အမည်းစက်ကင်းစင်ပြီး ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်ဖို့ ရေသောက်ကြပါစို့

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, အသားအရေ August 25, 2018

အရေပြားက သင့်ခန္ဓာကိုယ်ရဲ့အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး သင့်ကိုယ်အလေးချိန်ရဲ့ (၁၆) ရာခိုင်နှုန်းခန့်ကို အရေပြားကနေရာယူထားပါတယ်။ တခြားအင်္ဂါအစိတ်အပိုင်းများနဲ့မတူဘဲ သင့်အရေပြားက လေထု၊ ဖုန်အညစ်အကြေးတွေနဲ့ ထိတွေ့နေရတာပါ။ ရေဓာတ်လုံလောက်စွာမရှိပါက အသားအရေ တင်းရင်းမှုမရှိတော့ဘဲ အသားအရေခြောက်သွေ့လာပါမယ်။

ဒါ့အပြင် ညစ်ညမ်းတဲ့အရာတွေ၊ ဘက်တီးရီးယားပိုးမွှားတွေက အရေပြားပေါ်ကို အလွယ်တကူ ကပ်ငြိလာနိုင်ပါတယ်။ ရေဓာတ်လုံလောက်စွာမရှိတဲ့အတွက် အရေပြားရဲ့လုပ်ဆောင်နိုင်စွမ်းလျော့ကျလာပါမယ်။ ဒါပေမယ့် ရေများများသောက်ပေးပြီး ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင်တော့ အသားအရေ အစိုဓာတ်ရရှိမယ်၊ ကျယ်နေတဲ့ချွေးပေါက်လေးတွေကို ကျဉ်းသွားအောင်လုပ်ပေးခြင်းဖြင့် အသားအရေ ကျန်းမာလာမှာဖြစ်ပါတယ်။

လိုအပ်တဲ့ရေပမာဏ

အမျိုသမီးတစ်ယောက်က တစ်နေ့ကို ရေ (၉၁) အောင်စခန့်သောက်သုံးပေးဖို့လိုအပ်ပြီး၊ အမျိုးသားများအနေနဲ့ကတော့ တစ်နေ့ကို (၁၂၅) အောင်စသောက်သုံးပေးဖို့လိုပါတယ်။ ရေသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ရေဓာတ်ကို ရာနှုန်းပြည့်မဖြည့်စွက်ပေးနိုင်ပဲ (၈၀) ရာခိုင်နှုန်းခန့်သာ ဖြည့်စွက်ပေးနိုင်ပြီး၊ ကျန် (၂၀) ရာခိုင်နှုန်းခန့်ကိုတော့ သင်နေ့စဉ်စားသုံးတဲ့ အရည်ရွှမ်းတဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်များမှ ရရှိပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ရာသီဥတု၊ အားကစားပြင်းပြင်းထန်ထန်နဲ့ အချိန်ကြာကြာလုပ်ခြင်း၊ နေမကောင်းဖြစ်ခြင်းစတဲ့ အခြေအနေမျိုးမှာ ရေကိုပုံမှန်ထက်ပိုသောက်သုံးပေးသင့်ပါတယ်။ သင့်ခန္ဓာကိုယ်ချွေးထွက်မှုနှုန်းနဲ့ ရေဆာတဲ့အခြေအနေတွေကိုလည်း အမြဲတမ်းဂရုစိုက်ရပါမယ်။ ချွေးများများထွက်နေရင် ရေများများသောက်ပေးရပါမယ်။ ရေငတ်တဲ့အချိန်မှာလည်း ရေအစား အခြားအချိုရည်များသောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။

အမည်းစက်များ

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် သင့်အစာချေလမ်းကြောင်းကို နှေးကွေးစေပြီး ဝမ်းချုပ်စေပါတယ်။ သင့်ကျောက်ကပ်ကလည်း အဆိပ်အတောက်အညစ်ကြေးတွေကို စစ်ထုတ်ပြီးဖယ်ရှားပေးဖို့အတွက် ရေကိုပဲအားကိုးနေရတာပါ။ ပုံမှန်အားဖြင့်တော့ အဲ့ဒီအဆိပ်အတောက်တွေက ချွေးပေါက်လေးတွေမှတစ်ဆင့် ချွေးထွက်ခြင်းဖြင့် ဖယ်ရှားလိုက်တာပါ။

ဒါ့ကြောင့်သင့်မှာ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင်တော့ ချွေးပေါက်လေးတွေပိတ်ပြီး ချွေးမထွက်ဘဲနေပါလိမ့်မယ်။ အမည်းစက်လေးတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ ဒါ့ကြောင့် ရေများများသောက်ပေးမယ်ဆိုရင် သင့်အသားအရေမှာ အမည်းစက်လေးတွေမရှိဘဲ အသားအရေကြည်လင်ဝင်းပလာမှာပါ။

အသားအရေခြောက်သွေ့မှုမှ ကာကွယ်ပေးတယ်

ရေဓာတ်ခမ်းခြောက်ခြင်းက အသားအရေကို ခြောက်သွေ့စေပြီး၊ အချိန်ကြာလာတနဲ့အမျှ အသားအရေတွေ ရှုံ့တွပျက်စီးလာပါလိမ့်မယ်။ ဒါ့ကြောင့် အသားအရေစိုပြေပြီး ကျန်းမာလှပနေချင်ရင် ရေများများသောက်ပေးရမယ်နော်။

    Cart