ရေကိုအသုံးပြုပြီး အဆိပ်ဖြေကာ ကိုယ်အလေးချိန်ချနည်း (၂) မျိုး

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကျန်းမာရေးအကြံပြုချက် August 27, 2018

ရေများများသောက်သုံးခြင်းက ကိုယ်အလေးချိန်ထိန်းညှိပေးဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပိုမြန်ဆန်ထိရောက်တဲ့နည်းလမ်းကို သုံးချင်တယ်ဆိုရင်တော့ ရေနဲ့အဆိပ်ဖြေခြင်းပဲဖြစ်ပါတယ်။ ရေနဲ့အဆိပ်ဖြေခြင်းနည်းလမ်း (၂) မျိုးကို ဖတ်ပြီးတဲ့နောက်မှာ ဝမ်းဗိုက်ချပ်ချပ်လေးရအောင် လိုက်လုပ်ကြည့်ရအောင်နော်။

၁။ သခွား သံပုယိုရည်

ပါဝင်ပစ္စည်းများ

သခွားသီး နှစ်လုံး၊ သံပုယိုသီးတစ်လုံး၊ ပင်စိမ်းရွက်အနည်းငယ်၊ ရေ တစ်ကရား

ပြုလုပ်နည်း

သခွားသီး၊ သံပုယိုသီးနဲ့ ပင်စိမ်းရွက်များကို ရေစင်အောင်ဆေးပါ။ သခွားသီးနဲ့ သံပုယိုသီးကို ပါးပါးလှီးပြီး ရေကရားထဲထည့်ပါ။ ပင်စိမ်းရွက်လည်းထည့်လိုက်ပါ။ ရေခဲသေတ္တာထဲတွင် တစ်ညထည့်ထားပြီး နောက်တစ်နေ့မနက်ကစပြီး သောက်သုံးနိုင်ပါပြီ။

အကျိုးအာနိသင်များ

သံပုယိုသီးက အစာချေစနစ်ကိုကူညီပေးပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ဗီတာမင်စီက အသားအရေကို ကြည်လင်တောက်ပလာအောင် ပြုလုပ်ပေးပါလိမ့်မယ်။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ဝမ်းဗိုက်ချပ်ချပ်လေးကို ရရှိစေမှာပါ။

၂။ စတော်ဘယ်ရီ သံပုယိုရည်

ပါဝင်ပစ္စည်းများ

သန့်ရှင်းလတ်ဆတ်သော စတော်ဘယ်ရီ ၁၀ လုံး၊ သံပုယိုသီး ၂ စိပ်၊ ပူစီနံရွက် လက်တစ်ဆုပ်စာ၊ ရေသန့် တစ်ကရား။

ပြုလုပ်နည်း

ရေကရားထဲသို့ ဆေးကြောသန့်စင်ပြီးသော စတော်ဘယ်ရီနှင့် သံပုယိုသီးကိုထည့်လိုက်ပါ။ ဇွန်းအသန့်တစ်ချောင်းနဲ့ မွှေပြီး ၃ နာရီ၊ ၄ နာရီခန့် ထားထားပါ။ သတ်မှတ်ထားသောအချိန်ပြည့်ပါက သောက်သုံးနိုင်ပါပြီ။

အကျိုးအာနိသင်များ

စတော်ဘယ်ရီသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် စီ၊ Antioxidants နဲ့ အခြားသောအာဟာရဓာတ်တွေ ပါဝင်ပြီးတော့ ပူစီနံရွက်မှာတော့ ဘက်တီးရီးယားများကိုတိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကိုကာကွယ်ပေးပါတယ်။ ပါဝင်ပစ္စည်းသုံးမျိုးအရောက သင့်ခန္ဓာကိုယ်ရှိအဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်လျော့ချပေးမှာပါ။

    Cart