လူသားတွေရဲ့ခန္ဓာကိုယ်အတွက် ရေကဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နေသလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ရေဓာတ်ပြည့်ဝစွာရရှိခြင်းက ကျန်းမာတဲ့ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့နေ့၊ ချွေးအလွန်အကျွံထွက်တဲ့နေ့တွေမှာ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ ရေက လူသားတွေရဲ့ခန္ဓာကိုယ်အတွက် မတူညီတဲ့လုပ်ငန်းဆောင်တာအမျိုးမျိုးကို လုပ်ဆောင်ပေးပါတယ်။ ဥပမာ- အာဟာရဓာတ်တွေကို ဖြန့်ဝေပေးခြင်း၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း၊ အဆိပ်အတောက်အညစ်အကြေးများကို ဖယ်ရှားပေးခြင်း စတဲ့လုပ်ငန်းအသီးသီးကိုလုပ်ဆောင်ပါတယ်။

ရေ၏တာဝန် (၅) ချက်

ဆဲလ်လေးတွေ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့ ရေက မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲ ရေရောက်ရှိသွားတဲ့အခါမှာ ဆဲလ်တွေနဲ့ ပူပေါင်းပြီးတော့ အလုပ်လုပ်ပေးပါတယ်။

နေ့စဉ်စားသုံးလိုက်တဲ့အစားအစာထဲမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒြိုက်ဓာတ်တွေကို ရေကဖြိုခွဲပေးပြီး သူ့အုပ်စုနဲ့သူပေါင်းစည်းသွားအောင် ဆောင်ရွက်ပေးပါတယ်။

ပတ်ဝန်းကျင်အပူချိန်က ခန္ဓာကိုယ်အပူချိန်ထက်ပို ပူနေရင် ခန္ဓာကိုယ်ထဲမှအပူတွေကို ထုတ်လွှတ်ပေးပြီး ညီညွှတ်မျှတအောင်ပြုလုပ်ပေးပါတယ်။

သွေးထဲမှာ အဓိကပါဝင်တဲ့ရေက အာဟာရဓာတ်တွေကို သက်ဆိုင်ရာဆဲလ်အသီးသီးစီကို ရောက်ရှိအောင် သယ်ယူပို့ဆောင်ပေးတယ်။

ဆီးမှတစ်ဆင့် အညစ်အကြေးနဲ့ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားရာ၌ ရေကကူညီပေးပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ရေပါဝင်မှုနှုန်း

သင့်တင့်မျှတတဲ့ရာသီဥတုမှာ နေထိုင်ပြီး လေ့ကျင့်ခန်းမပြုလုပ်ပေမယ့် ကျန်းမာတဲ့သူတစ်ယောက်က တစ်နေ့ကို ရေတစ်လီတာခွဲသောက်သုံးသင့်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အချို့အင်္ဂါအစိတ်အပိုင်းတွေမှာ ရေဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကျောက်ကပ်မှာ ရေဓာတ်ပါဝင်မှုနှုန်း ၇၉ ရာခိုင်နှုန်း၊ နှလုံး ၇၃ ရာခိုင်နှုန်း၊ အဆုတ် ၈၃ ရာခိုင်နှုန်း၊ ဦးနှောက် ၇၃ ရာခိုင်နှုန်း၊ အသည်း ၇၁ ရာခိုင်နှုန်း၊ အရေပြား ၆၄ ရာခိုင်နှုန်း၊ အရိုး ၃၁ ရာခိုင်နှုန်း၊ သွားတစ်သျှူးမှာ ၁၀ ရာခိုင်နှုန်း အသီးသီးပါဝင်ပါတဲ့အတွက်ကြောင့် လူသားတွေရဲ့ခန္ဓာကိုယ်အတွက် ရေကဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နေသလဲဆိုတာကို သင်မှန်းဆနိုင်မှာပါ။

ဘာ့ကြောင့်ရေကိုပဲ ရွေးချယ်သောက်သုံးသင့်တာလဲဆိုတာကို သင်သိပါသလား

သန့်စင်တဲ့ရေက ကယ်လိုရီမပါ၊ သကြားဓာတ်မပါတဲ့အတွက်ကြောင့် ကောင်းမွန်တဲ့ရေဓာတ်ကို ရရှိဖို့အတွက်ရေတစ်မျိုးတည်းကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။

    Cart