သန့်စင်တဲ့ရေကို သောက်သုံးပေးခြင်းကြောင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက် August 15, 2018

အသက်ရှင်သန်မှုအတွက် ရေဟာ လူသားတွေအတွက် မရှိမဖြစ် အရေးပါဆုံး Lifeline လို့ပြောရရင်မမှားပါဘူး။ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းဟာ လူတစ်ယောက်အတွက် ဘယ်လောက်သက်ရောက်မှုရှိနိုင်လဲဆိုတာ သိထားကြပြီးဖြစ်သလို ရေသောက်ခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း မမေ့လျှော့သင့်ပါဘူး။

ဒါကြောင့် စနစ်တကျသန့်စင်ပြီးသား သောက်သုံးရေများကနေ ရရှိနိုင်တဲ့ အံ့ဖွယ်ရလဒ်တွေက ဘာတွေဖြစ်မလဲဆိုတာကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

သောက်ရေသန့်ရဲ့ အရေးကြီးပုံ

ရေဟာ ကိုယ်ခန္ဓာအတွင်းမလိုအပ်တဲ့ အဆိပ်အတောက်နဲ့ Waste Products တွေကို ထိထိရောက်ရောက် ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။

အသားအရေအတွက် ဘယ်လိုအကျိုးပြုသလဲ။

ရေဟာ ခန္ဓာကိုယ်အတွင်းကလီစာတွေကို သန့်စင်ပေးနိုင်ရုံသာမက ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိဖို့အတွက်လည်း များစွာအကျိုးပြုပါတယ်။

ဆံကေသာ ကျန်းမာရေး

ရေများများသောက်ခြင်းဟာ ဆံသားကောင်းမွန်စေအောင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ပါတယ်။ Chemical ပါတဲ့ Hair Productတွေကြောင့် ပျက်စီးသွားတဲ့ဆံသားတွေကို တစ်ဖက်တစ်လမ်းကနေ ထိန်းသိမ်းပြုပြင်ပေးပါတယ်။

ရေဟာ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူဖြစ်စေနိုင်သလဲ

ရေဟာ ကျန်းမာရေးကိုကောင်းမွန်စေတယ်ဆိုပေမယ့် လိုအပ်တဲ့ပမာဏကို ပုံမှန်ထိရောက်စွာသောက်ပေးတတ်ဖို့တော့ အထူးလိုအပ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ၆၀ ရာခိုင်နှုန်းလောက်ဟာ ရေနဲ့ပြည့်နေတာကြောင့် ရေဓာတ်ပြည့်ဝပြီး ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ဖို့ဆိုရင် ရေသောက်ဖို့မေ့လျှော့သင့်ပါဘူး။

    Cart