စိုပြေဝင်းမွတ်တဲ့ အသားအရေလေးပိုင်ဆိုင်ပြီး အမြဲတမ်းငယ်ရွယ်နုပျိုလှပနေခြင်း၏ လျှို့ဝှက်ချက်

in ကျန်းမာရေးအကြံပြုချက် August 25, 2018

နုပျိုလှပခြင်းရဲ့ အဓိကသော့ချက်က ရေသောက်ခြင်းဖြစ်တယ်လို့ မိန်းကလေးအများစုပြောတာ ကြားဖူးကြမှာပါ။ သိပ္ပံပညာရှင်များကလည်း ရေသောက်ခြင်းက အသားအရည်ကြည်လင်တောက်ပအောင် ပြုလုပ်ပေးပြီး ငယ်ရွယ်နုပျိုတဲ့ပုံပေါ်အောင် ပြုလုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။ ရေသောက်ခြင်းက အသားအရေကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲဆိုရင်

၁။ အစာမစားရသေးခင် ရေသောက်တဲ့အခါမှာ အူလမ်းကြောင်းကို သန့်စင်ပေးပြီး အသားအရေအတွက် ကောင်းကျိုးပေးမယ့် အာဟာရဓာတ်တွေကို စုပ်ယူရတာ ပို၍လွယ်ကူစေပါတယ်။

၂။ ရေသောက်ခြင်းက ပျက်စီးသွားတဲ့ ဆဲလ်အဟောင်းလေးတွေနေရာမှာ အသားအရေကျန်းမာရေးကို ကူညီပံ့ပိုးပေးမယ့် ဆဲလ်အသစ်လေးတွေပြန်လည်ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးပါတယ်။

၃။ မနက်အိပ်ရာနိုးနိုးချင်းမှာ ရေအေးတစ်ခွက်သောက်ပေးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ရေသောက်ခြင်းက ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျော့ချပေးပါတယ်။

၎။ ရေသောာက်ပေးခြင်းက သင့်သွေးထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သင့်အသားအရေကို  ကြည်လင်ချောမွေ့တောက်ပြောင်နေအောင် ပြုလုပ်ပေးပါတယ်။

၅။ ရေသောက်ခြင်းက သွေးဖြူဥလေးတွေ ညီညွှတ်မျှတအောင်ပြုလုပ်ပေးပါတယ်။ အကျိုးရလဒ်အနေနဲ့ သင့်တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်မှာဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်တွေကို ညီညွှတ်မျှတနေစေတယ်၊ ရောဂါဘယတွေကို တိုက်ထုတ်ပေးတယ်။ ဝက်ခြံနဲ့ အမည်းစက်တွေရန်မှလည်း ကာကွယ်ပေးတယ်၊ ဒါ့အပြင် အရေပြားရောဂါကူးစက်မှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

တစ်နေ့ကို ရေ (၁၀) ခွက်သောက်သုံးပေးခြင်းက ကျန်းမာလှပတဲ့ခန္ဓာကိုယ်နဲ့ လှပစိုပြေတဲ့အသားအရေလေးတွေကို ပိုင်ဆိုင်စေပါတယ်။ ဒါ့ကြောင့် အမည်းစက်နဲ့ အသားအရေ မွဲခြောက်ရှုံ့တွခြင်းကို ကာကွယ်ပေးပြီး မိမိကိုယ်ကို အမြဲတမ်းငယ်ရွယ်နုပျိုနေစေဖို့ ရေများများသောက်ပေးသင့်ပါတယ်။

    Cart