ရေအမြဲတမ်းသောက်သုံးခြင်းကြောင့် ကောင်းသောအကျိုးသက်ရောက်မှုများ

in ကျန်းမာရေးအကြံပြုချက် August 22, 2018

လူ့ခန္ဓာကိုယ်ကို ရေပမာဏ (၆၀) ရာခိုင်နှုန်းခန့်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ သင့်ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်အညစ်အကြေးတွေကို ဖယ်ရှားပေးဖို့အတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲက တစ်သျှူးတွေကိုလည်း စိုစွတ်စေပြီး၊ ဆဲလ်များဆီသို့ လိုအပ်တဲ့အာဟာရဓာတ်တွေရရှိအောင် ရေက သယ်ယူပို့ဆောင်ပေးပါတယ်။ သင့်သွားလေးတွေ ခိုင်မာဖို့အတွက် ကူညီပေးသလို၊ သင့်အစားစားချင်စိတ်ကိုထိန်းချုပ်ပေးပြီး အစာအိမ်အတွက်လည်း ကူညီထောက်ပံ့ပေးပါတယ်။

အမျိုးသားတွေက တစ်နေ့ကို ရေ (၁၃) ခွက်သောက်ပေးဖို့ လိုအပ်ပြီး အမျိုးသမီးတွေကတော့ တစ်နေ့ကို ရေ (၉) ခွက်သောက်သုံးသင့်ပါတယ်။ ဒါပေမယ့် ရာသီဥတုအရမ်းပူနေရင်၊ အားကစားပုံမှန်လုပ်တဲ့သူတွေကတော့ ရေဓာတ်များများပြန်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ ရေအမြဲတမ်းသောက်သုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက-

သွားလေးတွေကို ခိုင်မာစေတယ်

အစားစားပြီးတိုင်းသွားတိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါ့အပြင် သွားခဏခဏတိုက်မယ်ဆိုရင် သွားကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် အစားစားပြီးတိုင်း ပလုပ်သေချာကျင်းမယ်ဆိုရင် သင့်သွားကို ဒုက္ခပေးနိုင်တဲ့ အစာအကြွင်းအကျန်တွေ၊ အစာနဲ့အတူပါဝင်တဲ့ အက်စစ်ဓာတ်တွေ၊ ဘက်တီးရီးယားတွေက အဝေးကိုလွှင့်စင်သွားမှာပါ။ ကျန်းမာလှပခိုင်ခံ့တဲ့သွားလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အစားစားပြီးတိုင်း ပလုပ်ကျင်း၊ ရေသောက်ရပါမယ်။

အစာချေစနစ်ကိုကူညီပေးတယ်

အစာချေစနစ်ကို ပုံမှန်ဖြစ်စေဖို့အတွက် ခန္ခာကိုယ်ထဲမှာ ရေဓာတ်လုံလောက်စွာရှိရပါမယ်။ အူလမ်းကြောင်းမှာရှိတဲ့ မကောင်းတဲ့အဆိပ်တောက်အညစ်ကြေးတွေကို အမျှင်လေးတွေကဖယ်ရှားပေးပါတယ်။ အဲ့ဒီအမျှင်လေးတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ ရေမရှိမဖြစ်လိုအပ်ပါတယ်။ ဒါမှလည်း သင့်အူလမ်းကြောင်းထဲက အကျိအချွဲလေးတွေကို နူးညံ့စိုစွတ်အောင်ပြုလုပ်ပေးပြီး အူလမ်းကြောင်းကိုကာကွယ်ပေးမှာပါ။ ဒါ့ကြောင့် သင့်ခန္ခာကိုယ်မှာ ရေဓာတ်မလုံမလောက်တာက သင့်အစာအိမ်အတွက် မကောင်းပါဘူး။

ဗိုက်ပြည့်အောင်ကူညီပေးတယ်

အစားမစားခင်ရေသောက်ပေးမယ်ဆိုရင် ကယ်လိုရီပမာဏမတိုးပဲနဲ့ အစာမစားခင်ကတည်းက ဗိုက်ပြည့်စေမှာပါ။ လေ့လာတွေ့ရှိချက်အရ အစားမစားခင် ရေသောက်တဲ့သူတွေက ရက်သတ္တပတ် (၁၂) ပတ်ကြာတဲ့အခါမှာ ကိုယ်အလေးချိန် (၅) ပေါင်လျော့ကျသွားပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူတွေက အစားမစားခင် ရေပုံမှန်သောက်သုံးသင့်ပါတယ်။

    Cart