ရေသောက်ခြင်းက ဝက်ခြံနဲ့ အမည်းစက်တွေကို ပျောက်စေနိုင်သလား

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ရေအမြောက်အများသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးအမြောက်အများပေးနိုင်သလို သင့်အသားအရေကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ သွေးကြော၊ သွေးဖြူဥဆဲလ်၊ အကျိအချွဲနဲ့ အခြားသောအစိတ်အပိုင်းထဲမှာ ရေကလှည့်ပတ်သွားလာရခြင်း အကြောင်းအရင်းနှစ်ချက်ရှိပါတယ်။ တစ်ချက်က အာဟာရနဲ့ ဗီတာမင်ဓာတ်ကို သယ်ယူပို့ဆောင်ပေးဖို့နဲ့ နောက်တစ်ချက်ကတော့ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပေးဖို့ပါပဲ။

အရေပြားက လူ့ခန္ဓာကိုယ်မှာအကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး လုံလောက်သောရေမသောက်သုံးဘူးဆိုရင် အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ရေဓာတ်လုံလောက်စွာမရှိတဲ့အခါ ဘက်တီးရီးယားတွေက သင့်အရေပြားပေါ်မှာ ပိတ်လှောင်နေပြီး ဝက်ခြံနဲ့ အမဲစက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းဟာလည်း ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခံစားရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါပဲ။

ရေများများသောက်ပါ

သင့်မျက်နှာပေါ်ကအမည်းစက်နဲ့ ဝက်ခြံတွေကိုဖယ်ရှားပေးမယ့် သဘာဝနည်းလမ်းလေးကတော့ ရေများများသောက်ခြင်းပါပဲ။ ရေဆာတဲ့အချိန်မှာ သကြားဓာတ်လွန်ကဲစွာပါဝင်တဲ့ အချိုရည်တွေသောက်သုံးခြင်းက အမည်းစက်လေးတွေကို တာရှည်အောင်ပြုလုပ်နေသလိုပါပဲ။ ဒါ့ကြောင့် ရေဆာတဲ့အချိန်မှာ ရေသောက်သုံးခြင်းက မျက်နှာပေါ်က အမည်းစက်လေးတွေကို ဖယ်ရှားပေးမယ့်အပြင် ကိုယ်အလေးချိန်ထိန်းညှိပြီးသားလည်းဖြစ်ပါတယ်။

တစ်နေ့ကို ရေ ၁၁ ခွက် သောက်ပါ

အမျိုးသမီးလေးတွေက တစ်နေ့ကို အနည်းဆုံး ရေ ၉ ခွက် သောက်သုံးသင့်ပြီး အမျိုးသားများကတော့ တစ်နေ့ကို ရေ ၁၃ ခွက် သောက်သုံးပေးရပါမယ်။ ယေဘုယျအနေနဲ့တွက်ကြည့်မယ်ဆို လူတစ်ယောက်က တစ်နေ့ကို ရေ ၁၁ ခွက်သောက်ပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်နဲ့အသားအရေက သင့်ကိုကျေးဇူးတင်နေပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် သင့်အသားအရေကျန်းမာရေးအတွက် အမြဲတမ်းရေဓာတ်ပြည့်ဝစွာရရှိသင့်ပါတယ်။ ရေဓာတ်ပြည့်ဝခြင်းကြောင့် အသားအရည်အစိုဓာတ်ကိုထိန်းသိမ်းပေးထားပြီး မလိုလားအပ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ ဝက်ခြံနဲ့အမည်းစက်တွေကို ပျောက်ကင်းစေမှာ အမှန်ပါပဲ။ ရေများများသောက်ခြင်းအပြင် အသားအရေကို Treatment လေးတွေနဲ့ ပုံမှန်ထိန်းသိမ်းပေးမယ်ဆိုရင်တော့ ကိုရီးယားမလေးတွေလို ချောမွေ့နူးညံ့တဲ့အသားအရေကို ပိုင်ဆိုင်စေမှာ အမှန်ပါပဲ။

    Cart