ရေတစ်ခွက်ပြီးတစ်ခွက်သောက်ချင်အောင် ဆွဲဆောင်မယ့် ရေသောက်ခြင်းရဲ့ ကောင်းကျိုး (၄) ချက်

in ကျန်းမာရေးအကြံပြုချက် August 22, 2018

လူသားတိုင်းအသက်ရှင်နေထိုင်မှုအတွက် ရေကမရှိမဖြစ်လိုအပ်သလို ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပါတယ်။ ရေသောက်ခြင်းက စွမ်းအင်ပမာဏကိုမြှင့်တင်ပေးပြီး၊ အာရုံစိုက်မှုမြင့်မားအောင်၊ ကိုယ်အလေးချိန်ကျအောင် ကူညီပေးပါတယ်။ ကျန်းမာပျော်ရွှင်တဲ့နေထိုင်မှုဘဝကို လိုချင်တယ်ဆိုရင်တော့ ရေများများသောက်ပေးဖို့လိုပါတယ်။ အခုဖော်ပြပေးမယ့် ရေသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို ဖတ်ပြီးနောက်မှာ သင်ရေတစ်ခွက်ပြီး တစ်ခွက် သောက်ချင်သွားပါလိမ့်မယ်။ ၁။ ရေသောက်ခြင်းက သင့်ကို ထက်မြက်စေတယ် ရေဓာတ်ကုန်ခမ်းခြင်းကြောင့် သင့်ရဲ့အာရုံစိုက်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။ ရေတစ်ခွက်သောက်ပေးမယ်ဆိုရင် ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကို ၁၄ ရာခိုင်နှုန်းတိုးမြှင့်ပေးပါတယ်။ ဒါ့ကြောင့် ရေသောက်ပေးခြင်းက သင့်ကိုဥာဏ်ရည်ထက်မြက်အောင်ကူညီပေးနိုင်တယ်ဆိုလည်း မမှားပါဘူး။ ၂။ စိတ်ရှုပ်မှု၊ စိတ်ပင်ပန်းမှုကို လျော့ချပေးတယ် စိတ်အပြောင်းအလဲ အတက်အကျမြန်နေသလား၊ စိတ်ရှုပ်နေသလား။ ရေဓာတ်ခမ်းခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ပုံမှန်ရေသောက်ပေးခြင်းက ရေဆာမှရေသောက်ခြင်းထက် ခန္ဓာကိုယ်အတွက် များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ရေဓာတ်ခမ်းခြောက်ရင် စွမ်းအင်ပမာဏလည်းလျော့ကျနိုင်တယ်၊ ခံစားချက်တွေလည်းမကောင်းတော့ဘူး၊ တွေးခေါ်နိုင်စွမ်းတွေလည်း လျော့ကျလာပါလိမ့်မယ်။ တစ်နေ့တာလုံးလည်း စိတ်ဖိစီးနေမှာ […]

သောက်သုံးစရာအများကြီးထဲမှာမှ ရေကို ဘာကြောင့်ရွေးချယ်သင့်သလဲ

in ကျန်းမာရေးအကြံပြုချက် August 22, 2018

တစ်နေ့တာလုံး ကျန်းမာစွာနေထိုင်ဖို့ရန်အတွက် ရေပမာဏအမြောက်အမြားကို သောက်သုံးပေးရန်လိုအပ်ပါတယ်။ ရေငတ်ပြေဖို့ရန်အတွက် ကိုယ်နှစ်သက်ရာကို သောက်သုံးနိုင်ပေမယ့်၊ ရေငတ်နေတဲ့အချိန်မှာ ရေသောက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ရေပမာဏများများသောက်သုံးပေးခြင်းက သင့်ကို ကျန်းမာပြီး လန်းဆန်းတက်ကြွအောင် ကူညီပေးပါလိမ့်မယ်။ လူ့ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံက ရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ ဆုံးရှုံးသွားတဲ့ ရေပမာဏကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ခန္ဓာကိုယ်မှာ အမြဲတမ်းရေဓာတ်ရှိနေဖို့အတွက် ရေသောက်ပေးသင့်ပါတယ်။ ရေနည်းနည်းပဲသောက်မယ်ဆိုရင် ခန္ဓာကိုယ်က ရေဓာတ်လုံလောက်စွာမရရှိလို့ စိတ်ရောလူရော အလွယ်တကူပင်ပန်းနွယ်နယ်စေနိုင်ပါတယ်။ ဘာ့ကြောင့် ရေကိုပဲ ရွေးချယ်သောက်သုံးသင့်တာလဲ ဓာတုဆေးဝါးပါဝင်တဲ့ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေက အာဟာရဓာတ်ပါဝင်မှုနည်းပါးပါတယ်။ ဒါ့အပြင် Kilojoules ပါဝင်မှုများတဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးဖို့ရန် အရမ်းခက်ခဲပါတယ်။ သကြားနဲ့အက်ဆစ်ဓာတ်ပါဝင်မှုကလည်း များတဲ့အတွက်ကြောင့် သွားပိုးစားခြင်းကို လက်ယပ်ခေါ်နေသလိုပါပဲ။ ပြီးရင် ဈေးကလည်းမနည်းမနောပေးဝယ်ရတာပါ။ ဒါ့ကြောင့် သွားပိုးစားမှာ မပူရသလို၊ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးဖို့အတွက် ရေသောက်သုံးခြင်းကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။ မမေ့မလျော့အောင် […]

ရေကို ဘယ်အချိန်မှာ သောက်သုံးဖို့ အသင့်တော်ဆုံးလဲ

in ကျန်းမာရေးအကြံပြုချက် August 15, 2018

ရေသောက်သုံးပေးခြင်းဟာ သင့်ရဲ့အသက်ကို ကယ်ဆယ်နိုင်တယ်ဆိုတာကို သင်သိပြီးပါပြီလား။ သန့်စင်ကြည်လင်တဲ့ ရေသန့်ဟာ သင့်ရဲ့ခန္ဓာကိုယ်အတွင်းမှာ ချောချောမွေ့မွေ့ စီးဆင်းနိုင်စေဖို့ များစွာကူညီပေးပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေဖို့ ကြိုးစားခြင်းက သင့်ရဲ့ကျန်းမာရေးကို ကာကွယ်ပေးနိုင်တာကြောင့် နည်းလမ်းလေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ကျန်းမာရေးကို အကျိုးကျေးဇူးတွေဖြစ်စေဖို့ ရေများများသောက်လိုပါသလား။ ဒါဆိုရင်တော့ သင့်ခန္ဓာကိုယ်က ဘယ်အချိန်တွေမှာ ရေကို အလိုအပ်ဆုံးလဲဆိုတာ သိရှိနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ၁။ အိပ်ရာနိုးချိန် အိပ်ရာမှ နိုးထလာတဲ့အချိန်မှာ ရေအေးအေးလေးတစ်ခွက်ကို ချက်ချင်းသောက်ပေးလိုက်ခြင်းက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို စတင်လှုပ်ရှားဖို့အတွက် အချက်ပြလိုက်သလိုပါပဲ။ ခန္ဓာကိုယ်အတွင်းက သွေးလည်ပတ်မှုစနစ်ဟာ Free Radicals များနှင့် ညအချိန်မှာ လောင်ကျွမ်းသွားသွားသည့် ကယ်လိုရီများမှ အကြွင်းအကျန်တွေကို ဖယ်ရှားဖို့အတွက် အရည်လိုအပ်ပါတယ်။ ၂။ အစာမစားခင် အစာမစားခင် ရေတစ်ခွက်အရင်သောက်ပေးခြင်းက ပြည့်အင့်မှုကိုဖြစ်စေတာကြောင့် အစားအများကြီးမစားဖြစ်အောင် ဟန့်တားပေးမှာပါ။ […]

သန့်စင်တဲ့ရေကို သောက်သုံးပေးခြင်းကြောင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက် August 15, 2018

အသက်ရှင်သန်မှုအတွက် ရေဟာ လူသားတွေအတွက် မရှိမဖြစ် အရေးပါဆုံး Lifeline လို့ပြောရရင်မမှားပါဘူး။ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းဟာ လူတစ်ယောက်အတွက် ဘယ်လောက်သက်ရောက်မှုရှိနိုင်လဲဆိုတာ သိထားကြပြီးဖြစ်သလို ရေသောက်ခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း မမေ့လျှော့သင့်ပါဘူး။ ဒါကြောင့် စနစ်တကျသန့်စင်ပြီးသား သောက်သုံးရေများကနေ ရရှိနိုင်တဲ့ အံ့ဖွယ်ရလဒ်တွေက ဘာတွေဖြစ်မလဲဆိုတာကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။ သောက်ရေသန့်ရဲ့ အရေးကြီးပုံ ရေဟာ ကိုယ်ခန္ဓာအတွင်းမလိုအပ်တဲ့ အဆိပ်အတောက်နဲ့ Waste Products တွေကို ထိထိရောက်ရောက် ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ အသားအရေအတွက် ဘယ်လိုအကျိုးပြုသလဲ။ ရေဟာ ခန္ဓာကိုယ်အတွင်းကလီစာတွေကို သန့်စင်ပေးနိုင်ရုံသာမက ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိဖို့အတွက်လည်း များစွာအကျိုးပြုပါတယ်။ ဆံကေသာ ကျန်းမာရေး ရေများများသောက်ခြင်းဟာ ဆံသားကောင်းမွန်စေအောင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ပါတယ်။ Chemical ပါတဲ့ Hair Productတွေကြောင့် ပျက်စီးသွားတဲ့ဆံသားတွေကို တစ်ဖက်တစ်လမ်းကနေ ထိန်းသိမ်းပြုပြင်ပေးပါတယ်။ […]

ပူပြင်းခြောက်သွေ့ပြီး ချွေးအလွန်ထွက်တတ်သည့် နွေရာသီမှာ ရေဓာတ်ပြည့်ဝနေစေနိုင်မယ့်  အကြံဥာဏ်ကောင်းလေးအချို့

in ကျန်းမာရေးအကြံပြုချက် August 15, 2018

အာဟာရဓာတ်တွေဆိုတာဟာ အစားအသောက်တစ်ခုထဲမှ ရရှိနိုင်တာမဟုတ်ပါဘူး။ အစာမရှိဘဲ အချိန်အတိုင်းအတာ တစ်ခုလောက် နေထိုင်နိုင်ပေမယ့် ရေမရှိလျှင်တော့ ရက်အနည်းငယ်ပဲခံနိုင်ရည်ရှိမှာပါ။ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးရန်၊ ကိုယ်တွင်းအညစ်အကြေးများကို ဖယ်ရှားပစ်ရန်အတွက်သာမက ခန္ဓာကိုယ်တစ်လျှောက်လုံး သွေးလည်ပတ်စီးဆင်းနိုင်ဖို့အတွက်ပါ ရေကိုမရှိမဖြစ်လိုအပ်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာတို့လို့ စိုးရိမ်ရတဲ့ အခြေအနေတွေမဖြစ်ပွားစေဖို့အတွက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများမှ အပူများကို ရေမှအဝေးကိုသယ်ဆောင်သွားပေးပါတယ်။ ၂ ရာခိုင်နှုန်းလောက် ရေဓာတ်လျော့နည်းသွားသည်နှင့် စိုးရိမ်ရလောက်တဲ့ မူးဝေခြင်း၊ နှလုံးသွေးကြောလမ်းကြောင်းဟန့်တားနှောင့်ယှက်မှုများကို ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် အပူချိန်မြင့်မားပြီး ခြောက်သွေ့လွန်းလှတဲ့ နွေရာသီလိုအချိန်မျိုးမှာ ရေဓာတ်ပြည့်ဝနေဖို့အတွက် အသုံးဝင်မယ့် အကြံဥာဏ်ကောင်းလေးများကို ဖော်ပြပေးလိုက်ရပါတယ်။ ရေငတ်ခြင်းကို ရှောင်ရှားဖို့အတွက် ရေတစ်ခွက် သို့မဟုတ် ရေဗူးကို အနားမှာထားပြီး သတိရတိုင်း မှန်မှန်သောက်သုံးပေးပါ။ အလွန်ပူပြင်းသည့် အပူထဲတွင် သို့မဟုတ် တစ်နာရီထက်ပိုပြီး လေ့ကျင့်ခန်းလုပ်တဲ့အချိန်တိုင်း အချိုရည်တွေ မဟုတ်ဘဲ […]

ရေနဲ့ကျန်းမာရေးဟာ ဘယ်လိုပုံစံတွေနဲ့ ဆက်စပ်နေကြသလဲ

in ကျန်းမာရေးအကြံပြုချက် February 27, 2018

လူသားများ၏ ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းဟာ ရေဓာတ်ပြည့်ဝနေတာဖြစ်ပြီး ဆဲလ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အညစ်အကြေးများကို စွန့်ထုတ်ရန်၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အားဖြည့်ရန်၊ အောက်စီဂျင် ပုံမှန်လည်ပတ်ရန်၊ ချွေးဖြင့် ခန္ဓာကိုယ်ကိုအေးမြအောင်လုပ်ဖို့တို့အတွက် ရေကိုအသုံးပြုကြပါတယ်။ သို့သော်လည်း သင့်ရဲ့ အသက်ရှုရှိုက်မှု၊ ကြွက်သားများ၊ အသားအရေနှင့် ဦးနှောက် အလုပ်လုပ်မှုတို့အပေါ်မှာ ဘယ်လိုပတ်သက်နေသလဲဆိုတာကို သိရှိစေနိုင်ဖို့အတွက် အခုပဲဖော်ပြပေးလိုက်ရပါတယ်။ ဦးနှောက် ရေမှန်မှန်သောက်သုံးခြင်းဟာ သင့်ရဲ့မှတ်ဥာဏ်ကို စူးရှထက်မြက်စေဖို့နှင့် စိတ်ခံစားချက် တည်ငြိမ်ခြင်းတို့ကို ဖြစ်စေနိုင်ရုံသာမက ရေဓာတ်ပြည့်ဝနေပြီဆိုလျှင် ပြဿနာများကို လွယ်လွယ်ကူကူ စဉ်းစားတွေးခေါ်နိုင်အောင် ကူညီပေးပါတယ်။ လုံလောက်သည့်ရေပမာဏကို မသောက်သုံးမိဘူးဆိုလျှင်တော့ ဦးနှောက်သို့ အောက်စီဂျင်ရောက်ရှိမှု သို့မဟုတ် အာရုံကြောများ ခေတ္တခဏကျုံ့သွားခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပါးစပ် သင့်ရဲ့လည်ပင်းနှင့် နှုတ်ခမ်းတို့ကို ခြောက်သွေ့မှုမရှိဘဲ စိုစွတ်နေစေဖို့အတွက် ရေမှကူညီပေးတာဖြစ်ပါတယ်။ ရေကိုလုံလုံလောက်လောက် မသောက်သုံးသည့်အခါမှာတော့ […]

နည်းစနစ်ကျကျ သန့်စင်ထားပြီးတဲ့ ရေသန့်ကို လူတွေဘာကြောင့် သောက်သုံးသင့်တာလဲ

in ကျန်းမာရေးအကြံပြုချက် February 27, 2018

ကျွန်ုပ်တို့လို လူသားတွေဟာ တွေ့သမျှရေကို သောက်သုံးရေအဖြစ် အသုံးပြုလို့မရသလို သုံးလို့လည်းမဖြစ်ပါဘူး။ ရေမှာပျော်ဝင်နေတဲ့ဓာတ်တွေဟာ အလွန်ကိုများပြားလှတာကြောင့် လူ့ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေကို ဖယ်ရှားသန့်စင်ထားပြီးသားဖြစ်သည့် Purify Water ကိုပဲ သောက်သုံးသင့်ပါတယ်။ ဒီကြောင်းအရာနဲ့ ပတ်သတ်ပြီး ဗဟုသုတအနေနဲ့ သိထားပြီးသားလူများရှိသလို ဘာလို့မသောက်သုံးသင့်လဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သေချာသိနားမလည်သေးတဲ့ သူများအတွက်  သိရှိနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။ မသန့်ရှင်းတဲ့ရေဆိုတာ ဘယ်လိုမျိုးလဲ သဘာဝရေတိုင်းဟာ မသန့်ရှင်းပါဘူး။ မတူညီတဲ့ အနံ့အရသာတွေ ပေါင်းစပ်ပါဝင်နိုင်သလို မမြင်နိုင်တဲ့ ပိုးမွှားတွေ၊ ဓာတုဓာတ်တွေလည်းပါဝင်နိုင်လို့ မသန့်တဲ့ရေကို သောက်မိတဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေရရှိလာနိုင်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေက ညစ်ညမ်းစေတာလဲ။ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေရတဲ့ အဓိကအကြောင်းအရင်းဟာ နှစ်မျိုးရှိပါတယ်။ လူကလုပ်လို့ညစ်ညမ်းသွားတဲ့ရေ အရင်းအမြစ်တွေရှိသလို သဘာဝအလျှောက်မသောက်သုံးသင့်တဲ့ ရေအမျိုးအစားတွေလည်းရှိပါတယ်။ သန့်ရှင်းတဲ့ရေကို ဘာလို့သောက်သင့်သလဲ မသန့်ရှင်းတဲ့ ရေတွေသောက်မိရင် ထိုရေကရနိုင်တဲ့ […]

မနက်အိပ်ရာနိုးတာနဲ့ ရေတစ်ခွက် သောက်သုံးပေးမယ်ဆိုရင် တစ်လကြာပြီးနောက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်လာနိုင်မလဲ

in ကျန်းမာရေးအကြံပြုချက် February 27, 2018

ဂျပန်အမျိုးသမီးတွေဟာ ဘာကြောင့် သေးသွယ်ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ စိုပြေလှပတဲ့အသားအရေကို ပိုင်ဆိုင်ထားကြတာပါလဲ။ အကြောင်းအရင်းကတော့ ဂျပန်လူမျိုးတွေဟာ မနက်မိုးလင်း အိပ်ရာမှနိုးထသည့်အချိန်တိုင်း ဗိုက်ထဲမှာအစာမရှိသေးချိန်မှာ ရေတစ်ခွက်ကို မှန်မှန်သောက်သုံးတတ်ကြပါတယ်။ ဒီလိုမျိုးကောင်းမွန်တဲ့ အလေ့အကျင့်ကို ပြုမူခြင်းက ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ မနက်မိုးလင်း ဗိုက်ထဲအစာမရှိချိန် ရေတစ်ခွက်မှန်မှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဒီလိုမျိုး အကျိုးရလဒ်တွေကို ခံစားလာရမှာပါ။ ပိုပြီးတက်တက်ကြွကြွရှိလာခြင်း   မနက်မိုးလင်းချိန်တိုင်း ရေတစ်ခွက်ကို မှန်မှန်သောက်သုံးပေးမယ်ဆိုပါက ရက်အနည်းငယ်ကြာသည့်အခါ ခန္ဓာကိုယ်က ပိုမိုပေါ့ပါးလန်းဆန်းလာပြီး အဆိပ်အတောက်တွေကို ပိုမိုလွယ်ကူစွာ ဖယ်ရှားနိုင်တာကို ခံစားမိလာမှာပါ။ ဇီဝဖြစ်စဉ်တိုးတက်လာခြင်း ဒီလိုမျိုး ရေကိုသောက်သုံးပေးခြင်းက နာရီတိုင်းလိုလို အစာစားချင်စိတ်ဖြစ်ပေါ်ခြင်း၊ သရေစာများ စားသုံးခြင်းတို့ကို ဟန့်တားပေးမှာဖြစ်တာကြောင့် အားအင်တွေပိုမိုပြည့်ဝလာမှာပါ။ ကိုယ်အလေးချိန်လျော့ကျစေခြင်း မကြာခဏဆာလောင်မှုဖြစ်ပေါ်ခြင်းကို ဟန့်တားပေးရုံသာမက အစာခြေဖျက်မှုကိုလည်း နှေးကွေးလေးလံစေပါတယ်။ သည့်အပြင် အားအင်တွေ ပိုမိုပြည့်ဝလာတာကြောင့် […]

လူသားများအတွက် ရေဟာဘာကြောင့် အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သလဲ

in ကျန်းမာရေးအကြံပြုချက် February 27, 2018

ကျန်းမာရေးကောင်းမွန်ဖို့အတွက် ရေဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို အားလုံးပဲသိထားပြီးကြမှာပါ။ သို့သော်လည်း ဘယ်လိုပုံစံနဲ့ ကိုယ့်ရဲ့ကျန်းမာရေးကို အထောက်အကူဖြစ်စေသလဲ၊ ဘယ်လိုမျိုးကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲဆိုတာကိုတော့ သေချာနားလည်သဘောမပေါက်ကြပါဘူး။ ရေဓာတ်ပြည့်ဝဖို့အတွက် အရည်တွေကိုသာသောက်သုံးပေးရမှာမဟုတ်ဘဲ အရည်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ပူးတွဲစားသုံးပေးနိုင်ပါတယ်။ ဒါဆိုရင် လူသားများအတွက် ရေက ဘာကြောင့် အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သလဲဆိုတာကို အခုပဲပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ သွားရည်ဖြစ်စေခြင်း ခံတွင်းကျန်းမာစေရေးနှင့် မာကြောသောအစာများကို ခြေဖျက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်သော သွားရည်တွင် ရေဟာအဓိကအစိတ်ပိုင်းတစ်ခုပါ။ အရည်များကို မှန်မှန်သောက်သုံးပေးမယ်ဆိုရင် သွားရည်ကို ပုံမှန်ထုတ်လုပ်နိုင်ပေမယ့် အသက်အရွယ်ရလာသည်နှင့်အမျှ သို့မဟုတ် အချို့ဆေးဝါးများ၊ ကုထုံးများကြောင့်လည်း သွားရည်ထုတ်လုပ်မှုလျော့နည်းသွားနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပေးခြင်း ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ချိန်၊ ပူပြင်းတဲ့ရာသီဥတုပတ်ဝန်းကျင်များတွင် ခန္ဓာကိုယ်မှ ချွေးတွေထွက်လာကာ ရေဓာတ်ကုန်ဆုံးလာပါတယ်။ ကိုယ်ခန္ဓာအေးမြနေစေဖို့အတွက် ချွေးကထိန်းသိမ်းပေးတာကြောင့် ကုန်ဆုံးသွားတဲ့ရေကို ပြန်လည်မဖြည့်တင်းပေးဘူးဆိုရင် ကိုယ်အပူချိန်လည်းမြင့်တက်လာပါလိမ့်မယ်။ ဒါကြောင့် […]

အခုချိန်ကစပြီး ရေသန့်ကို သောက်သုံးပေးသင့်တဲ့ အရေးပါတဲ့အကြောင်းအရင်းများ

in ကျန်းမာရေးအကြံပြုချက် February 27, 2018

ယနေ့အချိန်မှာ ဘယ်လောက်ပဲ ရေသန့်တွေအမျိုးမျိုး ပေါ်ထွက်နေပေမယ့်လည်း လူတချို့တလေကတော့ တွင်းရေကို သောက်သုံးနေကြဆဲပါပဲ။ ထိုတွင်းရေတွေမှာ ဘတ်တီးရီးယားတွေ၊ ခဲသတ္တုဓာတ်တွေ၊ မာကျူရီနဲ့ ညစ်ညမ်းအမှိုက်တွေ ပေါင်းစပ်ပါဝင်နိုင်တာကြောင့် သောက်သုံးမိတဲ့အခါမှာ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုး ကျန်းမာရေးကို ထိခိုက်စေမယ့် ပြဿနာတွေမဖြစ်လာဖို့အတွက် သန့်စင်တဲ့ရေကို သောက်သုံးဖို့က အလွန်အရေးကြီးပါတယ်။ သည့်အတွက် ဘာကြောင့် ရေသန့်ကို ပြောင်းသောက်ဖို့ လိုနေပြီလဲဆိုတဲ့ မေးခွန်းအတွက် ခိုင်မာတဲ့ အကြောင်းအရင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေခြင်း ဓာတုပစ္စည်းတွေနဲ့ အခြားအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဒြပ်တွေဟာ ရေထဲမှာ ပေါင်းစပ်ပါဝင်နေနိုင်ပြီး ကင်ဆာရောဂါများဖြစ်နိုင်ခြေကို တိုးမြင့်စေပါတယ်။ သန့်စင်တဲ့ရေကို သောက်သုံးပေးခြင်းက ထိုအန္တရာယ်ဖြစ်စေနိုင်သည့် အရာတစ်ခုတစ်လေမှ မပါဝင်သည့်အတွက် ကင်ဆာဖြစ်ပွားလာမှုမှ ဟန့်တားရာရောက်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အရသာ အချို့ညစ်ညမ်းမှုတွေက ကျန်းမာရေးကို ထိခိုက်စေရုံသာမကပဲ သောက်သုံးရေရဲ့ […]

    Cart