက သင့်ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပါတယ်။ သင့်ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး အဆီတွေကိုလောင်ကျွမ်းပေးဖို့အတွက် အေးနေတဲ့ရေကို ပူနွေးအောင်ပြုလုပ်ပေးရပါတယ်။ တစ်နေ့ကို ရေခဲရေ ၈ ခွက် သောက်သုံးပေးခြင်းက ကယ်လိုရီတွေကိုလောင်ကျွမ်းပေးပြီး သင့်ဝမ်းဗိုက်လေးကို ပြားချပ်အောင်ပြုလုပ်ပေးပါလိမ့်မယ်။

အဆင့် ၂

သကြားဓာတ်လွန်ကဲတဲ့ အချိုရည်တွေ၊ ကယ်လိုရီပမာဏများစွာပါဝင်တဲ့အချိုရည်တွေ သောက်သုံးမယ့်အစား ရေသောက်ပေးပါ။ သင် အချိုရည် ၂ ခွက်သောက်မယ့်အစား ရေသောက်လိုက်တယ်ဆိုရင် သင်ဟာ အနည်းဆုံး ကယ်လိုရီ ၂၀၀ ခန့်ကို ရှောင်ကြဉ်ပြီးသားဖြစ်ပါလိမ့်မယ်။

အဆင့် ၃

အစားမစားခင်တိုင်း ရေ ၂ ခွက်သောက်သုံးပါ။ အစားမစားခင်ရေသောက်ခြင်းက သင့်ကို လျင်မြန်စွာ ဗိုက်ဝစေပြီး သင့်စားသုံးမယ့် ကယ်လိုရီပမာဏကို လျော့ချပြီးသားဖြစ်ပါလိမ့်မယ်။

အဆင့် ၎

လက်ဖက်ရည်ကြမ်းကို လက်ဖက်ခြောက်၊ ဒါမှမဟုတ် လက်ဖက်စိမ်းခပ်သောက်ပါ။  အဲ့ဒီလို ပုံမှန်သောက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ကအဆီတွေကို လျော့ကျစေမှာဖြစ်ပြီး ပြားချပ်တဲ့ဝမ်းဗိုက်လေးပိုင်ဆိုင်စေမှာပါ။ ကယ်လိုရီများများလောင်ကျွမ်းပြီး အာနိသင်မြန်မြန်ပြစေချင်တယ်ဆိုရင်တော့ ရိုးရိုးရေအစား ရေခဲရေနဲ့ သောက်သုံးပေးပါ။ သကြားသုံးစွဲခြင်းကိုလည်း ရှောင်ကြည်ပါ။ သကြားအစားကယ်လိုရီမပါတဲ့ ချိုတဲ့အရာကို အစားထိုးအသုံးပြုပါ။

ဒီနည်းလမ်းလေးမျိုးကို လိုက်နာပြီး ရေသောက်ပေးမယ်ဆိုရင်တော့ ချပ်ကပ်နေတဲ့ ဝမ်းဗိုက်လေးကို ရရှိမှာအမှန်ပါပဲ။

    Cart