စိုပြေလှပသောအသားအရေနှင့် နက်မှောင်ထူထဲသောဆံပင် ပိုင်ဆိုင်အောင် ရေဘယ်လိုသောက်မလဲ

in ကျန်းမာရေးအကြံပြုချက်, ဆံကေသာ, အသားအရေ August 25, 2018

သင်က ကိုယ်အလေးချိန်ထိန်းချင်ပြီးတော့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ချင်သူတစ်ယောက်ဆိုရင်တော့ အရေးကြီးဆုံးလုပ်ရမယ့်အရာကတော့ ရေသောက်ခြင်းပဲဖြစ်ပါတယ်။ သင့်မှာရေဓာတ်လုံလောက်စွာမရရှိတဲ့အခါ ရေဓာတ်ခမ်းခြောက်ပြီး မူးဝေမောပန်းမယ်၊ သွေးပေါင်ကျမယ်၊ အလုပ်လုပ်နိုင်စွမ်းတွေလည်း လျော့ကျလာပါလိမ့်မယ်။

ရေသောက်ခြင်းကြောင့် ဘယ်လိုကောင်းကျိုးလေးတွေရမလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်နော်။

ကျန်းမာစိုပြေလှပသော အသားအရေ

သင့်အရေပြားက အစိုဓာတ်ကိုထိန်းသိမ်းပေးထားတဲ့ သဘာဝအတားအဆီးတစ်ခုပါ။ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင် သဘာဝအတားအဆီးကဖျက်ဆီးခြင်းခံရပြီး အသားအရည်ခြောက်သွေ့ကြမ်းတမ်ပြီး အရေပြားရဲ့လုပ်ဆောင်နိုင်စွမ်းလျော့ကျလာမယ်၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ရေသောက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်အတောက်နဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်တောက်ပလာအောင် ပြုလုပ်ပေးပါလိမ့်မယ်။

ဆံပင်ကျန်းမာရေး

ရေဓာတ်ပြည့်ဝခြင်းက သင့်အသားအရည်ကိုစိုပြေဝင်းပစေရုံမက သင့်ဆံပင်ကျန်းမာရေးကိုလည်း ကောင်းကျိုးပေးပါသေးတယ်။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာမရှိဘူးဆိုရင် သင့်ဆံပင်က အားနည်းလာပြီး ကျိုးပဲ့ပျက်စီးလွယ်ပါတယ်။

ရေသောက်တဲ့အလေ့အကျင့်ကို ဘယ်လိုမွေးမြူမလဲ

ရေဓာတ်မှန်မှန်ဖြည့်ပေးခြင်းက အရေးကြီးပါတယ်။ ရေတစ်ဖန်ခွက်ကလေးသောက်ရုံနဲ့ သင့်အသားအရေစိုပြေဝင်းပလာပြီး ဆံသားလေးတွေလည်းထူထဲလာလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ အခြားအလေ့အကျင့်တွေကို မွေးမြူရသလိုပဲ ရေမှန်မှန်သောက်ခြင်းအလေ့အကျင့်ကိုလည်း မွေးမြူရပါမယ်။ သင်ဘယ်ကိုပဲသွားသွားရေဘူးတစ်ဘူး အမြဲဆောင်ထားပါ။ သင့်အလုပ်စားပွဲ၊ စာကြည့်စားပွဲပေါ်မှာ ရေဘူးနဲ့ဖန်ခွက်ထားထားပါ။ ဒါမှလည်း ကိုယ်တစ်နေ့ ရေဘယ်လောက်သောက်သလဲဆိုတာ တိုင်းတာလို့ရမှာပါ။

အစားအသောက်မစားခင်နဲ့ စားပြီးနောက်မှာ ရေသောက်ပေးခြင်းကလည်း သင့်ကိုဗိုက်ပြည့်စေပြီး သင့်အစားစားချင်စိတ်ကိုထိန်းချုပ်ပေးပါတယ်။ အာဟာရဓာတ်က သင့်ကိုစွမ်းအင်တွေဖြည့်ဆည်းပေးသလိုပဲ ရေကလည်း စွမ်းအင်တွေဆောင်ကျဉ်းပေးနိုင်ပါတယ်။ မနက်ခင်းကော်ဖီတစ်ခွက်သောက်မဲ့အစား ရေကိုအစားထိုးပေးခြင်းဖြင့် သင့်ရေသောက်ခြင်းအလေ့အကျင့်ကိုတိုးတက်လာအောင်ပြုလုပ်နိုင်ပါတယ်။

ကော်ဖီထဲမှာပါတဲ့ ကာဖိန်းဓာတ်က သင့်ကိုရေဓာတ်ခမ်းခြောက်စေမှာဖြစ်ပြီး ကော်ဖီထဲကိုမှ သကြားတွေ၊ ခရမ်တွေ၊ နို့တွေ ထပ်ထည့်မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ကယ်လိုရီတွေကို ထပ်ပေါင်းထည့်တာနဲ့တူနေပါတယ်။ ဒါ့ကြောင့် ကျန်းမာလှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရေများများသောက်ပေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်

    Cart