ရေများများသောက်ခြင်း၏ အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ရေက သက်ရှိလူသားတိုင်းအတွက်သာမက သက်ရှိအပင်၊ တိရိစ္ဆာန်တွေအတွက်ပါ အရေးကြီးပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၀) ခွက်အထိသောက်ပေးရမယ်ဆိုတာကိုလည်း သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ တစ်နေ့ကို ရေများများသောက်ပေးခြင်းကြောင့် ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်သလဲဆိုတာကိုရော သင်သိပါသလား။

အခုပြောပြပေးချင်တာကတော့ ရေသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုး (၇) ချက်ပါ။

၁။ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်

ရေများများသောက်ပေးခြင်းဖြင့် ဦးနှောက်ဆဲလ်လေးတွေက လန်းဆန်းနေမှာဖြစ်ပြီး အောက်ဆီဂျင်သွေးလှည့်ပတ်မှုအားကောင်းလာမှာဖြစ်တယ်။ ရေပမာဏနည်းနည်းပဲ သောက်သုံးမယ်ဆိုရင်တော့ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကို (၂၀) ရာခိုင်နှုန်း ကနေ (၃၀) ရာခိုင်နှုန်းအထိ လျော့ကျသွားမှာဖြစ်ပါတယ်။ ရေများများသောက်သုံးပေးမှ ဦးနှောက်က အမြဲတမ်းလန်းဆန်းနေပြီး နိုးနိုးကြားကြားရှိနေမှာပါ။

၂။ ကြွက်သားတွေကို သန်မာစေတယ်

ကြွက်သားတွေဆီသို့ လိုအပ်တဲ့အောက်ဆီဂျင်ကို ရေကသယ်ယူပို့ဆောင်ပေးပါတယ်။ ပူနွေးတဲ့ရာသီဥတုမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်(၁၅) မိနစ်ခြားတစ်ခါ ရေသောက်ပေးရပါမယ်။ ပြီးတော့ တစ်နေ့တာလုံးမှာ ကြွက်သွားဆဲလ်လေးတွေ မမောမပန်းဘဲနဲ့ အချိန်ကြာမြင့်စွာ အလုပ်လုပ်နိုင်ဖို့ဆိုရင် ရေများများသောက်ပေးရပါမယ်။

၃။ ခန္ဓာကိုယ်ကို အေးမြစေတယ်

ရေသောက်ခြင်းက သင့်ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ ပူအိုက်တဲ့ရာသီဥတု၊ ဒါမှမဟုတ် အားကစားလုပ်ပြီးတဲ့အချိန်မျိုးမှာ သာမန်ခန္ဓာကိုယ်အပူချိန်ရရှိအောင် ချွေးထွက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါးတယ်။ ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်ကို အေးမြနေစေပြီး၊ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပြီး လန်းဆန်းနေဖို့အတွက် ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။

၎။ အာရုံကြောစနစ်ကို အားဖြည့်ပေးတယ်

အာရုံကြောဆဲလ်လေးတွေက ဦးနှောက်ကို သတင်းပို့ပေးရပါတယ်။ အဲ့ဒီလိုကောင်းစွာသတင်းပေးဖို့ရန်အတွက် Electrolytes လို့ခေါ်တဲ့ လျှပ်လိုက်ပျော်ရည်ကို အသုံးပြုရပါတယ်။ ရေများများသောက်ခြင်းဖြင့်သာ လျှပ်လိုက်ပျော်ရည်ပမာဏကို ထိန်းညှိပေးနိုင်ပြီး အာရုံကြောစနစ်ကောင်းစွာ အလုပ်လုပ်နိုင်မှာပါ။

၅။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ကောင်းတယ်

ရေလုံလောက်စွာ မသောက်ခြင်းကြောင့် အစာချေစနစ်ကိုနှေးကွေးစေပြီး ဝမ်းချုပ်ခြင်းနဲ့ အခြားသောကျန်းမာရေးပြဿနာများ တွေ့ကြုံခံစားရနိုင်ပါတယ်။

၆။ မျက်လုံးနဲ့ ပါးစပ်ကို ကာကွယ်ပေးတယ်

ရေဓာတ်က သင့်မျက်လုံးနဲ့ ပါးစပ်ကို အမြဲတမ်းစိုစွတ်နေစေပြီး ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို မျက်လုံးကနေအဝေးဆုံးရောက်အောင် မောင်းထုတ်ပေးပါတယ်။ ဒါ့ကြောင့် ရေများများသောက်သုံးပေးသင့်ပါတယ်။

၇။ ခန္ဓာကိုယ်အဆစ်လေးတွေအတွက် အထောက်အကူပြုတယ်

ရေသောက်ခြင်းက ခန္ဓာကိုယ်အရိုးကြောဆစ်လေးတွေကို ဆီသုတ်လိမ်းပေးသလိုပါပဲ။ အဆစ်လေးတွေကွေးရဆန့်ရတာ လွယ်ကူအောင်ပြုလုပ်ပေးပါတယ်။

    Cart