ရေသောက်သုံးခြင်းကို ဘယ်လိုအခြေအနေမျိုးမှာ ရှောင်ကြဉ်သင့်လဲ

in ကျန်းမာရေးအကြံပြုချက်, ရေဓာတ်ခမ်းခြောက်ခြင်း August 30, 2018

ကာယလေ့ကျင့်ခန်း ပြုလုပ်တဲ့သူတွေ ပုံမှန်လူတွေထက် ရေများများ သောက်သုံးကြတာကို တွေ့ရမှာပါ။ သူတို့တွေက ကျန်းမာရေးလိုက်စားတဲ့သူတွေဖြစ်တဲ့အတိုင်း အစားမစားခင်မှာလည်း ရေသောက်ကြပါတယ်။ ဒါပေမယ့်လည်း ရေအလွန်အကျွံသောက်သုံးခြင်းက ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခြေအနေမျိုးမှာ ရေအလွန်အကျွံသောက်သုံးတာကို ရပ်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။ ၁။ အိပ်ရာမဝင်ခင် အိပ်ရာဝင်ခါနီး ရေအလွန်အကျွံသောက်သုံးခြင်းက သင့်ကို အိပ်ရေးပျက်စေမှာ အမှန်ပါပဲ။ ရေအလွန်အကျွံသောက်သုံးမိတာကြောင့် ဆီးသွားချင်မှာဖြစ်ပြီး ဆီးသွားပြီးတဲ့နောက်မှာ ပြန်အိပ်စက်အနားယူဖို့ခက်ခဲသွားပါလိမ့်မယ်။ ဒါ့အပြင် ကျောက်ကပ်က နေ့အချိန်မှာထက် ညအချိန်မှာ အလုပ်လုပ်တာ နှေးသွားပါတယ်။ ဒါ့ကြောင့် ရေ အလွန်အကျွံသောက်ပြီး အိပ်ရာနိုးလာတဲ့အခါ မျက်နှာနဲ့ လက်တွေ ဖောရောင်နေတာကို ခံစားရနိုင်ပါတယ်။ ၂။ အားကစားအပြင်းအထန်ပြုလုပ်နေချိန် အားကစားအပြင်းအထန်ပြုလုပ်နေချိန်မှာ ရေအလွန်အကျွံသောက်သုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်၍ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်နိုင်တာကြောင့် အာစွတ်ရုံပဲသောက်သုံးသင့်ပြီး အားကစားပြုလုပ်ပြီးမှသာ […]

အိပ်ရာမဝင်ခင် ရေသောက်ခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်ရဲ့လား

in ကျန်းမာရေးအကြံပြုချက် August 30, 2018

ခန္ဓာကိုယ်က တစ်နေ့ခင်းလုံး အလုပ်လုပ်နိုင်ဖို့အတွက် ရေသောက်ဖို့လိုအပ်ပါတယ်။ တစ်နေ့တာလုံးမှာလည်း အသက်ရှူခြင်း၊ ချွေးထွက်ခြင်းတွေကြောင့် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးပါတယ်။ သင်အိပ်စက်အနားယူနေတဲ့အချိန်မှာလည်း ရေဓာတ်ဆုံးရှုံးပါတယ်။ အိပ်ရာမဝင်ခင် ရေတစ်ခွက်သောက်ခြင်းက တစ်ညတာလုံး ရေဓာတ်ဖြည့်ပေးဖို့အတွက် ကူညီပေးတယ်လို့ အချို့လူတွေက ထင်ကြပါတယ်။ ဒါနဲ့ပဲ သုတေသနပညာရှင်များက အိပ်ရာမဝင်ခင် ရေသောက်ခြင်းက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွှတ်ရဲ့လားဆိုတာကို လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ အိပ်ရာမဝင်ခင် ရေသောက်ရင် ဘာဖြစ်မလဲ ၆ နာရီ ၈ နာရီကျော်ကြာ ကောင်းစွာအိပ်စက်အနားယူခြင်းကို မနှောင့်ယှက်နိုင်အောင် ဆီးသွားခြင်းကို လျော့ချပေးဖို့အတွက် သင့်ခန္ဓာကိုယ်က လုပ်ဆောင်ပေးပါတယ်။ အိပ်ရာမဝင်ခင် ရေ ၂ ခွက် ၃ ခွက် သောက်သုံးခြင်းက သင့်ခန္ဓာကိုယ်ဖြစ်စဉ်ကို ကမောက်ကမဖြစ်အောင် ပြုလုပ်နေပါတယ်။ ကောင်းစွာ အိပ်စက်အနားမယူရတဲ့အခါ သွေးပေါင်တက်ခြင်း၊ ကိုလက်စထရောပမာဏ မြင့်မားလာခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတို့ […]

ကလေးများကို ရေဓာတ်လုံလောက်စွာ ရှိနေစေဖို့ မိဘများ ဘယ်လိုဂရုစိုက်ရမလဲ

in ကျန်းမာရေးအကြံပြုချက် August 30, 2018

ကလေးများရဲ့ခန္ဓာကိုယ်က လူကြီးတွေထက်စာရင် ရေဓာတ်လုံလောက်စွာ ရရှိဖို့က ပိုအရေးကြီးပါတယ်။ ငယ်ရွယ်သေးတဲ့အချိန်မှာ ကလေးငယ်လေးတွေက ရေဆာတဲ့ခံစားချက်ကို မသိကြပါဘူး။ သူတို့အလွန်အကျွံကစားထားလို့ ချွေးထွက်တဲ့အခါမှာ မောပန်းနေတဲ့အချိန်မှာ မိဘများအနေနဲ့ မိမိတို့သားသမီးကို ဂရုတစိုက်နဲ့ ရေတိုက်ပေးသင့်ပါတယ်။ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်မဖြည့်ပေးတဲ့အခါ ကလေးများက ပင်ပန်းမောဟိုက်နေမယ်၊ အာရုံစူးစိုက်နိုင်စွမ်းမရှိဖြစ်နေပြီးတော့ သူတို့ရဲ့မှတ်ဥာဏ်စွမ်းအားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေကို ရေဓာတ်ပြည့်ဝအောင် ဘယ်လိုဂရုစိုက်ပေးသင့်လဲဆိုတဲ့ အကြောင်းအရာနဲ့ အခြားရေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။ ကလေးတွေအတွက် ရေသောက်ခြင်းကသာ အသင့်တော်ဆုံးရေဓာတ်ဖြည့်နည်းလေးပါပဲ။ အချိုရည်များက သကြားဓာတ်လွန်ကဲစွာ ပါဝင်တဲ့အတွက်ကြောင့် ကလေးတွေသွားပိုးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကလေးများရဲ့အသက်အရွယ်အပိုင်းအခြားအရ တစ်နေ့ကို လိုအပ်တဲ့ရေဓာတ်ပမာဏကလည်း ကွဲပြားသွားပါတယ်။ အသက် ၄ နှစ်ကနေ ၁၃ နှစ်ကြားကလေးငယ်များကတော့ ရေဓာတ်ပါဝင်တဲ့အစားအစာများကို စားသုံးခြင်းအပြင် တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်အထိ […]

မိုးရာသီမှာ ရေများများသောက်ဖို့ နည်းလမ်း ၅ မျိုး

in ကျန်းမာရေးအကြံပြုချက် August 30, 2018

ပူလောင်အိုက်စပ်လှတဲ့ နွေရာသီမှာတုန်းကတော့ သင့်ကိုရေသောက်အောင် လှုံ့ဆောင်ပေးတဲ့ အပူချိန်တွေရှိပါတယ်။ မိုးရာသီလည်းရောက်ရော မိုးကလည်းအဆက်မပြတ်ရွာ ရာသီဥတုကလည်း ခပ်အေးအေးနဲ့ဆိုတော့ ရေဓာတ်ဖြည့်ပေးဖို့ အသိပေးမယ့်အရာတွေလည်း မရှိတော့ပါဘူး။ အဲ့ဒီလို ရေသောက်ဖို့ မေ့တာနဲ့ပဲ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ကုန်ပါလေရော။ ဥတုသုံးပါးစလုံး ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေဖို့က အရေးကြီးပါတယ်။ ပြင်ပကအပူချိန်က ပူလောင်အိုက်စပ်နေမှ ရေဓာတ်ခမ်းခြောက်တာမဟုတ်ပါဘူး။ မိုးတွင်းမှာ ရေငတ်ခြင်းအပြင် အခြားရေဓာတ်ခမ်းခြောက်နေပြီဖြစ်ကြောင်း ပြောပြတဲ့လက္ခဏာတွေကတော့ နှုတ်ခမ်းခြောက်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အမဲစက်များထွက်ခြင်းတို့ပဲဖြစ်ပါတယ်။ မိုးတွင်းမှာ ရေဓာတ်ဖြည့်ပေးဖို့ သတိပေးအောင် ဘယ်လိုလုပ်မလဲဆိုတော့ ၁။ အပူထုတ်ပေးမယ် မိုးရာသီမှာ မိုးအေးအေးလေးနဲ့ အိပ်ရာထဲမှာ စောင်ခြုံပြီး ကော်ဖီလေးသောက်ရပြီး ဇိမ်ကျကျနဲ့ နေချင်ကြပါတယ်။ အဲ့ဒီလိုကာဖိန်းဓာတ်ပါတဲ့ ကော်ဖီအစား ရေနွေးပူပူလေးတစ်ခွက်သောက်ပေးပါ။ ပျားရည်လေးတစ်ဇွန်း၊ ဒါမှမဟုတ် သံပုရိုသီးလေး ညစ်ထည့်ပေးမယ်ဆိုရင်တော့ အရသာရှိတဲ့ ရေနွေးပူလေးတစ်ခွက်ရမှာပါ။ ၂။ […]

ရေခဲရေသောက်ခြင်းနဲ့ ရေနွေးသောက်ခြင်းမှာ ဘယ်ရေက ကျန်းမာရေးအတွက် အသင့်တော်ဆုံးလဲ

in ကျန်းမာရေးအကြံပြုချက် August 27, 2018

ရေခဲရေပဲဖြစ်ဖြစ်၊ ရေနွေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်အတွက်အရေးအကြီးဆုံးကတော့ ရေဓာတ်ပြည့်နေဖို့ပဲဖြစ်ပါတယ်။ တချို့အခြေအနေတွေမှာ ရေခဲရေက ပိုပြီးအကျိုးသက်ရောက်မှုရှိပြီိး၊ လည်ချောင်းနာပြီး နေမကောင်းဖြစ်နေမယ်ဆိုရင်တော့ ရေခဲရေသောက်သုံးဖို့ မသင့်တော်ပါဘူး။ ရေခဲရေနဲ့ ရေနွေး၊ ဘယ်ရေသောက်ရမလဲ ဆုံးဖြတ်ရခက်နေသူတွေအတွက် သူတို့ရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရေခဲရေ လူတော်တော်များများက ရေခဲရေရဲ့ အေးမြတဲ့အရသာကို ကြိုက်နှစ်သက်ကြပါတယ်။ ရေခဲရေသောက်သုံးဖို့ အသင့်လျော်ဆုံးအချိန်ကတော့ အားကစားပြုလုပ်ချိန်ပဲဖြစ်ပါတယ်။ ပြင်းထန်တဲ့အားကစားပြုလုပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်မြှင့်တက်နေတဲ့အတွက်ကြောင့် ရေခဲရေသောက်သုံးခြင်းက သင့်မူလခန္ဓာကိုယ်အပူချိန်ပြန်လည်လျော့ချပေးအာင် ကူညီပေးပါလိမ့်မယ်။ ကိုလံဘီယာတက္ကသိုလ်က သုတေသနပညာရှင်တွေ လေ့လာချက်အရ ရေနွေးထက်စာရင် ရေအေးက ခန္ဓာကိုယ်ထဲပိုလျင်မြန်စွာ စိမ့်ဝင်သွားပြီး ရေဓာတ်မြန်မြန်ပြည့်စေပါတယ်။ ရေနွေး ရေနွေးသောက်ခြင်းက ကျန်းမာရေးကို မထိခိုက်ပေမယ့် သင်အားကစားပြုလုပ်လိုက်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းတဲ့နေရာမှာ ရေအေးလောက်အကျိုးသက်ရောက်မှုမရှိသလို ရေအေးလိုမျိုး အေးမြလန်းဆန်းသွားမယ့် ခံစားချက်ကိုလည်း မပေးစွမ်းနိုင်ပါဘူး။ ဒါပေမယ့် ရေခဲရေသောက်လို့ သွားကျဉ်ခြင်းကို […]

ရေဓာတ်လွန်ကဲခြင်းကြောင့် ခံစားရမည့် ကျန်းမာရေးနောက်ဆက်တွဲရောဂါများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 27, 2018

သင့်ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ရေဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေခြင်းက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်။ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အရိုးအဆစ်တွေ လွယ်ကူစွာလှုပ်ရှားပေးနိုင်ဖို့အတွက် ကူညီပေးပါတယ်။ နေမကောင်းဖြစ်လို့ ရေဓာတ်ခမ်းခြောက်တဲ့အခါ၊ အားကစားပြုလုပ်ချိန်ကြာသွားလို့ ရေဓာတ်ဆုံးရှုံးသွားတဲ့အခါ ရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ကပြန်လည်လန်းဆန်းတက်ကြွလာပါတယ်။ ဒါပေမယ့် ရေအလွန်အကျွံသောက်သုံးခြင်းကြောင့် ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါသေးတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း သင့်ခန္ဓာကိုယ်က ချွေးထွက်ခြင်းမှတစ်ဆင့် ဆီသွားခြင်းမှတစ်ဆင့် ရေဓာတ်များဆုံးရှုံးသွားပါတယ်။ တစ်ခါတစ်ရံမှာ နေမကောင်းဖြစ်လို့ အော့အန်ခြင်း၊ ဝမ်းလျောခြင်း၊ ပူပြင်းခြောက်သွေ့တဲ့နေ့မှာ အားကစားအလွန်အကျွံပြုလုပ်ခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ရေဓာတ်ဆုံးရှုံးပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ရေငတ်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ ဆီးသွားနည်းခြင်း၊ အရောင်ရင့်သောဆီးသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ကြွက်တက်ခြင်းများခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့လက္ခဏာတွေကတော့ နှလုံးခုန်မြန်ခြင်းနဲ့ တခါတရံမှာ သတိလစ်မေ့မျောခြင်းတို့ ခံစားရနိုင်ပါတယ်။ တန်ဆေးလွန်ဘေး ရေဓာတ်ပြန်လည်ဖြည့်တင်းတဲ့အခါမှာလည်း ရေအလွန်အကျွံမသောက်သုံးမိဖို့ အရေးကြီးပါတယ်။ ရေဓာတ်အရမ်းများသွားရင် […]

သင်သိထားသင့်သော အရသာအရှိဆုံးသစ်သီးရေအကြောင်း ဆောင်ရန် ရှောင်ရန်များ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 27, 2018

သန့်စင်တဲ့ရေက အရောင် အနံ့ အရသာမရှိတဲ့အတွက်ကြောင့် ရိုးရိုးရေမသောက်ချင်သူများအတွက် အသစ်အဆန်းလေးဖြစ်သွားအောင် သစ်သီးရေလည်းပြောင်းသောက်ကြည့်ရအောင်။ သစ်သီးစိမ်ထားတဲ့ရေကို သောက်သုံးခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးပါတယ်။ ပထမဆုံးကောင်းကျိုးကတော့ ရေများများသောက်ခြင်းကြောင့် သင့်ကိုတစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေမှာပါ။ အစာချေစနစ်ကိုကူညီပေးပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ ဒါ့အပြင် သစ်သီးစိမ်ထားတဲ့ရေမှာ သစ်သီးရဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants တွေ ပါရှိပြီးသားဖြစ်တဲ့အတွက် အသားအရေကို နဂိုထက်စိုပြေဝင်းမွတ်စေမှာ အမှန်ပါပဲ။ သစ်သီးရေကို မသောက်သုံးခင်မှာ ဘယ်နှစ်နာရီလောက်စိမ်ထားသင့်သလဲ သင်ကြိုက်နှစ်သက်တဲ့ သစ်သီးတွေကို လှီးဖြတ်ပြီး ရေကရားထဲထည့်ပြီးနောက်မှာ တစ်နာရီကနေ နှစ်နာရီအထိ စိမ်ထားသင့်ပါတယ်။ အကယ်၍သစ်သီးရေကို ရေခဲသေတ္တာထဲထည့်မယ်ဆိုရင်တော့ သုံးနာရီကနေ လေးနာရီအထိ ထားပြီး သောက်သုံးနိုင်ပါပြီ။ သစ်သီးရေက ဘယ်နှရက်ခံလဲ သစ်သီးရေကို ပြုလုပ်တဲ့နေ့မှာပဲ ကုန်အောင်သောက်သုံးခြင်းက အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင်တော့ သုံးရက်ကြာခံပါတယ်။ ရေခဲသေတ္တာထဲထည့်ဖို့မေ့သွားတယ်ဆိုရင်တော့ သင်အိမ်ရာမဝင်ခင်မှာ ကုန်အောင်သောက်သင့်ပါတယ်။ […]

သစ်သီးစိမ်ထားသောရေသောက်ခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 27, 2018

ယနေ့ခေတ်မှာ လူတော်တော်များများက ရိုးရိုးရေသောက်သုံးမယ့်အစား ရေဘူးထဲကို သစ်သီးဝလံနဲ့ ဆေးဖက်ဝင်အပင်ထည့်ပြီး ရေသောက်ခြင်းက ခေတ်စားလာပါတယ်။ သစ်သီးရေသောက်သုံးခြင်းကြောင့် ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်သလဲ၊ သင်ရော ဘာကြောင့်သစ်သီးရေသောက်သုံးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ရေဓာတ်ဖြည့်ပေးတယ် သစ်သီးရေကို တစ်ရက်၊ နှစ်ရက်လောက်သောက်သုံးရုံနဲ့တော့ အကျိုးအာနိသင်ရှိမှာ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ သစ်သီးရေသောက်သုံးခြင်းက ကိုယ်ရောစိတ်ပါ နုပျိုလန်းဆန်းစေပါတယ်။ အကောင်းဆုံးအကျိုးကျေးဇူးကတော့ သင့်ကိုရေဓာတ်အမြဲတမ်း ပြည့်နေစေမှာဖြစ်ပါတယ်။ လူတော်တော်များများက မိမိတို့ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေကြတာကို မသိကြပါဘူး။ ရေထဲမှာ သစ်သီးတွေထည့်ထားခြင်းအားဖြင့် သင့်ကိုရေသောက်ဖို့ မမေ့အောင် အမြဲတမ်းသတိပေးနေမှာပါ။ ၂။ အသားအရေ ဝင်းမွတ်စိုပြေစေတယ်။ ရေနဲ့ သစ်သီးတွေရဲ့ပေါင်းစပ်အာနိသင်တွေကြောင့် အသားအရေက ပိုမိုချောမွတ်စိုပြေလာပြီး ပိုပြီးတော့လည်း ငယ်ရွယ်နုပျိုနေစေမှာပါ။ အောက်ဆီဂျင်နဲ့ အာဟာရတွေကို သယ်ယူပို့ဆောင်ပေးတဲ့အခါမှာလည်း ပိုပြီးလွယ်ကူလာစေပါတယ်။ ခန္ဓာကိုယ်ကိုရေဓာတ်ခြောက်သွေ့စေတဲ့ အရက်သေစာနဲ့ ကော်ဖီသောက်သုံးခြင်းမှလည်း ရှောင်ကြဉ်စေပါတယ်။ ၃။ […]

ရေသန့်ဘူးများ၊ အချိုရည်ဘူးများကို ထပ်ခါတလဲလဲ ရေပြန်ဖြည့်ပြီးသောက်ခြင်းက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လား

in ကျန်းမာရေးအကြံပြုချက် August 27, 2018

ပလပ်စတစ်ရေသန့်ဘူးများဟာ PET လို့ ခေါ်တဲ့ Polyethylene Terephthalate ကနေပြုလုပ်ထားပြီး အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာနက အတည်ပြုချက်အရ PET ကို တစ်ကြိမ်တစ်ခါတည်းအသုံးပြုနိုင်သလို အကြိမ်ရေများစွာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ရေသန့်စက်ရုံများကတော့ ရေသန့်ဘူးများကို တစ်ကြိမ်တည်းအသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် တာရှည်မခံပါဘူး။ ရေသန့်ဘူးများကို ကြိမ်ဖန်များစွာ ရေပြန်ဖြည့်ပြီး သုံးခြင်းက ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်သလဲ ရေသန့်ဘူးကို ခဏခဏဆေးခြင်းကြောင့် ရေသန့်ဘူးထဲက ဓာတုပိုးသတ်ဆေးတွေကို ဆေးကြောမိသလိုဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားများပေါက်ပွားနိုင်ပါတယ်။ အရီဇိုးနားပြည်နယ်က တက္ကသိုလ်တစ်ခုမှ သုတေသနပညာရှင်များက မတူညီတဲ့ရေသန့်အမျိုးအစားကိုးမျိုးကို သုတေသနပြုလုပ်ပြီး ရေသန့်ဘူးထဲမှာ ဘယ်လိုဓာတုဓာတ်တွေပါဝင်ပြီးတော့ ပမာဏဘယ်လောက်ပါဝင်သလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ ဘယ်လိုဓာတုဓာတ်တွေပါဝင်သလဲ လေ့လာချက်အရ ရေသန့်ဘူးခွံပြုလုပ်ဖို့အတွက် အသုံးပြုတဲ့ ပလပ်စတစ်ထဲမှာ ခနောက်စိမ်းကိုတွေ့ရပါတယ်။ အဲ့ဒီဓာတ်ကို မျိုချမိပါက အော့အန်ခြင်းနဲ့ ဝမ်းလျောခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရေသန့်ဘူးကို ကြိမ်ဖန်များစွာဆေးကြောခြင်းကြောင့် […]

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ပြီး ပါးရေတွန့်နေတဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ August 27, 2018

ရေသောက်ခြင်းက ကျန်းမာရေးအတွက် အရမ်းရေးကြီးပါတယ်။ အသက်ကြီးလာလေ ခန္ဓာကိုယ်အရေပြားက အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်စွမ်း လျော့နည်းလေဖြစ်ပါတယ်။ ရေဓာတ်ထိန်းသိမ်းထားနိုင်မှုလျော့နည်းတဲ့အတွက် ပါးရေတွန့်ခြင်း၊ အသားအရေလျော့တိလျော့ရဲဖြစ်ခြင်းများ သိသာထင်ရှားစွာ မြင်ရပါတယ်။ ခြောက်သွေ့တဲ့အရေပြားကို ပြန်လည်ပြုပြင်ပေးရန်အတွက် ဆဲလ်အသစ်တွေ ပြန်မွေးဖွားဖို့အလွန်နှေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ သင့်ခန္ဓာကိုယ်အတွင်းထဲသို့ ရေဓာတ်ဖြည့်ရုံသာမက အပေါ်ယံအရေပြားကလည်း ရေဓာတ်ဖြည့်နေဖို့ အရေးကြီးလှပါတယ်။ အိုမင်းရင့်ရော်နေတဲ့ အရေပြား ဘာ့ကြောင့် ဖြစ်လာရသလဲ အသက်အရွယ်ကြီးရင့်လာလေ အရေပြားလုပ်ဆောင်နိုင်စွမ်းက ကျဆင်းလာလေဖြစ်ပါတယ်။ Protein ဓာတ်တစ်မျိုးထုတ်လုပ်ပေးတဲ့ Collagen ထုတ်လုပ်မှု ကျဆင်းသွားပြီး အသားအရေတင်းတင်းရင်းရင်းလေးဖြစ်မနေတော့ပါဘူး။ Collagen က သင့်အသားအရေကို အစိုဓာတ်ထိန်းပေးထားပြီး အရေပြားပွန်းပဲ့ခြင်းနဲ့ ထိခိုက်ဒဏ်ရာတွေမှလည်း ကာကွယ်ပေးပါတယ်။ ရေခိုးရေငွေ့၊ ဖုန်ငွေ့၊ မီးခိုးငွေ့၊ နေရောင်ခြည်ဒဏ်ခံရမှုတွေက အသက်အရွယ်ကြီးရင့်လာတဲ့အခါ ပါးရေတွန့်ခြင်းနဲ့ အရေးအကြောင်းတွေဖြစ်ပေါ်စေပါတယ်။ အသားအရေ ရေဓာတ်ဆုံးရှုံးတဲ့အခါ ဘာတွေခံစားရမလဲ၊ ဘယ်လိုကာကွယ်သင့်သလဲ […]

    Cart