အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ပြီး ပါးရေတွန့်နေတဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ August 27, 2018

ရေသောက်ခြင်းက ကျန်းမာရေးအတွက် အရမ်းရေးကြီးပါတယ်။ အသက်ကြီးလာလေ ခန္ဓာကိုယ်အရေပြားက အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်စွမ်း လျော့နည်းလေဖြစ်ပါတယ်။ ရေဓာတ်ထိန်းသိမ်းထားနိုင်မှုလျော့နည်းတဲ့အတွက် ပါးရေတွန့်ခြင်း၊ အသားအရေလျော့တိလျော့ရဲဖြစ်ခြင်းများ သိသာထင်ရှားစွာ မြင်ရပါတယ်။

ခြောက်သွေ့တဲ့အရေပြားကို ပြန်လည်ပြုပြင်ပေးရန်အတွက် ဆဲလ်အသစ်တွေ ပြန်မွေးဖွားဖို့အလွန်နှေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ သင့်ခန္ဓာကိုယ်အတွင်းထဲသို့ ရေဓာတ်ဖြည့်ရုံသာမက အပေါ်ယံအရေပြားကလည်း ရေဓာတ်ဖြည့်နေဖို့ အရေးကြီးလှပါတယ်။

အိုမင်းရင့်ရော်နေတဲ့ အရေပြား ဘာ့ကြောင့် ဖြစ်လာရသလဲ

အသက်အရွယ်ကြီးရင့်လာလေ အရေပြားလုပ်ဆောင်နိုင်စွမ်းက ကျဆင်းလာလေဖြစ်ပါတယ်။ Protein ဓာတ်တစ်မျိုးထုတ်လုပ်ပေးတဲ့ Collagen ထုတ်လုပ်မှု ကျဆင်းသွားပြီး အသားအရေတင်းတင်းရင်းရင်းလေးဖြစ်မနေတော့ပါဘူး။ Collagen က သင့်အသားအရေကို အစိုဓာတ်ထိန်းပေးထားပြီး အရေပြားပွန်းပဲ့ခြင်းနဲ့ ထိခိုက်ဒဏ်ရာတွေမှလည်း ကာကွယ်ပေးပါတယ်။ ရေခိုးရေငွေ့၊ ဖုန်ငွေ့၊ မီးခိုးငွေ့၊ နေရောင်ခြည်ဒဏ်ခံရမှုတွေက အသက်အရွယ်ကြီးရင့်လာတဲ့အခါ ပါးရေတွန့်ခြင်းနဲ့ အရေးအကြောင်းတွေဖြစ်ပေါ်စေပါတယ်။

အသားအရေ ရေဓာတ်ဆုံးရှုံးတဲ့အခါ ဘာတွေခံစားရမလဲ၊ ဘယ်လိုကာကွယ်သင့်သလဲ

သင့်အရေပြားက အစိုဓာတ်ခမ်းခြောက်တဲ့အခါ အသားအရေ ပက်ကြားအက်လာပြီး အဖတ်လိုက်ကွာကျတာတွေ ဖြစ်တတ်ပါတယ်။ ခြောက်သွေ့တဲ့အသားရေက ဆဲလ်တွေရဲ့အစိုဓာတ်ကို အားနည်းစေပြီး ဆဲလ်တွေကိုလည်း ခြောက်သွေ့သေဆုံးသွားအောင် ပြုလုပ်ပါတယ်။ အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်း၊ ပါးရေတွန့်ခြင်းကို ရေသောက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရေသောက်ခြင်းကြောင့် အသားအရေ ကျန်းမာလှပစေပြီး ဆဲလ်လေးတွေ ကောင်းစွာအလုပ်လုပ်ဖို့ ကူညီပေးတယ်။ အသားအရေ စိုပြေဝင်းမွတ်တောက်ပလာအောင် ကူညီပေးပါတယ်။

သင့်လျော်သော ရေဓာတ်ပမာဏကို ဖြည့်တင်းပေးပါ

တစ်နေ့ကို အနည်းဆုံး ရေ ၉ ခွက်သောက်သုံးပေးပါ။ လေ့ကျင့်ခန်းပြုလုပ်လို့ ချွေးထွက်ရင်၊ ရာသီဥတုအရမ်းပူလို့ချွေးထွက်တဲ့အခါ ရေများများသောက်ပေးပါ။ အရေပြားကျန်းမာရေးကို  ကူညီထောက်ပံ့ပေးတဲ့ အရည်ရွှမ်းတဲ့အသီးအနှံ၊ ဟင်းသီဟင်းရွက်စားသုံးပေးမယ်။ ပဲအမျိုးမျိုး၊ အစေ့အဆံနဲ့ ပရိုတိန်းဓာတ်တွေကို စားသုံးမှီဝဲပေးပါ။ အသားအရေအတွက် သင့်လျော်တဲ့ ထိန်းသိမ်းကာကွယ်မှုတွေကိုလည်း ပြုလုပ်ပေးခြင်းအားဖြင့် အရေးအကြောင်းဖြစ်ပေါ်ခြင်းနဲ့ ပါးရေတွန့်ခြင်းကိုကာကွယ်လိုက်ပါ။

    Cart