ရေသောက်ခြင်းက ဝက်ခြံနဲ့ အမည်းစက်တွေကို ပျောက်စေနိုင်သလား

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ရေအမြောက်အများသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးအမြောက်အများပေးနိုင်သလို သင့်အသားအရေကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ သွေးကြော၊ သွေးဖြူဥဆဲလ်၊ အကျိအချွဲနဲ့ အခြားသောအစိတ်အပိုင်းထဲမှာ ရေကလှည့်ပတ်သွားလာရခြင်း အကြောင်းအရင်းနှစ်ချက်ရှိပါတယ်။ တစ်ချက်က အာဟာရနဲ့ ဗီတာမင်ဓာတ်ကို သယ်ယူပို့ဆောင်ပေးဖို့နဲ့ နောက်တစ်ချက်ကတော့ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပေးဖို့ပါပဲ။ အရေပြားက လူ့ခန္ဓာကိုယ်မှာအကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး လုံလောက်သောရေမသောက်သုံးဘူးဆိုရင် အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ရေဓာတ်လုံလောက်စွာမရှိတဲ့အခါ ဘက်တီးရီးယားတွေက သင့်အရေပြားပေါ်မှာ ပိတ်လှောင်နေပြီး ဝက်ခြံနဲ့ အမဲစက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းဟာလည်း ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခံစားရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါပဲ။ ရေများများသောက်ပါ သင့်မျက်နှာပေါ်ကအမည်းစက်နဲ့ ဝက်ခြံတွေကိုဖယ်ရှားပေးမယ့် သဘာဝနည်းလမ်းလေးကတော့ ရေများများသောက်ခြင်းပါပဲ။ ရေဆာတဲ့အချိန်မှာ သကြားဓာတ်လွန်ကဲစွာပါဝင်တဲ့ အချိုရည်တွေသောက်သုံးခြင်းက အမည်းစက်လေးတွေကို တာရှည်အောင်ပြုလုပ်နေသလိုပါပဲ။ ဒါ့ကြောင့် ရေဆာတဲ့အချိန်မှာ ရေသောက်သုံးခြင်းက မျက်နှာပေါ်က အမည်းစက်လေးတွေကို […]

လူသားတွေရဲ့ခန္ဓာကိုယ်အတွက် ရေကဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နေသလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ရေဓာတ်ပြည့်ဝစွာရရှိခြင်းက ကျန်းမာတဲ့ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့နေ့၊ ချွေးအလွန်အကျွံထွက်တဲ့နေ့တွေမှာ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ ရေက လူသားတွေရဲ့ခန္ဓာကိုယ်အတွက် မတူညီတဲ့လုပ်ငန်းဆောင်တာအမျိုးမျိုးကို လုပ်ဆောင်ပေးပါတယ်။ ဥပမာ- အာဟာရဓာတ်တွေကို ဖြန့်ဝေပေးခြင်း၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း၊ အဆိပ်အတောက်အညစ်အကြေးများကို ဖယ်ရှားပေးခြင်း စတဲ့လုပ်ငန်းအသီးသီးကိုလုပ်ဆောင်ပါတယ်။ ရေ၏တာဝန် (၅) ချက် ဆဲလ်လေးတွေ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့ ရေက မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲ ရေရောက်ရှိသွားတဲ့အခါမှာ ဆဲလ်တွေနဲ့ ပူပေါင်းပြီးတော့ အလုပ်လုပ်ပေးပါတယ်။ နေ့စဉ်စားသုံးလိုက်တဲ့အစားအစာထဲမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒြိုက်ဓာတ်တွေကို ရေကဖြိုခွဲပေးပြီး သူ့အုပ်စုနဲ့သူပေါင်းစည်းသွားအောင် ဆောင်ရွက်ပေးပါတယ်။ ပတ်ဝန်းကျင်အပူချိန်က ခန္ဓာကိုယ်အပူချိန်ထက်ပို ပူနေရင် ခန္ဓာကိုယ်ထဲမှအပူတွေကို ထုတ်လွှတ်ပေးပြီး ညီညွှတ်မျှတအောင်ပြုလုပ်ပေးပါတယ်။ သွေးထဲမှာ အဓိကပါဝင်တဲ့ရေက အာဟာရဓာတ်တွေကို သက်ဆိုင်ရာဆဲလ်အသီးသီးစီကို ရောက်ရှိအောင် သယ်ယူပို့ဆောင်ပေးတယ်။ ဆီးမှတစ်ဆင့် အညစ်အကြေးနဲ့ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားရာ၌ ရေကကူညီပေးပါတယ်။ […]

ရေမငတ်တဲ့အချိန်မှာတောင် ဘာ့ကြောင့်ရေသောက်သင့်သလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ရေသောက်ခြင်းက သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်အနေနဲ့ ပျမ်းမျှအားဖြင့်တစ်နေ့ကို ရေ (၁၄) ခွက် သောက်သုံးသင့်ပြီး အမျိုးသမီးတစ်ယောက်ကတော့ တစ်နေ့ကို (၁၂) ခွက်သောက်သုံးသင့်ပါတယ်။ ရေမဆာတဲ့အချိန်မှာတောင် ရေကိုပုံမှန်သောက်သုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကို ဖော်ပြပေးချင်ပါတယ်။ ကြွက်သားတွေအတွက်အားဖြည့်ပေးတယ် ခန္ဓာကိုယ်ထဲမှာ ပါရှိတဲ့ Electrolytes လို့ခေါ်တဲ့ လျှပ်လိုက်ပျော်ရည်ပါဝင်မှုနှုန်း မျှတနေဖို့ရန်အတွက် ကြွက်သားဆဲလ်လေးတွေက ရေလိုအပ်ပါတယ်။ ရေဓာတ်လုံလောက်စွာမရရှိရင် ဆဲလ်လေးတွေသေးငယ်ပြီး ကျုံ့သွားပြီးတော့ ကြွက်သားတွေရဲ့စွမ်းဆောင်နိုင်စွမ်းကို လျော့ကျသွားစေပါတယ်။ အသားအရေကြည်လင်တောက်ပစေတယ် သင့်ခန္ဓာကိုယ်ကရေဓာတ်ခမ်းခြောက်နေရင် သွေးလှည့်ပတ်နှုန်းကနှေးသွားပြီးတော့ အရေပြားက လုံလောက်တဲ့အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို မရရှိတော့ပါဘူး။ အသားအရေ အမြဲတမ်းစိုပြေဝင်းလက်နေစေဖို့ ရေသောက်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့သစ်သီးဝလံစားသုံးခြင်း၊ ထမင်းစားတဲ့အခါမှာစွပ်ပြုတ်သောက်ပေးခြင်း၊ တစ်နေ့ကို အနည်းဆုံးရေ (၈) ခွက်သောက်ပေးခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါ။ ကျောက်ကပ်ကျန်းမာရေးအတွက်ကောင်းမွန်တယ် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လုံလောက်စွာမရရှိရင် […]

ရေဓာတ်ခမ်းခြောက်ခြင်းမှကာကွယ်ရန် သိထားသင့်သောအချက်များ

in ကျန်းမာရေးအကြံပြုချက်, ရေဓာတ်ခမ်းခြောက်ခြင်း August 25, 2018

လူသားတွေရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာ မရရှိဘူးဆိုရင် သင့်ကိုရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးဖို့ အလိုအလျောက်အသိပေးတဲ့စနစ် ပါရှိပြီးသားဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က အချက်ပြလာပြီဆိုရင်တော့ သင်ရေဓာတ်ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ဘာ့ကြောင့် ရေငတ်ရသလဲ ရေငတ်တယ်ဆိုတာ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ချွေးထွက်ခြင်း၊ အသက်ရှူခြင်းနဲ့ ဆီးသွားခြင်းတွေကြောင့် ရေဓာတ်အနည်းဆုံး ၂ လီတာခွဲ ဆုံးရှုံးပါတယ်။  ရေသောက်ခြင်းနဲ့ အစားအစာတွေပြန်လည်စားသုံးပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရပါတယ်။ ခန္ဓာကိုယ်ထဲကို ရေဓာတ်ပြန်မဖြည့်ပေးဘူးဆိုရင် သွေးလွှတ်ကြောမကြီးနဲ့ နှလုံးအခန်းမှာ ဖိအားပေးတဲ့ စနစ်လေးရှိပါတယ်။ သူတို့ကဦးနှောက်ကိုအသိပေးပြီး ဆီးမှတစ်ဆင့် ဆီးမရွှင်စေတဲ့ဟော်မုန်းကို စုပ်ယူစေပြီး ရေဓာတ်ပြန်ဖြည့်ပေးပါတယ်။ ဒါ့ကြောင့် ရေဓာတ်နည်းတဲ့အခါမှာ ဆီးမရွှင်တော့ဘဲ ဆီးသွားတဲ့အခါ ဆီးအရောင်ရင့်ရင့်တွေသွားပါတယ်။ လူတိုင်းမှာ အချက်ပေးစနစ်က ကောင်းကောင်းအလုပ်လုပ်ရဲ့လား အသက်အရွယ်ကြီးရင့်တဲ့ အဘိုးအဘွားတွေမှာဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အလိုအလျောက်အချက်ပေးတဲ့စနစ်က အလုပ်လုပ်တာနှေးကွေးသွားပြီး ရေဓာတ်ကုန်ခမ်းတာကျော်လွန်သွားမှ ရေဆာတဲ့လက္ခဏာပြပါတယ်။ ငါတို့ကရေဆာတာ၊ ရေငတ်တာခပ်ရှားရှားရယ်လို့ […]

တစ်နေ့တာလုံးမှာ ရေဓာတ်ပြည့်ဝနေစေဖို့ ဘယ်လိုနေထိုင်ကြမလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ် (၆၀) ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားပါတယ်။ ချွေးထွက်ခြင်း၊ အသက်ရှူသွင်း၊ ရှူထုတ်ခြင်း၊ အပေါ့အလေးသွားခြင်းတို့ကြောင့် တစ်နေ့ကို ရေဓာတ် ၂ လီတာခွဲဆုံးရှုံးပါတယ်။ ဒါ့ကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ဖို့ တစ်နေ့ကို ရေတစ်လီတာခွဲသောက်သုံးပေးရပါမယ်။ ရေ ၂ လီတာခွဲဆုံးရှုံးသွားတာကို ဘာ့ကြောင့် တစ်လီတာခွဲပဲ ပြန်ဖြည့်ပေးရမှာလဲဆိုတာ မေးစရာရှိပါတယ်။ တစ်နေ့တာလုံးမှာ စားသုံးလိုက်တဲ့အစာတွေထဲက ရေဓာတ် (၀.၇) လီတာရရှိပြီးတော့ သင့်ခန္ဓာကိုယ်ထဲမှလည်း ရေဓာတ် (၀.၃) လီတာရရှိပါတယ်။ ဒါ့ကြောင့်မို့ ကျန်ရှိတဲ့ ရေဓာတ် (၁.၅) လီတာကိုသာ သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ဒါဟာ ရေ (၈) ခွက်ပမာဏနဲ့ ညီမျှပါတယ်။ ရေ (၈) ခွက်သောက်ရမယ့် တာဝန်ကို ဘယ်လိုပြီးမြောက်အောင် ဆောင်ရွက်မလဲ သင်က မနက်ခင်း (၈) နာရီမှာ […]

စိုပြေဝင်းမွတ်တဲ့ အသားအရေလေးပိုင်ဆိုင်ပြီး အမြဲတမ်းငယ်ရွယ်နုပျိုလှပနေခြင်း၏ လျှို့ဝှက်ချက်

in ကျန်းမာရေးအကြံပြုချက် August 25, 2018

နုပျိုလှပခြင်းရဲ့ အဓိကသော့ချက်က ရေသောက်ခြင်းဖြစ်တယ်လို့ မိန်းကလေးအများစုပြောတာ ကြားဖူးကြမှာပါ။ သိပ္ပံပညာရှင်များကလည်း ရေသောက်ခြင်းက အသားအရည်ကြည်လင်တောက်ပအောင် ပြုလုပ်ပေးပြီး ငယ်ရွယ်နုပျိုတဲ့ပုံပေါ်အောင် ပြုလုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။ ရေသောက်ခြင်းက အသားအရေကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲဆိုရင် ၁။ အစာမစားရသေးခင် ရေသောက်တဲ့အခါမှာ အူလမ်းကြောင်းကို သန့်စင်ပေးပြီး အသားအရေအတွက် ကောင်းကျိုးပေးမယ့် အာဟာရဓာတ်တွေကို စုပ်ယူရတာ ပို၍လွယ်ကူစေပါတယ်။ ၂။ ရေသောက်ခြင်းက ပျက်စီးသွားတဲ့ ဆဲလ်အဟောင်းလေးတွေနေရာမှာ အသားအရေကျန်းမာရေးကို ကူညီပံ့ပိုးပေးမယ့် ဆဲလ်အသစ်လေးတွေပြန်လည်ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးပါတယ်။ ၃။ မနက်အိပ်ရာနိုးနိုးချင်းမှာ ရေအေးတစ်ခွက်သောက်ပေးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ရေသောက်ခြင်းက ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျော့ချပေးပါတယ်။ ၄။ ရေသောာက်ပေးခြင်းက သင့်သွေးထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သင့်အသားအရေကို  ကြည်လင်ချောမွေ့တောက်ပြောင်နေအောင် ပြုလုပ်ပေးပါတယ်။ ၅။ ရေသောက်ခြင်းက သွေးဖြူဥလေးတွေ ညီညွှတ်မျှတအောင်ပြုလုပ်ပေးပါတယ်။ […]

အိပ်ရာမဝင်ခင်ရေသောက်ခြင်းက ခန္ဓာကိုယ်အလေးချိန်ကျစေနိုင်သလား

in ကျန်းမာရေးအကြံပြုချက် August 24, 2018

ရေသောက်ခြင်းက ရေငတ်ပြေစေနိုင်သလို၊ သင့်ကျန်းမာရေးအတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ရေသောက်ခြင်းက သင့်ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးရုံမက သင့်ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဆီးမှတစ်ဆင့်စွန့်ထုတ်ပေးပါတယ်။ ရေကိုမှန်ကန်တဲ့အချိန်မှာ သောက်သုံးပေးမယ်ဆိုရင် သင့်အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတာမို့လို့ သင့်ခန္ဓာကိုယ်အလေးချိန်ကျအောင် ကူညီပေးပါတယ်။ ဒါပေမယ့် ညအိပ်ရာဝင်ခါနီးအချိန်ကတော့ ရေကိုလောဘတကြီး မသောက်သုံးသင့်ပါဘူး။ ရေနှင့် ခန္ဓာကိုယ်အလေးချိန် လျော့ချမှု ရေက သင့်ကိုယ်အလေးချိန်ကျအောင် ပြုလုပ်ပေးနိုင်တဲ့ ထူးကဲတဲ့ဂုဏ်သတ္တိမရှိပေမယ့် သင့်အစားစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး သင့်အစာအိမ်အတွက် ကောင်းမွန်ပါတယ်။ အစားမစားခင် ရေနှစ်ခွက်သောက်သုံးပေးတဲ့သူတွေက အစားမစားခင် ရေလုံးဝမသောက်သူတွေထက် ကိုယ်အလေးချိန်သိသိသာသာကျတယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ အိပ်ရာမဝင်ခင် ရေသောက်ခြင်း ရေသောက်ခြင်းဖြင့် ကယ်လိုရီပမာဏကို ထိန်းချုပ်နိုင်ပါတယ်။ တစ်နေ့တာလုံးမှာ ရေကိုပုံမှန်လုံလောက်စွာသောက်သုံးပေးခြင်းက ကယ်လိုရီများတဲ့အစားအစာတွေ၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအစာတွေကို မစားသုံးမိအောင်ကူညီပေးပါတယ်။ သင် ညအိပ်ရာဝင်ခါနီးမှာ ရေခဲမုန့်၊ ကွတ်ကီးစတဲ့ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေ စားချင်စိတ်ဖြစ်ပေါ်လာပြီဆိုရင် […]

အားကစားသမားများနှင့် ရေသောက်ခြင်း

in ကျန်းမာရေးအကြံပြုချက် August 22, 2018

သင်က ကျွမ်းကျင်အားကစားသမားတစ်ယောက်ပဲဖြစ်ဖြစ်၊ အပန်းပြေရုံသပ်သပ်ဆော့တဲ့ အပျော်တမ်းအားကစားသမားပဲဖြစ်ဖြစ် ရေဓာတ်လုံလောက်စွာရရှိဖို့က လိုအပ်ပါတယ်။ အားကစားမလုပ်ခင်အချိန်၊ လုပ်နေစဉ်နဲ့ အားကစားလုပ်ပြီးတဲ့အချိန်တွေမှာ ကောင်းမွန်တဲ့ ရေဓာတ်ရရှိဖို့လိုအပ်ပါတယ်။ အဲ့ဒါမှလည်း သင့်စွမ်းအင်ပမာဏကိုတိုးမြှင့်ပေးဖို့အတွက် လုံလောက်တဲ့အာဟာရဓာတ်ကို ရေက သယ်ယူပို့ဆောင်ပေးပြီး ကျန်းမာနေစေမှာပါ။ အကယ်၍သင်က ရေဓာတ်ခမ်းခြောက်နေရင် သင့်ခန္ခာကိုယ်က ဘာမှလုပ်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။ အားကစားလုပ်နေစဉ်နဲ့ လုပ်ပြီးတဲ့နောက်မှာ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်မဖြည့်ပေးဘူးဆိုရင် ခန္ခာကိုယ်က ပင်ပန်းနွမ်းနယ်နေမယ်။ ကြွက်တက်မယ်။ မူးဝေပြီးတော့ အခြားပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ရေဓာတ်လုံလောက်စွာ ရှိရဲ့လားဆိုတာ ဘယ်လိုစစ်မလဲ သင့်ခန္ဓာကိုယ်က ရေဓာတ်လုံလောက်ရဲ့လားဆိုတာကို သင့်ဆီးကို စစ်ကြည့်ပါ။ သင်ဆီးသွားတဲ့အခါမှာ ဆီးအရောင်က အရောင်မရှိဘူး၊ ဒါမှမဟုတ် အဝါရောင်အဖျော့ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ သင့်ဆီးအရောင်က အဝါရောင်ရင့်ရင့်၊ ဒါမှမဟုတ် ပယင်းရောင်ဖြစ်နေရင်တော့ သင်ရေဓာတ်ခမ်းခြောက်နေပါတယ်။ အားကစားလုပ်နေချိန် ရေပမာဏဘယ်လောက်သောက်ရမလဲ လူတစ်ယောက်နဲ့ […]

ရေအမြဲတမ်းသောက်သုံးခြင်းကြောင့် ကောင်းသောအကျိုးသက်ရောက်မှုများ

in ကျန်းမာရေးအကြံပြုချက် August 22, 2018

လူ့ခန္ဓာကိုယ်ကို ရေပမာဏ (၆၀) ရာခိုင်နှုန်းခန့်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ သင့်ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်အညစ်အကြေးတွေကို ဖယ်ရှားပေးဖို့အတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲက တစ်သျှူးတွေကိုလည်း စိုစွတ်စေပြီး၊ ဆဲလ်များဆီသို့ လိုအပ်တဲ့အာဟာရဓာတ်တွေရရှိအောင် ရေက သယ်ယူပို့ဆောင်ပေးပါတယ်။ သင့်သွားလေးတွေ ခိုင်မာဖို့အတွက် ကူညီပေးသလို၊ သင့်အစားစားချင်စိတ်ကိုထိန်းချုပ်ပေးပြီး အစာအိမ်အတွက်လည်း ကူညီထောက်ပံ့ပေးပါတယ်။ အမျိုးသားတွေက တစ်နေ့ကို ရေ (၁၃) ခွက်သောက်ပေးဖို့ လိုအပ်ပြီး အမျိုးသမီးတွေကတော့ တစ်နေ့ကို ရေ (၉) ခွက်သောက်သုံးသင့်ပါတယ်။ ဒါပေမယ့် ရာသီဥတုအရမ်းပူနေရင်၊ အားကစားပုံမှန်လုပ်တဲ့သူတွေကတော့ ရေဓာတ်များများပြန်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ ရေအမြဲတမ်းသောက်သုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက- သွားလေးတွေကို ခိုင်မာစေတယ် အစားစားပြီးတိုင်းသွားတိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါ့အပြင် သွားခဏခဏတိုက်မယ်ဆိုရင် သွားကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် အစားစားပြီးတိုင်း ပလုပ်သေချာကျင်းမယ်ဆိုရင် သင့်သွားကို ဒုက္ခပေးနိုင်တဲ့ အစာအကြွင်းအကျန်တွေ၊ […]

အလုပ်ကြိုးစားတဲ့ အလုပ်ကြမ်းပိုးလေးတွေအတွက် မမေ့မလျော့အောင်ရေသောက်နည်း

in ကျန်းမာရေးအကြံပြုချက် August 22, 2018

ရေသောက်ခြင်းက သင့်စွမ်းအင်ပမာဏကိုလည်း တိုးမြှင့်ပေးရုံမကဘဲ အသားအရေစိုပြေလှပအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ ရေသောက်ခြင်းကြောင့် ကျန်းမာရေးကောင်းကျိုးတွေရနိုင်သလို ရေလုံလုံလောက်လောက်မသောက်ဘူးဆိုရင်တော့ ဆိုးကျိုးတွေကလည်း မနည်းမနောပါပဲ။ စာလုပ်နေရင်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်ပဲဖြစ်ဖြစ် လုပ်လက်စအလုပ်ပျက်သွားမှာစိုးလို့ တကူးတကရေ ထမသောက်တော့ပဲ ရေသောက်ဖို့မေ့သွားတာလည်း ခဏခဏဖြစ်ဖူးမှာပါနော်။ အဲ့လိုရေသောက်ဖို့မမေ့အောင်လို့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ရအောင်နော်။ ၁။ Alarm ပေးထားမယ် ရေသောက်ဖို့မမေ့အောင် သင့်ဖုန်းနဲ့ Alarm ပေးထားလိုက်ပါ။ ဖုန်းကနေ Alarm မြည်လာပြီဆိုရင် သင့်ကွန်ပြူတာရှေ့ကနေ ခဏထပြီး မျက်လုံးအနားပေးကာ အညောင်းပြေအညာပြေလျှောက်ပြီး ရေသွားသောက်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် သင့်အလုပ်စားပွဲကနေ အကြာကြီးထိုင်နေလို့ အညောင်းမိတာကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်အတွက်လည်း လိုအပ်တဲ့ ရေပမာဏရအောင် ကူညီပေးပါတယ်။ ၂။ သင့်ရေဘူးကို ရေသောက်ချင်စရာဖြစ်အောင် ဖန်တီးပါ။ သင့်ရေဘူးကို ချစ်စရာကောင်းတဲ့ပုံ၊ စတိုင်ကျတဲ့ပုံဖြစ်အောင် ပြောင်းလဲဖန်တီးပြီး သင့်မျက်စိရှေ့ အလုပ်စားပွဲ၊ […]

    Cart