ရေကို ဘယ်အချိန်မှာ သောက်သုံးဖို့ အသင့်တော်ဆုံးလဲ

in ကျန်းမာရေးအကြံပြုချက် August 15, 2018

ရေသောက်သုံးပေးခြင်းဟာ သင့်ရဲ့အသက်ကို ကယ်ဆယ်နိုင်တယ်ဆိုတာကို သင်သိပြီးပါပြီလား။ သန့်စင်ကြည်လင်တဲ့ ရေသန့်ဟာ သင့်ရဲ့ခန္ဓာကိုယ်အတွင်းမှာ ချောချောမွေ့မွေ့ စီးဆင်းနိုင်စေဖို့ များစွာကူညီပေးပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေဖို့ ကြိုးစားခြင်းက သင့်ရဲ့ကျန်းမာရေးကို ကာကွယ်ပေးနိုင်တာကြောင့် နည်းလမ်းလေးတွေကို သိထားဖို့ လိုအပ်ပါတယ်။

သင့်ရဲ့ကျန်းမာရေးကို အကျိုးကျေးဇူးတွေဖြစ်စေဖို့ ရေများများသောက်လိုပါသလား။ ဒါဆိုရင်တော့ သင့်ခန္ဓာကိုယ်က ဘယ်အချိန်တွေမှာ ရေကို အလိုအပ်ဆုံးလဲဆိုတာ သိရှိနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ရာနိုးချိန်

အိပ်ရာမှ နိုးထလာတဲ့အချိန်မှာ ရေအေးအေးလေးတစ်ခွက်ကို ချက်ချင်းသောက်ပေးလိုက်ခြင်းက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို စတင်လှုပ်ရှားဖို့အတွက် အချက်ပြလိုက်သလိုပါပဲ။ ခန္ဓာကိုယ်အတွင်းက သွေးလည်ပတ်မှုစနစ်ဟာ Free Radicals များနှင့် ညအချိန်မှာ လောင်ကျွမ်းသွားသွားသည့် ကယ်လိုရီများမှ အကြွင်းအကျန်တွေကို ဖယ်ရှားဖို့အတွက် အရည်လိုအပ်ပါတယ်။

၂။ အစာမစားခင်

အစာမစားခင် ရေတစ်ခွက်အရင်သောက်ပေးခြင်းက ပြည့်အင့်မှုကိုဖြစ်စေတာကြောင့် အစားအများကြီးမစားဖြစ်အောင် ဟန့်တားပေးမှာပါ။ ရေဓာတ်ပြည့်နေခြင်းက ခံတွင်းအရသာကိုလည်း တိုးမြင့်စေပြီး အစာအိမ်ကိုလည်း အစိုဓာတ်ပေးစွမ်းသည့်အတွက် အချဉ်ဓာတ်ရှိတဲ့ အစားအစာများကြောင့် မအီမသာဖြစ်ခြင်းမှ သက်သာစေမှာဖြစ်ပါတယ်။

 ၃။ ဗိုက်ဆာတဲ့အချိန်

တခါတလေမှာ လူအများစုက ရေဆာတာကို ဗိုက်ဆာတာနဲ့  အထင်မှားတတ်ကြတဲ့အတွက် ထမင်းစားတဲ့အချိန်မတိုင်ခင်ကြားထဲမှာ ဗိုက်ဆာလာပါက သန့်ရှင်းလတ်ဆတ်ပြီး အေးမြတဲ့ ရေတစ်ခွက်ကို သောက်သုံးလိုက်ပါ။ အစာမစားခင်ဖြစ်စေ၊ စားနေချိန်ဖြစ်စေ ရေသောက်သုံးပေးခြင်းက ဗိုက်မြန်မြန်ပြည့်စေသည့်အတွက် ကယ်လိုရီတွေစားသုံးမိခြင်းမှ တားဆီးပေးပါတယ်။

၎။ လေ့ကျင့်ခန်းမလုပ်မှီ

အပူချိန်ပေါ်မူတည်ပြီး အစိုဓာတ်နဲ့ သင့်ခန္ဓာကိုယ်ရဲ့ အရည်ပမာဏက လျှော့နည်းသွားနိုင်တာကြောင့် လေ့ကျင့်ခန်းမလုပ်မှီနှင့် လုပ်ပြီးနောက်မှာ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ အရမ်းပူတဲ့အချိန်မှာဖြစ်စေ၊ အေးတဲ့အချိန်မှာဖြစ်စေ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ်ဖို့အတွက် ရေဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ပြီးနောက်

အားတက်သရော လေ့ကျင့်ခန်းလုပ်ပြီးနောက်မှာ ကုန်ဆုံးသွားတဲ့အရည်များကို ပြန်လည်ဖြည့်တင်းဖို့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ သောက်သုံးရမယ့် ပမာဏကတော့ သင့်ရဲ့ကိုယ်အလေးချိန်၊ ကျန်းမာရေးနှင့် ရာသီဥတုအခြေအနေပေါ်မူတည်ပါတယ်။ ဒါပေမယ့်လည်း အလောတကြီးနဲ့တော့ မသောက်သုံးမိအောင် သတိထားပါ။

၆။ ရောဂါပိုးများနှင့် ထိတွေ့ပြီးနောက်

နေထိုင်မကောင်းဖြစ်နေသူများ၏ အနီးအနားမှာ ရှိနေရမယ်ဆိုပါက ခန္ဓာကိုယ်မှာကပ်ညိလာနိုင်တဲ့ ရောဂါပိုးမွှားများကို ဆေးကြောပစ်ဖို့အတွက် ပုံမှန်ထက် ရေအနည်းငယ်ပိုသောက်ပါ။ ခန္ဓာကိုယ်ဟာ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်များ ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၇။ နေမကောင်းတဲ့အချိန်

နေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာ မြန်မြန်သက်သာလာစေဖို့အတွက် ရေအပါအဝင် အခြားအရည်များများ သောက်သုံးပေးဖို့လိုအပ်ပါတယ်။ နေ့စဉ်နေ့တိုင်း ရေ(၈) ခွက် သောက်သုံးပေးခြင်းက လူအများစုအတွက် ကောင်းတဲ့အချက်တစ်ချက်ဖြစ်ပြီး လက်ဖက်ရည်၊ ဖျော်ရည်၊ ဟင်းချို တို့လို အရည်များကလည်း အရည်သောက်သုံးမှုထဲမှာ ထည့်သွင်းတွက်ချက်သင့်ပါတယ်။

၈။ ပင်ပန်းနွယ်နယ်တဲ့အခါ

တစ်နေကုန်အလုပ်လုပ်နေရပြီး တစ်ရေးတစ်မောအိပ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားရတယ်ဆိုရင်တော့ ရေတစ်ခွက် သို့မဟုတ် နှစ်ခွက်သောက်လိုက်ပါ။ ရေဓာတ်ကုန်ခမ်းခြင်းရဲ့ လက္ခဏာတွေထဲမှာလည်း ပင်ပန်းနွမ်းလျမှုက တစ်ခုအပါအဝင်ပါ။ ရေရဲ့ မြန်မြန်စီးဆင်းနိုင်တဲ့ အစွမ်းသတ္တိကြောင့် ဦးနှောက်ဆီအချိန်တိုအတွင်း ရောက်ရှိနိုင်ကာ လန်းဆန်းမှုကို ပေးစွမ်းမှာဖြစ်ပါတယ်။

    Cart