သင်တစ်ခါမှမကြားဖူးတဲ့ သင့်ကိုရေများများသောက်အောင်တွန်းအားပေးမယ့် ထူးဆန်းတဲ့နည်းလမ်း (၆) ချက်

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ကျန်းမာလှပဖို့အတွက် ရေများများသောက်ရမယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် တကယ်တမ်းလိုက်နာကျင့်သုံးပြီး ရေများများသောက်တဲ့သူတွေကတော့ လက်ချိုးရေလို့တောင်ရပါတယ်။ အမျိုးသားများအနေနဲ့ တစ်နေ့ကို ရေ ၁၃ ခွက်သောက်သုံးသင့်ပြီး အမျိုးသမီးများကတော့ တစ်နေ့ကို အနည်းဆုံး ၉ ခွက် သောက်သုံးသင့်ပါတယ်။

ရေသောက်သုံးခြင်းကြောင့် စွမ်းအင်ပမာဏကို မြှင့်တင်ပေးတယ်၊ ခံစားချက်ကောင်းတွေ ရရှိစေတယ်၊ ကျန်းမာရေးလည်းကောင်းမွန်စေတဲ့အတွက်ကြောင့် သင့်မှာ ရေများများသောက်သုံးတဲ့အလေ့အကျင့်လေးရအောင် ကူညီပေးဖို့ နည်းလမ်း (၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေဘူးကို ရုံးသယ်သွားပါ

ရိုးရိုးရေဘူးကိုပြောတာမဟုတ်ပါဘူး၊ ရေတစ်ဂါလန်ဘူးကို ဆိုလိုတာပါ။ အကယ်၍ သယ်ရမှာလေးတယ်ဆိုတဲ့သူတွေအတွက်ကတော့ ရေဘူးအခွံလေးကိုသယ်သွားပြီး မိမိရုံးမှာဖြည့်သောက်ကြပါနော်။ ရေဘူးတစ်ဂါလန်က ရေ ၁၆ ခွက် နဲ့ ညီမျှပါတယ်။ တစ်နေ့လုံးနေပြီး အလုပ်ဆင်းတဲ့အချိန်မှာ ဂါလန်ဝက်ခန့်သောက်နိုင်တယ်ဆိုရင်ပဲ အောင်မြင်တယ်လို့ဆိုနိုင်ပါတယ်။

၂။ ဆုပေးဒဏ်ပေးစနစ်သုံးပါ

နေ့လည်စာစားပြီးလို့ အချိုတည်းချင်တယ်ဆိုရင် သင်မနက်ပိုင်းမှာ ရေလေးခွက် မသောက်မပြီးမချင်း မုန့်ပဲသရေစာတွေ မစားပါနဲ့။ ဒါ့အပြင် မနက်ပိုင်းမှာ ရေလေးခွက်သောက်ထားတယ်ဆိုရင်တော့ သင်ဗိုက်ပြည့်နေမှာဖြစ်ပြီး သရေစာတောင်စားချင်တော့မှာ မဟုတ်တဲ့အတွက် ကယ်လိုရီတက်စရာအကြောင်းမရှိတော့ပါဘူး။

၃။ ပိုက်အသုံးပြုပါ

ဒီနည်းလမ်းလေးကတော့ ရိုးရှင်းပါတယ်။ ပိုက်အသုံးပြုပြီး ရေသောက်မယ်ဆိုရင် သင့်ကို ရေမြန်မြန်ကုန်အောင်ပြုလုပ်ပေးပါလိမ့်မယ်။ မယုံဘူးဆိုရင်တော့ လက်တွေ့စမ်းသပ်ကြည့်လိုက်ပါနော်။

၎။ ခဲနေတဲ့ သစ်သီးလေးထည့်ပါ

လိမ္မော်သီးစိပ်၊ သံပုရာသီးစိပ်၊ စတော်ဘယ်ရီသီးစိပ် စသဖြင့် သင်ကြိုက်နှစ်သက်တဲ့အသီးတစ်မျိုးကို ခဲအောင်ရေခဲသေတ္တာထဲအရင်ထည့်ပါ။ ပြီးတော့မှာ အသီးရေခဲတုံးလေးတွေကို သင့်ရေခွက်ထဲထည့်လိုက်မယ်ဆိုရင် အမြင်လေးလည်းလှသလို ရေလည်းသောက်ရတာ မငြီးငွေ့တော့ဘဲ အရသာရှိမှာဖြစ်ပါတယ်။

၅။ Application အသုံးပြုပါ

ယနေ့ခေတ်မှာတော့ အရာအာလုံးအတွက် Application မျိုးစုံရှိနေပါပြီ။ ရေသောက်ဖို့တောင် Application လေးတွေရှိနေပါပြီ။ Application နာမည်လေးတွေကတော့ Waterlogged နဲ့ MyFitness Pal ပါ။ သင်တစ်နေ့ကို ရေဘယ်လောက်သောက်ရမလဲဆိုပြီးတော့ မှတ်ထားခိုင်းမယ်ဆိုရင် သင်သောက်လိုက်တဲ့ရေပမာဏကို မှတ်ထားပေးမှာဖြစ်ပြီး သင်မေ့သွားရင်လည်း သတိပေးနေမှာပါ။

၆။ သင့်သူငယ်ချင်းနဲ့ ပြိုင်ပါ

တစ်ခါတစ်ရံမှာ ယှဉ်ပြိုင်ခြင်းက သင့်ကိုတွန်းအားတွေပေးမှာပါ။ သင့်ရဲ့ရုံးကသူငယ်ချင်းပဲဖြစ်ဖြစ်၊ ကျောင်းကသူငယ်ချင်းပဲဖြစ်ဖြစ်၊ သင့်အိမ်ကမိသားစုဝင်နဲ့ပဲဖြစ်ဖြစ် တစ်နေ့မှာ ဘယ်သူကရေပိုသောက်နိုင်သလဲဆိုတာကို လောင်းကြေးထပ်လိုက်ပါ။

သင်က ရေသောက်ဖို့အမြဲတမ်းမေ့လျော့နေတဲ့သူတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးသွားတဲ့နည်းလမ်းလေးတွေကို အသုံးချကြည့်ပါနော်။ အကျိုးရှိတာတွေ့ရပါလိမ့်မယ်။

    Cart