ရေကိုအသုံးပြုပြီး အဆိပ်ဖြေကာ ကိုယ်အလေးချိန်ချနည်း (၂) မျိုး

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက် August 27, 2018

ရေများများသောက်သုံးခြင်းက ကိုယ်အလေးချိန်ထိန်းညှိပေးဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပိုမြန်ဆန်ထိရောက်တဲ့နည်းလမ်းကို သုံးချင်တယ်ဆိုရင်တော့ ရေနဲ့အဆိပ်ဖြေခြင်းပဲဖြစ်ပါတယ်။ ရေနဲ့အဆိပ်ဖြေခြင်းနည်းလမ်း (၂) မျိုးကို ဖတ်ပြီးတဲ့နောက်မှာ ဝမ်းဗိုက်ချပ်ချပ်လေးရအောင် လိုက်လုပ်ကြည့်ရအောင်နော်။ ၁။ သခွား သံပုယိုရည် ပါဝင်ပစ္စည်းများ သခွားသီး နှစ်လုံး၊ သံပုယိုသီးတစ်လုံး၊ ပင်စိမ်းရွက်အနည်းငယ်၊ ရေ တစ်ကရား ပြုလုပ်နည်း သခွားသီး၊ သံပုယိုသီးနဲ့ ပင်စိမ်းရွက်များကို ရေစင်အောင်ဆေးပါ။ သခွားသီးနဲ့ သံပုယိုသီးကို ပါးပါးလှီးပြီး ရေကရားထဲထည့်ပါ။ ပင်စိမ်းရွက်လည်းထည့်လိုက်ပါ။ ရေခဲသေတ္တာထဲတွင် တစ်ညထည့်ထားပြီး နောက်တစ်နေ့မနက်ကစပြီး သောက်သုံးနိုင်ပါပြီ။ အကျိုးအာနိသင်များ သံပုယိုသီးက အစာချေစနစ်ကိုကူညီပေးပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ဗီတာမင်စီက အသားအရေကို ကြည်လင်တောက်ပလာအောင် ပြုလုပ်ပေးပါလိမ့်မယ်။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ဝမ်းဗိုက်ချပ်ချပ်လေးကို ရရှိစေမှာပါ။ ၂။ စတော်ဘယ်ရီ သံပုယိုရည် ပါဝင်ပစ္စည်းများ သန့်ရှင်းလတ်ဆတ်သော […]

အသက်အရွယ်ကြီးရင့်သော ဘိုးဘိုးဘွားဘွားများ ရေဓာတ်မခမ်းခြောက်အောင် ဘယ်လိုနေထိုင်သင့်သလဲ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း August 27, 2018

ရေသောက်ခြင်းက ကလေးလေးကအစ၊ လူငယ်လူရွယ် အလယ်၊ အသက်အရွယ်ရပြီးဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေအထိပါ အရေးကြီးပါတယ်။ ကလေးငယ်လေးတွေကိုတော့ မိဘတွေက စောင့်ရှောက်ကြရတာတောင်မှ ရေသောက်ဖို့ မနည်းတိုက်တွန်းနေရတာပါ။ ဘိုးဘိုးဘွားဘွားတွေကိုကျပြန်တော့ တစ်ခါတစ်ရံမှာ ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ဘိုးဘိုးဘွားဘွားတွေက အသက်အရွယ်အရ အားနည်းနေကြတာမို့လို့ မိသားစုဝင်တွေကပဲဖြစ်ဖြစ် သူတို့ကိုပြုစုစောင့်ရှောက်ပေးသင့်ပါတယ်။ ဘိုးဘိုးဘွားဘွားတွေက ရေဆာတယ်လို့မပြောတာနဲ့ပဲ၊ လူငယ်တွေလို တက်တက်ကြွကြွမရှိတာနဲ့ပဲ ရေဓာတ်မခမ်းခြောက်ဘူးလို့ မထင်ပါနဲ့။ ကျန်းမာသန်စွမ်းတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဟာ တစ်နေ့ကို ရေတစ်လီတာခွဲသောက်သုံးပေးဖို့လိုအပ်ပါတယ်။ အပူလှိုင်းဖြတ်တဲ့နေ့မျိုး၊ အပူလွန်ကဲတဲ့နေ့မျိုးမှာ ရေများများသောက်ဖို့လိုအပ်ပါတယ်။ ရေများများသောက်ဖို့တွန့်ဆုတ်မနေသင့်ပါဘူး။ ဘိုးဘိုးဘွားဘွားတွေက ရေတိုက်ရတာ ခက်ခဲတယ်ဆိုရင် ရေနွေးကြမ်း၊ စွပ်ပြုတ်၊ သဘာဝသစ်သီးစိမ်ရေ စသည်ဖြင့် သူတို့ကြိုက်နှစ်သက်တတ်တာမျိုးကို အစားထိုးသောက်သုံးပါစေ။ အရေးကြီးဆုံးကတော့ ရေလုံလုံလောက်လောက်သောက်ဖို့ပါပဲ။ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးတွေကိုလည်း အစားထိုးပြီး စားသုံးခိုင်ပါ။ ဒိန်ချဉ်မှာလည်း ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက်ကြောင့် လူကြီးတွေ ကြိုက်နှစ်သက်ပါလိမ့်မယ်။ […]

အဆိုတော်တွေ အဆိုဝါသနာရှင်လေးတွေ ကြည်လင်ပြတ်သားတဲ့အသံလေးကို ဘယ်လိုထိန်းသိမ်းကြမလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, အထွေထွေဗဟုသုတ August 27, 2018

သင်ကအဆိုတော်တစ်ယောက်၊ အဆိုဝါသနာပါတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်အသံက လူတွေနဲ့ပြောဆိုဆက်ဆံဖို့အတွက် ကူညီပေးတဲ့ကြားခံနယ်တစ်ခုဆိုတာထက် ပိုပါတယ်။ သင့်အသံက သင့်ဘဝ၊ သင့်အတွက်တူရိယာတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုတော်တွေ၊ အဆိုပြိုင်ပွဲဝင်သူ အဆိုဝါသနာရှင်လေးတွေက အသံမပျက်စီးအောင်၊ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် အစားအသောက်အနေအထိုင် အမြဲဆင်ခြင်နေရပါတယ်။ ကောင်းမွန်တဲ့အသံကို အမြဲတမ်းထိန်းသိမ်းထားနိုင်ဖို့အတွက် ကူညီပေးတာကတော့ ရေပဲဖြစ်ပါတယ်။ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက်၊ အမောအပန်းခံနိုင်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ရေဓာတ် လိုအပ်ပါတယ်။ အသံသိပ္ပံပညာရှင် ဒေါက်တာ Ronald C. Scherer ရဲ့ ပြောကြားချက်အရ လူတစ်ယောက်က အထူးသဖြင့် အဆိုတော်တွေ၊ အဆိုဝါသနာရှင်တွေက သူတို့အသံအိုးကိုထိန်းသိမ်းစောင့်ရှောက်ဖို့ရန်အတွက် တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးပေးရပါတယ်။ ရေလုံလောက်စွာ မသောက်ရင် ဘာတွေဖြစ်နိုင်သလဲ အသံထွက်ဖို့အတွက် အသံအိုးနဲ့အသံကြိုးကို ဖိအားပေးရပါတယ်။ သီချင်းဆိုခြင်းက အသံအိုးကို လိုတာထက်ပိုပြီးဖိအားပေးရပါတယ်။ မကြာမကြာ ဖိအားပေးခံရတဲ့အခါ အသံကြိုးနာလာပြီး ကောင်းစွာမသီဆိုနိုင်ဖြစ်လာပါလိမ့်မယ်။ […]

အရသာရှိတဲ့ရေကို ဖန်တီးသောက်သုံးနည်း (၄) ချက်

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 27, 2018

ပူပြင်းခြောက်သွေ့တဲ့နေ့တွေမှာ ရေသောက်ခြင်းက သင့်ကို လန်းဆန်းတက်ကြွပေါ့ပါးစေတဲ့အတွက်ကြောင့် ရေသောက်ခြင်းလောက် ကောင်းမွန်တာမရှိပါဘူး။ သန့်စင်တဲ့ရေက အရောင် အနံ့ အရသာမရှိတဲ့အတွက်ကြောင့် တစ်ခါတစ်ရံမှာ သင်ကအခြားအရသာကောင်းမွန်တဲ့အချိုရည်တွေကို သောက်သုံးချင်မှာပါပဲ။ ဒါပေမယ့်လည်း အချိုဓာတ်လွန်ကဲတဲ့ အချိုရည်တွေက သင့်ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပြီး၊ သင့်ရဲ့တက်ကြွလန်းဆန်းတဲ့လူနေမှုဘဝကို နှောင့်ယှက်နိုင်တာမို့လို့ သဘာဝအတိုင်းရေကို အရသာရှိရှိဘယ်လိုသောက်သုံးမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ လတ်ဆတ်တဲ့သစ်သီးလေးတွေ စိမ်သောက်မယ် သင့်ရေကို သဘာဝအတိုင်းအရသာရှိစေမယ့် ပထမဆုံးနည်းလမ်းလေးကတော့ လတ်ဆတ်တဲ့သစ်သီးစိမ်သောက်ခြင်းပဲဖြစ်ပါတယ်။ ပထမဦးဆုံး ရေကရားကြီးတစ်ခုထဲ ရေအေးထည့်ပါ။ ရေကရားပိုကြီးလေ ပိုကောင်းလေပါပဲ။ ဒါမှ ခဏခဏထပ်ဖျော်စရာမလိုမှာပါ။ ပြီးရင် မိမိကြိုက်နှစ်သက်ရာ သစ်သီးကို ပါးပါးလှီးထည့်ပါ။ ပြီးရင် ရေခဲတုံးလေးတွေထည့်ပါ။ ဆန္ဒရှိတယ်ဆိုရင် သဘာဝဆေးဖက်ဝင်အပင်လေးတွေပါ ထပ်ထည့်နိုင်ပါတယ်။ သစ်သီးရေခဲထည့်မယ် သစ်သီးရေခဲပြုလုပ်ဖို့အတွက် အရင်ဆုံး မိမိကြိုက်နှစ်သက်တဲ့အသီးကို သစ်သီးဖျော်စက်ထဲထည့်ပြီး သစ်သီးအနှစ်လေးရအောင်ပြုလုပ်ပါ။ ရလာတဲ့သစ်သီးအနှစ်လေးတွေကို ရေခဲတုံးလင်ဗန်းထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံလိုက်ပါ။ […]

ကာယလေ့ကျင့်ခန်းပြုလုပ်သည့်အချိန်၌ ဘာ့ကြောင့်ရေကိုသာ ရွေးချယ်သောက်သုံးသင့်သလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, လေ့ကျင့်ခန်းများ August 25, 2018

အမြဲတမ်းရွှင်လန်းတက်ကြွနေချင်တယ်ဆိုရင် ရေဓာတ်လုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ ရေဓာတ်လုံလောက်စွာမရရင် မှတ်ဥာဏ်ထိခိုက်နိုင်ပြီး အာရုံစိုက်နိုင်စွမ်းလျော့ကျလာမယ်၊ အားကစားစွမ်းဆောင်ရည်လည်း လျော့ကျလာပါလိမ့်မယ်။ ချွေးထွက်သွားလို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည့်ဖြည့်တင်းပေးဖို့ဆိုရင် ရေကိုရွေးချယ်သောက်သုံးပေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ရေပမာဏဘယ်လောက်ထိသောက်ပြီး ရေဓာတ်ပြန်ဖြည့်ရမလဲဆိုတာကတော့ သင်အားကစားကို ဘယ်လောက်ပြင်းပြင်းထန်ထန်ဆော့ထားသလဲ၊ သင်ချွေးဘယ်လောက်ထွက်ထားလဲ၊ ပြင်ပရာသီဥတုက အပူချိန်ဘယ်လောက်ရှိလဲဆိုတဲ့ အရာတွေအပေါ်မှာ မူတည်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေပြောကြားချက်အရ အားကစားမပြုလုပ်ခင် ရေတစ်ခွက်၊ ဒါမှမဟုတ် နှစ်ခွက်သောက်ပေးရပါမယ်။ အားကစားလုပ်နေစဉ်မှာလည်း (၁၅) မိနစ်၊ ဒါမှမဟုတ် မိနစ် (၂၀) ခြားတစ်ခါ ရေတစ်ခွက်သောက်ပေးရပါမယ်။ အားကစားလုပ်ပြီးတဲ့အခါမှာလည်း ရေသောက်ပေးပြီးတော့ တစ်နေ့တာလုံးမှာလည်း ရေမှန်မှန်သောက်ပေးရပါမယ်။ အကယ်၍ သင်ကပြိုင်ပွဲဝင်ရမယ့် အားကစားသမား၊ အားကစား ပြင်းပြင်းထန်ထန်ဆော့ရမယ်ဆိုရင်တော့ သင့်ဆရာဝန်၊ အားကစားနည်းပြနဲ့ သင့်ထရိန်နာကို သေချာမေးမြန်းပြီးတော့ သောက်သုံးရပါမယ်။ ရေဆာတဲ့အချိန်မှ ရေသောက်တာမျိုးမလုပ်ရပါဘူး။ သင့်ခန္ဓာကိုယ်က ရေဓာတ်လုံလောက်စွာမရရှိတဲ့အတွက် အရမ်းအန္တရာယ်များပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ […]

ကလေးများ၏ကျန်းမာရေးနှင့် ရေ၏အရေးကြီးသောအခန်းကဏ္ဍ

in ကျန်းမာရေးအကြံပြုချက်, ရင်သွေးငယ်များ, လူနေမှုဘဝ August 25, 2018

သင့်ကလေးက ရေဓာတ်လုံလောက်စွာ ရရှိပါသလား။ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းတဲ့ ကလေးလေးတစ်ယောက်ဖြစ်ဖို့အတွက် အရေးကြီးဆုံးက ရေဓာတ်လုံလောက်စွာ ရရှိဖို့ပဲဖြစ်ပါတယ်။ ကလေးလေးတွေ ကစားပြီးချွေးထွက်တဲ့အခါမှာ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ရေတိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ အရောင်စုံလှပနေတဲ့ အချိုရည်ဘူးလေးတွေက ဈေးဆိုင်တွေ၊ စူပါမားကတ်နေရာစုံမှာ ရရှိနေပြီး ကလေးတွေကို ဆွဲဆောင်နေပါတယ်။ ရောင်စုံအချိုရည်ဘူးလေးတွေကြောင့် ကလေးတွေကို ရေတိုက်ရတာခက်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်လေးကို ကျင့်သုံးကြည့်ပါနော်။ သွားလေရာနေရာတိုင်းကို ရေဘူးဆောင်သွားပါ သင့်ကလေးကျောင်းတက်တဲ့ရက်တွေမှာ နေ့လည့်စာထမင်းဘူးထည့်ပေးရင် ရေဘူးလေးပါ တစ်ပါတည်းထည့်ပေးဖို့မမေ့ပါနဲ့။ သူ့ရဲ့ရေဘူးကို သူကြိုက်နှစ်သက်တဲ့ ကာတွန်းရုပ်လေးတွေပါတဲ့ ရေဘူးမျိုးဝယ်ပေးပါ။ ဒါမှလည်း ရေသောက်ဖို့မမေ့မှာပါ။ သင့်ကလေးက ရေမသောက်ချင်ဘူးလို့ ကျီကျရင် ရေထဲကို သံပုရာသီးအစိတ်လေး၊ လိမ္မော်သီးစိတ်လေးဖြစ်ဖြစ်၊ စတော်ဘယ်ရီသီးစိတ်လေးဖြစ်ဖြစ် သူကြိုက်နှစ်သက်တဲ့ အသီးအနှံတစ်မျိုးမျိုးထည့်ပေးပါ။ ကလေးသဘာဝ အသစ်အဆန်းလေးတွေကို သဘောကျတဲ့အတွက်ကြောင့် အဲ့ဒီလိုပြုလုပ်ပေးခြင်းက သူ့ကိုရေသောက်ချင်လာအောင် ဆွဲဆောင်ပေးပါလိမ့်မယ်။ […]

ရေသောက်ခြင်းက စိတ်ဖိစီးမှုကို ဘယ်လိုလျော့ချပေးလဲ

in ကျန်းမာရေးအကြံပြုချက်, စိတ်ဖိစီးမှု, လူနေမှုဘဝ August 25, 2018

ယနေ့ခေတ်လူနေမှုဘဝမှာ လူသားတိုင်းက မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ စိတ်ဖိစီးကြရပါတယ်။ တချို့ကလည်း စိတ်ဖိစီးမှုပြေပျောက်အောင်လို့ ဆေးဝါးမှီဝဲကြတယ်။ ကာယလေ့ကျင့်ခန်းပြုလုပ်ကြတယ်၊ Yoga လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကို တတ်နိုင်သလောက်ဖြေဖျောက်ကြတယ်။ အဲ့ဒီအရာတွေထက် စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ ရေသောက်ခြင်းပဲဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အာဟာရဓာတ် ညီညွှတ်မျှတနေမှသာလျှင် ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းပြီး စိတ်ဖိစီးမှုကင်းဝေးမှာပါ။ လူသားတွေအသက်ရှင်နေထိုင်ဖို့ရန်အတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကရေဓာတ်ခမ်းခြောက်တဲ့အခါမှာ ကော်တီဆုန်းလို့ခေါ်တဲ့ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းထွက်ပါတယ်။ အဲ့ဒီဟော်မုန်းထွက်တဲ့အခါမှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မယ်၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ နှလုံးခုန်မြန်ခြင်းစတဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတာလား၊ စိတ်ဖိစီးမှုက ရေဓာတ်ကိုခမ်းခြောက်သွားစေတာလားဆိုတာကိုတော့ ဆုံးဖြတ်ရခက်ပါတယ်။ ဒါ့ကြောင့် ဒီသံသရာစက်ကွင်းထဲက လွတ်မြောက်ဖို့ဆိုရင်တော့ ရေများများသောက်ပြီး ရေဓာတ်ပြန်ဖြည့်ပေးခြင်းကသာ အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တချို့လူတွေအတွက်ကတော့ ရေသောက်ခြင်းတစ်ခုတည်းနဲ့ မလုံလောက်တဲ့အတွက်ကြောင့် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်ကျင့်သုံးကြည့်ပါ။ စိတ်ဖိစီးမှုကို […]

ရေများများသောက်ခြင်း၏ အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ရေက သက်ရှိလူသားတိုင်းအတွက်သာမက သက်ရှိအပင်၊ တိရိစ္ဆာန်တွေအတွက်ပါ အရေးကြီးပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၀) ခွက်အထိသောက်ပေးရမယ်ဆိုတာကိုလည်း သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ တစ်နေ့ကို ရေများများသောက်ပေးခြင်းကြောင့် ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်သလဲဆိုတာကိုရော သင်သိပါသလား။ အခုပြောပြပေးချင်တာကတော့ ရေသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုး (၇) ချက်ပါ။ ၁။ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ် ရေများများသောက်ပေးခြင်းဖြင့် ဦးနှောက်ဆဲလ်လေးတွေက လန်းဆန်းနေမှာဖြစ်ပြီး အောက်ဆီဂျင်သွေးလှည့်ပတ်မှုအားကောင်းလာမှာဖြစ်တယ်။ ရေပမာဏနည်းနည်းပဲ သောက်သုံးမယ်ဆိုရင်တော့ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကို (၂၀) ရာခိုင်နှုန်း ကနေ (၃၀) ရာခိုင်နှုန်းအထိ လျော့ကျသွားမှာဖြစ်ပါတယ်။ ရေများများသောက်သုံးပေးမှ ဦးနှောက်က အမြဲတမ်းလန်းဆန်းနေပြီး နိုးနိုးကြားကြားရှိနေမှာပါ။ ၂။ ကြွက်သားတွေကို သန်မာစေတယ် ကြွက်သားတွေဆီသို့ လိုအပ်တဲ့အောက်ဆီဂျင်ကို ရေကသယ်ယူပို့ဆောင်ပေးပါတယ်။ ပူနွေးတဲ့ရာသီဥတုမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်(၁၅) မိနစ်ခြားတစ်ခါ ရေသောက်ပေးရပါမယ်။ ပြီးတော့ […]

အမည်းစက်ကင်းစင်ပြီး ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်ဖို့ ရေသောက်ကြပါစို့

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, အသားအရေ August 25, 2018

အရေပြားက သင့်ခန္ဓာကိုယ်ရဲ့အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး သင့်ကိုယ်အလေးချိန်ရဲ့ (၁၆) ရာခိုင်နှုန်းခန့်ကို အရေပြားကနေရာယူထားပါတယ်။ တခြားအင်္ဂါအစိတ်အပိုင်းများနဲ့မတူဘဲ သင့်အရေပြားက လေထု၊ ဖုန်အညစ်အကြေးတွေနဲ့ ထိတွေ့နေရတာပါ။ ရေဓာတ်လုံလောက်စွာမရှိပါက အသားအရေ တင်းရင်းမှုမရှိတော့ဘဲ အသားအရေခြောက်သွေ့လာပါမယ်။ ဒါ့အပြင် ညစ်ညမ်းတဲ့အရာတွေ၊ ဘက်တီးရီးယားပိုးမွှားတွေက အရေပြားပေါ်ကို အလွယ်တကူ ကပ်ငြိလာနိုင်ပါတယ်။ ရေဓာတ်လုံလောက်စွာမရှိတဲ့အတွက် အရေပြားရဲ့လုပ်ဆောင်နိုင်စွမ်းလျော့ကျလာပါမယ်။ ဒါပေမယ့် ရေများများသောက်ပေးပြီး ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင်တော့ အသားအရေ အစိုဓာတ်ရရှိမယ်၊ ကျယ်နေတဲ့ချွေးပေါက်လေးတွေကို ကျဉ်းသွားအောင်လုပ်ပေးခြင်းဖြင့် အသားအရေ ကျန်းမာလာမှာဖြစ်ပါတယ်။ လိုအပ်တဲ့ရေပမာဏ အမျိုသမီးတစ်ယောက်က တစ်နေ့ကို ရေ (၉၁) အောင်စခန့်သောက်သုံးပေးဖို့လိုအပ်ပြီး၊ အမျိုးသားများအနေနဲ့ကတော့ တစ်နေ့ကို (၁၂၅) အောင်စသောက်သုံးပေးဖို့လိုပါတယ်။ ရေသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ရေဓာတ်ကို ရာနှုန်းပြည့်မဖြည့်စွက်ပေးနိုင်ပဲ (၈၀) ရာခိုင်နှုန်းခန့်သာ ဖြည့်စွက်ပေးနိုင်ပြီး၊ ကျန် (၂၀) ရာခိုင်နှုန်းခန့်ကိုတော့ သင်နေ့စဉ်စားသုံးတဲ့ အရည်ရွှမ်းတဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်များမှ […]

ရေသောက်ခြင်း (သို့မဟုတ်) ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝရဲ့ အဓိကသော့ချက်

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ကလေးငယ်ငယ်လေးကအစ အသက်အရွယ်ကြီးတဲ့ အဘိုးအဘွားတွေအထိ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစွာ ရရှိနေဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ဖို့အတွက် အဓိကသော့ချက်ကတော့ ရေကိုပုံမှန်သောက်သုံးပေးခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ပူအိုက်တဲ့ရာသီဥတု၊ အားကစားမလုပ်မီ၊ လုပ်နေစဉ်နဲ့ အားကစားပြုလုပ်ပြီးချိန်၊ ကိုယ်ဝန်ဆောင်မိခင်တွေက ရေကိုပုံမှန်ထက်ပိုပြီး သောက်သုံးသင့်ပါတယ်။ ရေသောက်ခြင်းက ဘာ့ကြောင့်အရေးကြီးတာလဲ ခန္ဓာကိုယ်ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ရေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ခန္ဓာကိုယ်ရဲ့ (၆၀) ရာခိုင်နှုန်းခန့်က ရေဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့နေရာတိုင်းအတွက် အာဟာရဓာတ်တွေကို ရေကသယ်ယူပို့ဆောင်ပေးပါတယ်။ ဒါ့ကြောင့်မို့ ခန္ဓာကိုယ်အေးမြနေစေဖို့ လုံလောက်တဲ့ရေပမာဏရရှိဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ရေဘယ်လောက်သောက်ပေးရမလဲ အရွယ်ရောက်ပြီးသားလူတစ်ယောက်က အစားအစာထဲမှာ ပါဝင်တဲ့ ရေဓာတ်တွေအပြင် တစ်နေ့တာလုံးမှာ အနည်းဆုံး ရေတစ်လီတာခွဲလောက်သောက်သုံးသင့်ပါတယ်။ ပူအိုက်တဲ့ ရာသီဥတုကြောင့် ချွေးထွက်များနေရင်၊ ဒါမှမဟုတ် ကာယလေ့ကျင့်ခန်းပြုလုပ်ထားလို့ […]

    Cart